ပရိ သတ်ကြီးရေ အနုပညာကရဲ့ ထိပ်တန်းမင်းသမီးဟောင်း နန္ဒာလှိုင်ကတော့ အထူးတလည်မိတ်ဆက်စရာမလိုတော့ပါဘူးနော်။ အနုပညာလောက ကနေရပ်နားလိုက်ပေမယ့်လည်း ပရိသတ်တွေကတော့ အခုချိန်ထိ အားပေးနေဆဲလို့ဆိုရမှာပါ။

သူ မရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ နေ့စဉ်လှုပ်ရှားမှုတွေကို အခုချိန်ထိ ပရိသတ်တွေက အားပေးဆဲ ပါပဲနော်။ အိမ်ထောင်ကျကတည်းကအနုပညာအလုပ်တွေရပ်နားကာ မိသားစုကို အချိန်ပေးနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေး (၃)ယောက်ကိုပိုင်ဆိုင်ထားပြီး နားလည်မှုရှိကာ ဂရုစိုက်ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ခင်ပွန်းသည်နဲ့စိတ်တူကိုယ်တူ ဖြစ်ကာ အလှူအတန်းတွေလည်း မကြာခဏပြုလုပ်တတ်ကြတဲ့ အတွက် ပရိသတ်တွေအားကျရတဲ့ စုံတွဲထဲက တစ်တွဲလို့ဆိုရမှာပါ။

သမီးတွေကိုအချိန်ပေးကာ ပြုစုစောင့်ရှောက်နေတဲ့ နန္ဒာလှိုင်ကို ခင်ပွန်းသည်က အမြဲ ဂရုစိုက်ပြီးချစ်ပေးကာ မင်္ဂလာနှစ်ပတ်လည် ရောက်တိုင်းလည်း ရိုမန့်တစ်ဆန်တဲ့ စာလေးတွေနဲ့ အမြဲဖော်ပြတဲ့ ခင်ပွန်းကြောင့် အိမ်ထောင်ရေးကံကောင်းတဲ့ မင်းသမီးတစ်လက်ပါပဲနော်။

လက်ရှိမှာလည်း ခင်ပွန်းသည်ကို “တရေးနိုးဘေးကိုကြည့်လိုက်ရင်မိန်းမမျက်နှာလေးကိုကြည့်ပြီးသူရင်ခုန်သွားအောင်လို့ ဟီးဟီး ” ဆိုတဲ့စာသားလေးနဲ့ သူမလူမှုကွန်ရက်စာမျက်နှာမှာ ခင်ပွန်းသည်ကို စနောက်အရွှန်းဖောက်ထားတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း အားကျဖွယ်ကောင်းတဲ့ နန္ဒာလှိုင်တို့ မိသားစုဘဝလေးကို သဘောကျရင် မှတ်ချက် တစ်ခုခုပေးခဲ့ပါဦးနော်။