၁ ၇ ရက်နေ့ ည က ကျွန်တော်တို့ မန္တလေးမြို့ ရဲ့ Sky Walk မီးလောင်မှု ဖြစ်စဉ်မှာရဲဝံ့ စွာ မီးငြိမ်းသတ်ရင်း ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရခဲ့ တဲ့ ပုလဲ ငွေ ရောင် မီးသတ်တပ်ဖွဲ့က အရန်မီးသတ် ညီလေးစီ ဒီနေ့ ရောက် ခဲ့ ပါတယ်ပါတယ်

သူ့မှာ မီးငြိမ်းသတ်ရင်း မတော်တဆဖြစ်ပြီးမေးရိုးကျိုး ပေါင်ကျိုး ဒူးဆစ်ပြုတ် တဲ့ ဒဏ်ရာတွေ ရခဲ့ တာပါ။ဒီညီလေးကမီးသတ် တပ်ဖွဲ့မှာ လစာ စား ဝန်ထမ်းမဟုတ်ပဲ ပရဟိတ စိတ်နှင့် ဝင်ရောက် လုပ်အားပေး ဆောင် ရွက်နေတဲ့အရန် မီးသတ်တပ် ဖွဲ့ ဝင်လေးပါ

မိဘ ကို လုပ်ကိုင် ကျွေး ရင်း အရန်မီးသတ် တပ်ဖွဲ့မှာ ပြည်သူ အကျိုး ပြု စေတနာ ဝန်ထမ်း ညီလေးမို့ တတ်နိုင်တဲ့ဘက်က ကူညီခြင်လို့ သွား တွေ့ရင်းဆေးရုံ ရောက် တော့ သူ့ ဆရာ နှင့်စကါးပြောလိုက် တော့ခွဲ စိတ် ရမည့် နေရာတွေ များတာရယ်ဆေးရုံမှာ ရက် ရှည်တက် ရမှာ ရယ် နဲ့ ကုန်ကျစားရိတ်က သိန်း ၂၀ လောက်ရှိမယ်လို့ ပြော ပါတယ် ခင်ဗျ

နောက်ပြီး ဆေးရုံက ဆင်းလျှင်လည်းဒီဒဏ်ရာ တွေ ကြောင့် အနည်းဆုံး ၁ နှစ်လောက် အလုပ် မလုပ် ပဲ နေရ မှာမို့မိသားစု မှာ သူက အားကိုး ရတဲ့ သားမို့သူ အလုပ်မလုပ်နိုင်တဲ့ အခါ သူ့မိသားစုအခက်အခဲ တွေ နှင့် ရင်ဆိုင် ရမှာကိုလည်း သူ့ လုပ်ဖေါ်ကိုင်ဘက် ရဲဘော် လေးတွေနှင့် သူ့ ဆရာသမား တို့ကလည်း စိုးရိမ် သောက ရောက်နေကြပါတယ်

အဲ့ ကြောင့် မနောကြာဖြူ က တတ်နိုင်သမျှ ဝိုင်းကူ ပါမယ်လို့ ကတိပေးရင်း လောလောဆယ် ဆေးကုသစားရိတ် ၁ သိန်း နှင့် သူ့ကို နေ့ ညအလှည့် ကြ စောင့်ပေးနေ ကြတဲ့ မီးသတ် ရဲ ဘော်လေးတွေ ဗိုက် ဆာ လျှင် ဝယ်စားဖို့ ၃ သောင်းလှူ ပေး ခဲ့ ပါတယ် ခင်ဗျာ အလှူ ရှင်များ အနေဖြင့် အနေဖြင့်လည်းအများ အတွက် စွန့် လွှတ် စွန့်စားရင်းဒဏ်ရာ ပြင်းထန်စွာ ရခဲ့ တဲ့ ဒီမီးသတ်ရဲ ဘော် လေး ဘဝ နောင်ရေး မခက်ရအောင် တတ်အား သမျှ ဝိုင်းကူ ပေးကြပါအုံး လို့ တိုက်တွန်း နှိုးဆော်ပါရပါစေခင်ဗျာ

မန္တလေး နှင့် အနီးတဝိုက် က အလှူရှင်များ အနေဖြင့် ကိုယ်တိုင်သွားလှူ ကြပါခင်ဗျာ မန္တလေး ပြည်သူ့ ဆေးရုံကြီး O P D ဆယ်ထပ်ဆောင် ၇ ထပ် မြောက် ကုတင်နံပါတ် ၇၂၅ မှာ ကိုယ် တိုင် သွားလှူနိုင်ပါတယ် ခင်ဗျာ သူ့ ဆရာ ပုလဲ ငွေ ရောင် မီးသတ်တပ်စု မှုး ဦးတင်ဝင်းထွန်း ဖုန်း ၀၉ ၄၄၁၀၅၆၄၇၆ကို ဆက်သွယ် နိုင်ပါတယ် ခင်ဗျာအဝေးက အလှူ ရှင်များအနေဖြင့် မနောကြာဖြူ မှတဆင့် လှူ မည် ဆိုလျှင်လည်းအကျိုး ဆောင် ကူညီ ပေးပါမယ် ခင်ဗျာ

ကျပ် ၁ သိန်း အလှူ ရှင်မှာ လိုအပ် ရာ လှူ ပေးပါ ဆိုပြီး အလှူ ငွေ ၁ သိန်း လွှဲ အပ် ပေးထားပါသော ဦးစန်းယုမောင် မိသားစု ၏ အလှူ ဖြစ်ပါတယ် ခင်ဗျာ ။မျှဝေ သာဓု ခေါ် ဆို နိုင် ကြပါစေ ခင်ဗျာ

မနောကြာဖြူ အဖွဲ့သားများ ၅၃ လမ်းမြရည်နန္ဒာရပ်ကွက် ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့ ။၀၉ ၃၃၀၄၈၃၆၂ အသင်းရုံး/၀၉ ၂၀၀၆၄၂၃ ဥက္ကဌ/၀၉ ၄၃၀၉၉၆၆၀ အတွင်းရေးမှုး ကိုစို