တစ္ႏွ စ္ေက်ာ္ၾကာတရားဝင္ကြာရွင္းထားသညိ့ဇနီးသည္ကို မိဘမ်ားမသိခ်ိန္ေခၚယူသြားၿပီးဓာတ္ဆီေလာင္းမီးရွို႔ခဲ့သူအားကာယကံရွင္၏မိဘမ်ားကအမႈဖြင့္လိုက္သည္ဟုမီးရွို႔ခံရသူ၏အကိုျဖစ္သူကိုေအာင္ေအာင္ဦးက ေျပာသည္

“ကၽြန္ေတာ္တို႔သိလိုက္ရတဲ့အခ်ိန္မွာ ညီမေလးက ရန္ကုန္ေဆး႐ုံႀကီးမွာေရာက္နေပြီမီးရွို႔ခံရလို႔႐ုပ်ျပက္ဆင္းပ်က္ျဖစ္ေနၿပီ”ဟု ယင္းက ဆိုသည္။

အမႈျဖစ္စဥ္မွာေတာင္ဒဂုံ (၂၆) ရပ္ကြက္ ဂ်ပန္ကုန္း ကန္ဘက္ဝန္းက်င္တြင္ေနထိုင္သူ စိုးသူရ(ေခၚ)စိုးႀကီးသည္ ဇန္နဝါရီ ၁၁ရက္ေန နံနက္အေစာပိုင္းတြင္ မိဘအုပ္ထိန္းသူတို႔ႏွင့္ေနထိုင္အိပ္စက္ေနသည့္ကြာရွင္းထားသည့္ဇနီးသည္ကို လာေရာက္ေခၚေဆာင္သြားသည္ဟုဆိုသည္။

“ကၽြန္ေတာ့ညီမကို သြားၾကည့္တဲ့အခ်ိန္မွာ ကၽြန္ေတာ္လုံးဝ မမွတ္မိဘူး။သာမန္မ်က္ႏွာထက္ အမ်ားႀကီးႀကီးေနတာ။လုံးဝမမွတ္မိဘူး။ဆရာဝန္ေတြက ကၽြန္ေတာ့ညီမကိုသြားၾကည့္လိုက္ပါ။ကုတင္နံပတ္၈မွာလို႔ေျပာလိုက်တာ။ကုတင္နံပါတ္ ၈ က ဝတုတ္ႀကီး ဘယ္လိုလုပ္ ငါ့ညီမျဖစ္နိုင္မွာလဲ။၂ပတ္ေလာက္ပတ္ရွာရတာ။ေဘးနားကလူကေျပာမွ ေအာ္ဒါငါ့ညီမပါလားဆိုၿပီး ကၽြန္ေတာ့ညီမမွန္းသိတာ။သူကလည္းသူ႔နားကို အသားကုန္ကပ္မွ သူကျမင္တာ။ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔မ်က္လုံးက ပိတ္သေလာက္နီးပါး နည္းနည္းေလးပဲပြင့္တယ္ ” ဟုကိုေအာင္ေအာင္ဦးကေျပာသည္။

သူ၏ညီမႏွင့္စတင္ေတြ႕ခ်ိန္ စကားေျပာနိုင္ၿပီး သူမအတြက္မစိုးရိမ္ရန္ေျပာသည္ဟုဆိုသည္။စကားေျပာနိုင္သျဖင့္ျဖစ္စဥ္ကိုေမးျမန္းေသာ္လည္းအမွန္ကိုမေျပာေၾကာင္း ယခင္မကြာရွင္းခင္အခ်ိန္ကလည္း သူ႔အမ်ိဳးသားကမၾကာခဏႏွိပ္စက္သျဖင့္ လက္က်ိဳးျခင္းမ်က္ႏွာဖူးေယာင္ျခင္းစသည္တို႔ျဖစ္ခဲ့ဖူးေၾကာင္းအမႈ႔ဖြင့္ေသာ္လည္းသူ၏ညီမႏွင့္ျပန္လည္၍ေျပလည္သျဖင့္မိသားစုဘက္ကမည္သို႔မၽွမတတ္နိုင္ဟုဆိုသည္။

“ဒီတစ္ခါေတာ့မရေတာ့ဘူး။ဘာျဖစ္လို႔လဲဆိုေတာ့ကြာရွင္းထားတာျဖစ္တယ္။ကၽြန္ေတာ္တို႔ကေလးျဖစ္တယ္။ကၽြန္ေတာ္တို႔ဘက္ကစြဲမယ္။အခင္းျဖစ္တဲ့ရက္က၁၁ရက္ေန႔မွာ။ျဖစ္တဲ့ေနအိမ္ကကၽြန္ေတာ္တို႔အိမ္နဲ႔လမ္း၃လမ္းေလာက္ပဲျခားတာ။ျဖစ္တုန္းကကၽြန္ေတာ္တို႔ဆီကိုသတင္းမပို႔ဘူး။ပဲခူးေဆး႐ုံႀကီးကိုသြားတယ္။ပဲခူးဘက္မွာ‌ ေကာင္ေလးရဲ့အမရွိတယ္။ပဲခူးေဆး႐ုံကြီးကရန်ကုန်လွဲလိုက်လို႔လူနာတင္ယာဥ္ငွားၿပီး ရန္ကုန္ေဆး႐ုံႀကီးဆီေရာက္လာတာ။ရန္ကုန္ေဆး႐ုံႀကီးေရာက္မွကၽြန္ေတာ္တို႔ဆီဖုန္းဆက္တယ္။အေဖကေဒါသေတြထြက္ေနတာ။‌ ေတာင္ဒဂုံရဲစခန္းမွာအရင္အမႈဖြင့္တယ္။ေဆး႐ုံႀကီးကိုေရာက္ခ်ိန္ လသာရဲစခန္းကိုအေၾကာင္းၾကားတယ္။ေဆး႐ုံထဲကိုဝင္ဖမ္းခိုင္းတယ္။ေဆး႐ုံမွာပဲတစ္ခါတည္းဖမ္းလိုက္တယ္”ဟု ကိုေအာင္ေအာင္ဦးကေျပာသည္။

လက္ရွိစိုးသူရေခၚစိုးႀကီးကိုဖမ္းဆီးထိန္းသိမ္းထားၿပီးလူနာသည္ရန္ကုန္ေဆး႐ုံႀကီးတြင္စိုးရိမ္ရသည့္အေျခအေနျဖင့္ေဆးကုသမႈခံယူေနရၿပီး ၊ တရားသူႀကီးေရွ႕ေမွာက္တြင္တရားဝင္ကြာရွင္းျပတ္ဆဲထားသည့္ အမ်ိဳးသမီးကို ရက္စက္စြာဓာတ္ဆီေလာင္းမီးရွို႔ခဲ့သူ၏ မတရားမႈ႔မ်ားကို အမွန္တရားေပၚေပါက္ေရးႏွင့္ယင္းကဲ့သို႔ျဖစ္စဥ္မ်ားဖပ္မံျမဖစ္ေပၚေစရန္ကိုေအာင္ေအာင္ဦးကသတင္းမီဒီယာမ်ားႏွင့္အရပ္ဖက္အဖြဲ႕စည္းမ်ားအကူအညီေပးရန္လည္း ေတာင္းဆိုထားသည္။TheFifthWave

Unicode

တစ်နှ စ်ကျော်ကြာတရားဝင်ကွာရှင်းထားသညိ့ဇနီးသည်ကို မိဘများမသိချိန်ခေါ်ယူသွားပြီးဓာတ်ဆီလောင်းမီးရှို့ခဲ့သူအားကာယကံရှင်၏မိဘများကအမှုဖွင့်လိုက်သည်ဟုမီးရှို့ခံရသူ၏အကိုဖြစ်သူကိုအောင်အောင်ဦးက ပြောသည်

“ကျွန်တော်တို့သိလိုက်ရတဲ့အချိန်မှာ ညီမလေးက ရန်ကုန်ဆေးရုံကြီးမှာရောက်နပွေီမီးရှို့ခံရလို့ရုပျပြက်ဆင်းပျက်ဖြစ်နေပြီ”ဟု ယင်းက ဆိုသည်။

အမှုဖြစ်စဉ်မှာတောင်ဒဂုံ (၂၆) ရပ်ကွက် ဂျပန်ကုန်း ကန်ဘက်ဝန်းကျင်တွင်နေထိုင်သူ စိုးသူရ(ခေါ်)စိုးကြီးသည် ဇန်နဝါရီ ၁၁ရက်နေ နံနက်အစောပိုင်းတွင် မိဘအုပ်ထိန်းသူတို့နှင့်နေထိုင်အိပ်စက်နေသည့်ကွာရှင်းထားသည့်ဇနီးသည်ကို လာရောက်ခေါ်ဆောင်သွားသည်ဟုဆိုသည်။

“ကျွန်တော့ညီမကို သွားကြည့်တဲ့အချိန်မှာ ကျွန်တော်လုံးဝ မမှတ်မိဘူး။သာမန်မျက်နှာထက် အများကြီးကြီးနေတာ။လုံးဝမမှတ်မိဘူး။ဆရာဝန်တွေက ကျွန်တော့ညီမကိုသွားကြည့်လိုက်ပါ။ကုတင်နံပတ်၈မှာလို့ပြောလိုကျတာ။ကုတင်နံပါတ် ၈ က ဝတုတ်ကြီး ဘယ်လိုလုပ် ငါ့ညီမဖြစ်နိုင်မှာလဲ။၂ပတ်လောက်ပတ်ရှာရတာ။ဘေးနားကလူကပြောမှ အော်ဒါငါ့ညီမပါလားဆိုပြီး ကျွန်တော့ညီမမှန်းသိတာ။သူကလည်းသူ့နားကို အသားကုန်ကပ်မှ သူကမြင်တာ။ဘာဖြစ်လို့လဲဆိုတော့ သူ့မျက်လုံးက ပိတ်သလောက်နီးပါး နည်းနည်းလေးပဲပွင့်တယ် ” ဟုကိုအောင်အောင်ဦးကပြောသည်။

သူ၏ညီမနှင့်စတင်တွေ့ချိန် စကားပြောနိုင်ပြီး သူမအတွက်မစိုးရိမ်ရန်ပြောသည်ဟုဆိုသည်။စကားပြောနိုင်သဖြင့်ဖြစ်စဉ်ကိုမေးမြန်းသော်လည်းအမှန်ကိုမပြောကြောင်း ယခင်မကွာရှင်းခင်အချိန်ကလည်း သူ့အမျိုးသားကမကြာခဏနှိပ်စက်သဖြင့် လက်ကျိုးခြင်းမျက်နှာဖူးယောင်ခြင်းစသည်တို့ဖြစ်ခဲ့ဖူးကြောင်းအမှု့ဖွင့်သော်လည်းသူ၏ညီမနှင့်ပြန်လည်၍ပြေလည်သဖြင့်မိသားစုဘက်ကမည်သို့မျှမတတ်နိုင်ဟုဆိုသည်။

“ဒီတစ်ခါတော့မရတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ကွာရှင်းထားတာဖြစ်တယ်။ကျွန်တော်တို့ကလေးဖြစ်တယ်။ကျွန်တော်တို့ဘက်ကစွဲမယ်။အခင်းဖြစ်တဲ့ရက်က၁၁ရက်နေ့မှာ။ဖြစ်တဲ့နေအိမ်ကကျွန်တော်တို့အိမ်နဲ့လမ်း၃လမ်းလောက်ပဲခြားတာ။ဖြစ်တုန်းကကျွန်တော်တို့ဆီကိုသတင်းမပို့ဘူး။ပဲခူးဆေးရုံကြီးကိုသွားတယ်။ပဲခူးဘက်မှာ‌ ကောင်လေးရဲ့အမရှိတယ်။ပဲခူးဆေးရုံကွီးကရနျကုနျလှဲလိုကျလို့လူနာတင်ယာဉ်ငှားပြီး ရန်ကုန်ဆေးရုံကြီးဆီရောက်လာတာ။ရန်ကုန်ဆေးရုံကြီးရောက်မှကျွန်တော်တို့ဆီဖုန်းဆက်တယ်။အဖေကဒေါသတွေထွက်နေတာ။‌ တောင်ဒဂုံရဲစခန်းမှာအရင်အမှုဖွင့်တယ်။ဆေးရုံကြီးကိုရောက်ချိန် လသာရဲစခန်းကိုအကြောင်းကြားတယ်။ဆေးရုံထဲကိုဝင်ဖမ်းခိုင်းတယ်။ဆေးရုံမှာပဲတစ်ခါတည်းဖမ်းလိုက်တယ်”ဟု ကိုအောင်အောင်ဦးကပြောသည်။

လက်ရှိစိုးသူရခေါ်စိုးကြီးကိုဖမ်းဆီးထိန်းသိမ်းထားပြီးလူနာသည်ရန်ကုန်ဆေးရုံကြီးတွင်စိုးရိမ်ရသည့်အခြေအနေဖြင့်ဆေးကုသမှုခံယူနေရပြီး ၊ တရားသူကြီးရှေ့မှောက်တွင်တရားဝင်ကွာရှင်းပြတ်ဆဲထားသည့် အမျိုးသမီးကို ရက်စက်စွာဓာတ်ဆီလောင်းမီးရှို့ခဲ့သူ၏ မတရားမှု့များကို အမှန်တရားပေါ်ပေါက်ရေးနှင့်ယင်းကဲ့သို့ဖြစ်စဉ်များဖပ်မံမြဖစ်ပေါ်စေရန်ကိုအောင်အောင်ဦးကသတင်းမီဒီယာများနှင့်အရပ်ဖက်အဖွဲ့စည်းများအကူအညီပေးရန်လည်း တောင်းဆိုထားသည်။TheFifthWave