




Videoကြည့်ရန်

Unicode

အ ဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးဟာ တရုတ်မလေးလို ဖြူဖွေးချောမောလှပသူတစ်ဦးဖြစ်ပါတယ်….အဆိုကောင်းရုံမက အသံပါကောင်းပြီး သူဆိုတဲ့ အချစ်အလွမ်းသီချင်းလေးတွေဟာ ပရိသတ်တွေ ကြိုက်နှစ်သက်အားပေးကြတဲ့ သီချင်းလေးတွေပဲ ဖြစ်ပါတယ်….

နန်းဆုဟာ အဆိုတော် G-fatt နဲ့ ချစ်သူတွေဖြစ်ခဲ့ပေမယ့် လတ်တလောမှာတော့ လမ်းခွဲပြတ်စဲခဲ့ပြီးပဲ ဖြစ်ပါတယ်..….အားလုံးက သဘောတူအားကျရတဲ့ စုံတွဲဖြစ်တာကြောင့် စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်…
လက်တလောမှာတော့ နန်းဆုဟာ ဒဂုံတက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ သွားရောက်ဖျော်ဖြေခဲ့ပြီး သူဆိုခဲ့တဲ့ သီချင်းလေးကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ကြသလို ကြည့်ရှုသူမှာလည်း သိန်းချီခဲ့ပါတယ်….

အဆိုပါ သီချင်းကတော့ ချစ်သူဟောင်းဖြစ်တဲ့ G-fatt ရေးသားခဲ့တဲ့ “ရူးအောင်ချစ်ရသူ” ဆိုတဲ့ သီချင်းလေးနဲ့ ဖျော်ဖြေခဲ့တာပါ……နန်းဆုသီဆိုခဲ့တဲ့ ဗီဒီယိုလေးကိုလည်း အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…..

နန်းဆုတစ်ယောက် ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ သီချင်းလေးကိုကြည့်ပြီး နန်းဆုတစ်ယောက် အဆင်ပြေပါစေလို့လည်း ဆုတောင်းပေးခဲ့ကြပါအုံးနော်..Nansu Yati Soe