ယ ခုတခါတင်ဆက်ပေးချင်တဲ့သတင်းလေးကတော့ ကလေးမိဘတွေအတွက်သတိထားရမယ့်ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။ဒီဖြစ်ရပ်လေးဟာ တရုတ်နိုင်က Car Showroom တစ်ခုမှာဖြစ်ပွားခဲ့တာပါ။

Car Showroom ကိုကားလာကြည့်တဲ့လင်မယားစုံတွဲမှာ အသက် ၃ နှစ်အရွယ်ကလေးငယ်လေးတစ်ဦးပါဝင်လာခဲ့တာဖြစ်ပြီး ဒီကလေးငယ်ဟာ Showroom ကတန်ဖိုးကြီး Audi ကားတွေကို ကျောက်တုံးသေးသေးလေးနဲ့ လိုက်ခြစ်ခဲ့တာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာဟာ ကားတွေကိုကြည့်နေစဉ်မှာပဲ ကလေးငယ်က ပြေးလွှားဆော့ကစားရင်း ပြုလုပ်ခဲ့မိတာဖြစ်ပြီး ဝန်ထမ်းတွေကလာပြောမှ သိခဲ့ရတာပါ။ပိုဆိုးစေတာကတော့ သူမခြစ်ပြီး ဆော့မိတဲ့ကားတွေဟာ နာမည်ကျော် Audi ကားတွေ ဖြစ်ပြီး ဆယ်စီးတိတိရှိနေခဲ့လို့ လင်မယား နှစ်ယောက်အနေနဲ့ ထိတ်လန့်ခဲ့ရတာပဲဖြစ်ပါတ
ယ်။

ကား Company ဟာဒီဖြစ်ရပ်အတွက် ချက်ချင်း လျော်ကြေးတောင်းခဲ့ပြီး စုစုပေါင်း လျော်ကြေး သိန်း ၄၀၀ ကျော်အထိ ပေးဖို့ တောင်းဆိုခဲ့တာပါ။အဆိုပါဇနီးမောင်နှံဟာ တရားရုံးမှာလျော်ကြေးကို လျှော့ပေါ့ပေးဖို့အသနားခံခဲ့ပေမယ့် နောက်ဆုံးမှာ သိန်း၂၀၀နီးနီးပေးဆောင်ဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်လေးကတော့ ကလေးကို လွှတ်ထားမိလေ့ ရှိတဲ့ ကလေးမိဘတွေအနေနဲ့ တကယ့်ကို သတိထားရမယ့် ဖြစ်ရပ်လေးပါပဲနော်။အားလုံးပဲ သတိထားနိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

Writer – Magic(Shwe yaung lan)