အချစ် တစ်ခုကြောင့် လူတွေဟာ သွေးသားအရင်းကိုပင် သတ်ရဲတယ်ဆိုတာ မယုံလို့မရတဲ့ အနေအထားတစ်ခုပါပဲနော်။ ဘာကြောင့်လဲဆိုတော့ ကျောင်းဆရာကို ကျန်းမာရေးမှူးဖြစ်တဲ့ အကိုတစ်ဝမ်းကွဲက ဆေးထိုးသတ်လိုက်တာကြောင့်ပဲဖြစ်ပါတယ်။ ဒါကတော့ ၂၀၁၆ ခုနှစ်က ဟင်္သာတမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ ကျောင်းဆရာလေး ဖြစ်တဲ့ ကိုအေးနိုင်က သူနာပြုသင်တန်းကျောင်းသူမနှင်းပွင့်ဖြူတို့ ချစ်သူဖြစ်ခဲ့ကြပြီးတော့ မပြေလည်မှုတွေကြောင့် လမ်းခွဲခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီနောက်ပိုင်း ၂ နှစ်လောက်အကြာမှာတော့

အစ်ကိုဝမ်းကွဲဖြစ်သူကျန်းမာရေးမှူး သန်းဇော်နဲ့ သူနာပြုမလေးတို့က ထပ်မံချစ်ကြိုက်ကြပြန်ပါတယ်တဲ့။ဒါကိုတော့ ကျောင်းဆရာလေး ကိုအေးနိုင်က သိသွားခဲ့ပြီးတော့ ညီအစ်ကိုဝမ်းကွဲချင်းတွေ့တိုင်း စောင်းမြောင်းပြောသလို ၊ မူးလာရင်လည်း ပြောလေ့ရှိတယ်လို့သိရပါတယ်။

ဒီလိုတွေ ကြိမ်ဖန်များလာတော့ ကျန်းမာရေးမှူးနဲ့ သူနာပြုမလေးလည်း ဆရာလေး ကိုအေးနိုင်ကို သတ်ဖို့ကြံစည်ကြပါတယ်။ ကျောင်းဆရာလေးကို ကိစ္စရှင်းရအောင်ဆိုပြီးအပြင်ချိန်းဆိုပြီးတော့ နှစ်ဦးသားပေါင်းပြီး လက်မောင်းထဲကို Adrenaline တွေ ထိုးသွင်းသတ်ခဲ့ပြီးတော့ သက်သေခံပစ္စည်းတွေကိုဖျောက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီအမှုကိုတော့ ၄ နှစ်ကြာစစ်ဆေးခဲ့ပြီးတော့ ယခုလ ၁၃ ရက်နေ့မှာ အမှုစီရင်ခဲ့တာဖြစ်ပါတယ်။ သတ်ခဲ့တဲ့ ကျန်းမာရေးမှူး သန်းဇော်ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)အရ သေဒဏ် (မသေမချင်းကြိုးကွင်းစွပ်သတ်စေ) နဲ့

သူနာပြုမလေးကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇) နှစ်ကို အသီးသီးချမှတ်ခဲ့ပါတယ်။

Credit – Blacker