မျက်နှာ ဝိုင်းလေးနဲ့ ချစ်စဖွယ်ကောင်းတဲ့ သရုပ်ဆောင် သွန်းဆက်တစ်ယောက်ကတော့ပရိသတ်တွေအားပေးမှုကို ရရှိထားသူလည်းဖြစ်သလို ၊ သူဟာဆိုရင် အခုလက်ရှိပြဿနာတွေဖြစ်နေတဲ့ သရုပ်ဆောင် နေဒွေးရဲ့ အခင်ဆုံးသူငယ်ချင်းတွေလည်းဖြစ်ပါတယ်။ဒါကြောင့် မီဒီယာတွေရဲ့ မေးမြန်းမှုမှာတော့ သူမရဲ့ သူငယ်ချင်းဖြစ်သူနေဒွေးဟာ ချစ်တတ်တဲ့သူပါလို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိဖြစ်နေတဲ့ ပြဿနာမှာ မောဒယ် သံစဉ်မောင်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ထားတဲ့ ပုံတွေမှာတော့ နှုတ်ခမ်းတွေပေါက်ပြဲအောင် နှိပ်စက်တာ ၊ ပြီးတော့ပြတ်လုမတတ်လက်ချောင်းနဲ့ သွေးသံရဲရဲ ပုံတွေကတော့ သွန်းဆက်ရဲ့ ပြောဆိုမှုတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြန်ပါတယ်။ ဒီအတွက်တော့ သွန်းဆက်က ဘာမှမသိတာကြောင့် ဘယ်လိုမှ မှတ်ချက်မပေးနိုင်ဘူးလို့ ဖြေဆိုပါတယ်။

ပြီးတော့ သူ(နေဒွေး)နဲ့ ယခင်က အချစ်ရေးက အစ တိုင်ပင်ဖြစ်ပေမယ့် အခုတလောတော့ မတိုင်ပင်ဖြစ်ခဲ့ဘူးလို့လည်းဆိုပါတယ်။ ဘယ်လိုဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်လုံး ပြေလည်သွားဖို့အတွက်လည်း ပရိသတ်နဲ့အတူ မျှော်လင့်နေတယ်လို့ သူမက ဆိုပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Credit Shwe Yaung Lan