


Credit

UNICODE

ပရိသတ်ကြီးရေ Myanmar Idol Season-4 ပြိုင်ပွဲကြီးမှာ Idol သက်တမ်းတစ်လျှောက်ပထမဆုံး မိန်းကလေး Winner အဖြစ် ဆုရရှိခဲ့တဲ့ အက်စတာကတော့ အခုဆိုရင် သူမရဲ့ အမာခံပရိသတ်တွေရဲ့ ဝန်းရံမှုနဲ့အတူ အနုပညာလမ်းကြောင်းပေါ် ဆက်လက်ချီတက်နေပြီဖြစ်ပါတယ် ။အောင်မြင်မှုနဲ့ အတူ ထွက်ပေါ်လာနေတဲ့ ကောလဟာလတွေ အကြောင်းကို အခုလိုပဲ မီဒီယာမှာ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အက်စတာ ပြောခဲ့တာကတော့ ” ပထမတစ်ခါ ထွက်လာတဲ့ ကောလဟာလထဲက ခင်ပွန်းဆိုပြီး ပြောနေတဲ့ သူက သမီးရဲ့ အဖေပါ ။

ဖေဖေက ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့တော့ သမီးနဲ့ မောင်နှမလို ဖြစ်နေတာပါ။ ကိုယ့်ကို မွေးတဲ့ အဖေနဲ့ အခုလို ပြောကြတော့ အရမ်းလည်း စိတ်မကောင်းဖြစ်ရပါတယ်။ အဖေဆို သူ့ကြောင့် သမီး အခုလိုပြောခံရတာလားဆိုပြီး နောက်ပိုင်းဆို ဓာတ်ပုံတောင် တွဲမရိုက်ချင်တော့ဘူး။နောက်ထပ်တစ်ခေါက် ခင်ပွန်းဆိုပြီး ထွက်လာတဲ့ ကောလဟာလကတော့ အမေရိကမှာ ရိုက်ထားတဲ့ ဓာတ်ပုံကို ပြောကြတာပေါ့နော်။ အဲ့ပုံထဲက သူက သမီးရဲ့ ဦးလေးအရင်းပါ။ ဦးလေးက piano တီးတဲ့သူပါ။ အမေ့ဘက်က အမျိုးက ဂီတဘက်မှာ အရမ်းဝါသနာ ပါကြတယ်။ သူတို့ မှားပြောနေတဲ့ သူတွေက ကိုယ့်ရဲ့ အဖေ ၊ ဦးလေးတွေ ဖြစ်နေတော့ အရမ်းစိတ်မကောင်းဖြစ်ရတယ်။

ကဲ့ရဲ့ ၇ ရက် ချီးမွန်း ၇ ရက်ဆိုတဲ့ စကားလည်းရှိတော့ ကောလဟာလတွေကိုသာ လိုက်ဖြေရှင်းနေရင် တခြားအရာကိုတွေ လုပ်နေချိန်ရှိတော့မှာ မဟုတ်ဘူးလေ။ လုံးဝမှားနေတာကြီးကို ပြောနေကြရင်လည်း သူတို့ မသိလို့ နေမှာပါလေဆိုပြီး သည်းခံနိုင်သည်ဖြစ်စေ သည်းမခံနိုင်သည်ဖြစ်စေ မျိုသိပ်ထားလိုက်တာပဲ ကောင်းပါတယ်…” ဆိုပြီး ဖြေကြားခဲ့တာ ဖြစ်ပါတယ်။စိတ်ရင်းကောင်းပြီး ရိုးသားတဲ့ ချင်းတိုင်းရင်းသူလေး အက်စတာအတွက် အားပေးစကားလေး ပြောခဲ့ကြပါဦးနော် ပရိတ်သတ်ကြီး။ အခုလို အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်နော်။

Credit