အား လုံး စိတ္မေကာင္းျဖစ္ရတဲ့ မန္းတေလးက မီးေလာင္မႈကေတာ့ လက္ရွိအခ်ိန္ထိေတာ့ ဆုံးရႈံးမႈတန္ဖိုးကို မထုတ္ျပန္ႏိုင္ၾကေသးပါဘူး။ မီးသတ္ကေတာ့ Level 5 နဲ႔ ၿငိမ္းသတ္ေနခဲ့ပါတယ္။ ဒီမီးကို ၿငိမ္းသတ္ရင္းနဲ႔ အျပင္းအထန္ ဒဏ္ရာရသူေတြပင္ရွိခဲ့ပါတယ္။

ဒီေဈးႀကီးဟာ လြန္ခဲ့တဲ့ ၁၂ ႏွစ္ကလည္း အျပင္းအထန္ မီးေလာင္ခဲ့ၿပီးေတာ့ ဘာမွ မက်န္ေတာ့ေလာက္ေအာင္ပါပဲ။ အဲ့ဒီေန႔ကေတာ့ 25-2-2008 ရက္ပါ။ တစ္ခ်ိဳ႕ေတြကေတာ့ ေကာင္းေကာင္းမွတ္မိၾကဦးမွာပါ။

ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီမီးေလာင္မႈေၾကာင့္ တစ္ခ်ိဳ႕ေတြ ဘဝပ်က္တဲ့အထိ ျဖစ္ခဲ့ရတာေၾကာင့္ပါပဲ။ ေဈးတစ္ခုလုံးေျပာင္ေအာင္ ေလာင္သြားတာကို ရပ္ၾကည့္ေနခဲ့ၾကရပါတယ္။ ဘာေၾကာင့္ေလာင္တာလဲဆိုတာကို ေတာ့ အေျဖမထြက္ခဲ့ပါဘူး။ ေဈးကို အသစ္ေဆာက္ခဲ့ရပါတယ္။

အခု ၁၂ ႏွစ္ၾကာမွာ ျပန္ေလာင္တဲ့ မီးကလည္း Level 5 အထိေအာင္ ၿငိမ္းသတ္ေနရပါတယ္။ ေဈးအသစ္ႀကီးေဆာက္ခဲ့စဥ္က ေနာက္တစ္ခါမီးေလာင္မႈမ်ိဳးမျဖစ္ရေအာင္အလိုေလ်ာက္ မီးၿငိမ္းသတ္စနစ္ေတြ၊ အေဆာက္အဦပုံစံေတြနဲ႔ တည္ေဆာက္ခဲ့တာပါ။

အခု ထပ္ေလာင္ျပန္ေတာ့ တစ္ခုခုေတာ့ မွားေနျပန္ပါၿပီ။ ဘယ္က စေလာင္တာလဲ။ အလိုအေလ်ာက္မီးၿငိမ္းသတ္တဲ့စနစ္ေတြက အလုပ္မလုပ္ဘူးလား။ မီးေဘးလုံၿခဳံေရးဆြဲခဲ့တဲ့ ဒီဇိုင္းေတြ တာဝန္ယူေဆာက္လုပ္ခဲ့တာေတြေရာ အလုပ္မျဖစ္ဘူးလား။

အရင္လိုပဲ ကံကိုပဲ ယိုးမယ္ဖြဲ႕ၿပီး ဘာေၾကာင့္ေလာင္မွန္းမသိနဲ႔ပဲ ၿပီးသြားဦးမွာလား ။ျမင္ရတာ စိတ္မေကာင္းျဖစ္လွတာမို႔ ထိခိုက္မႈအနည္းဆုံး ၊ ဆုံးရႈံးမႈ အနည္းဆုံးပဲ ျဖစ္ပါေစလို႔ ဆုေတာင္းမိပါတယ္။

Unicode

မီးဘေးလုံခြုံရေးစနစ်တွေ ရှိပေမယ့် မေးခွန်း ထုတ်စရာ ဖြစ်လာတဲ့ ရတနာပုံဈေး မီးလောင်မှုကြီး

အားလုံး စိတ်မကောင်းဖြစ်ရတဲ့ မန်းတလေးက မီးလောင်မှုကတော့ လက်ရှိအချိန်ထိတော့ ဆုံးရှုံးမှုတန်ဖိုးကို မထုတ်ပြန်နိုင်ကြသေးပါဘူး။ မီးသတ်ကတော့ Level 5 နဲ့ ငြိမ်းသတ်နေခဲ့ပါတယ်။ ဒီမီးကို ငြိမ်းသတ်ရင်းနဲ့ အပြင်းအထန် ဒဏ်ရာရသူတွေပင်ရှိခဲ့ပါတယ်။

ဒီဈေးကြီးဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကလည်း အပြင်းအထန် မီးလောင်ခဲ့ပြီးတော့ ဘာမှ မကျန်တော့လောက်အောင်ပါပဲ။ အဲ့ဒီနေ့ကတော့ 25-2-2008 ရက်ပါ။ တစ်ချို့တွေကတော့ ကောင်းကောင်းမှတ်မိကြဦးမှာပါ။

ဘာကြောင့်လဲဆိုတော့ အဲ့ဒီမီးလောင်မှုကြောင့် တစ်ချို့တွေ ဘဝပျက်တဲ့အထိ ဖြစ်ခဲ့ရတာကြောင့်ပါပဲ။ ဈေးတစ်ခုလုံးပြောင်အောင် လောင်သွားတာကို ရပ်ကြည့်နေခဲ့ကြရပါတယ်။ ဘာကြောင့်လောင်တာလဲဆိုတာကို တော့ အဖြေမထွက်ခဲ့ပါဘူး။ ဈေးကို အသစ်ဆောက်ခဲ့ရပါတယ်။

အခု ၁၂ နှစ်ကြာမှာ ပြန်လောင်တဲ့ မီးကလည်း Level 5 အထိအောင် ငြိမ်းသတ်နေရပါတယ်။ ဈေးအသစ်ကြီးဆောက်ခဲ့စဉ်က နောက်တစ်ခါမီးလောင်မှုမျိုးမဖြစ်ရအောင်အလိုလျောက် မီးငြိမ်းသတ်စနစ်တွေ၊ အဆောက်အဦပုံစံတွေနဲ့ တည်ဆောက်ခဲ့တာပါ။

အခု ထပ်လောင်ပြန်တော့ တစ်ခုခုတော့ မှားနေပြန်ပါပြီ။ ဘယ်က စလောင်တာလဲ။ အလိုအလျောက်မီးငြိမ်းသတ်တဲ့စနစ်တွေက အလုပ်မလုပ်ဘူးလား။ မီးဘေးလုံခြုံရေးဆွဲခဲ့တဲ့ ဒီဇိုင်းတွေ တာဝန်ယူဆောက်လုပ်ခဲ့တာတွေရော အလုပ်မဖြစ်ဘူးလား။

အရင်လိုပဲ ကံကိုပဲ ယိုးမယ်ဖွဲ့ပြီး ဘာကြောင့်လောင်မှန်းမသိနဲ့ပဲ ပြီးသွားဦးမှာလား ။မြင်ရတာ စိတ်မကောင်းဖြစ်လှတာမို့ ထိခိုက်မှုအနည်းဆုံး ၊ ဆုံးရှုံးမှု အနည်းဆုံးပဲ ဖြစ်ပါစေလို့ ဆုတောင်းမိပါတယ်။