မြန်မာ ရုပ်ရှင်လောကမှာ ဆယ်စုနှစ်ပေါင်း ၃ ခုကိုကျော်လွန်ပြီး ယနေ့ထိတိုင် အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ အကယ်ဒမီ ရန်အောင် တစ်ယောက်ဟာဆိုဆိုရင် ယနေ့မှာ (၅၃) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ (၅၃) နှစ်မြောက်မွေးနေ့
မင်္ဂလာကိုတော့ မျက်စိအစားထိုးကုသမှုလိုသူတွေအတွက် (၁၀) ဦးစာကို ကျပ်သိန်း (၃၀) ကို သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

သူဟာဆိုရင် မွေးနေ့မှာ မွေးသမိခင်ဖြစ်သူ ဒေါ်သိန်းသိန်းကိုတော့ မေမေလိုချင်တဲ့ စိန်နားကပ်တစ်ရံကို ဝယ်ပေးခဲ့တယ်လို့သိရပါတယ်။ ရန်အောင်ရဲ့ မိခင်ဖြစ်သူကလည်းအသက် ၈၇ နှစ်ရှိပြီဖြစ်ပေမယ့် ယနေ့တိုင် နုပျိုနေတုန်းပါပဲ။
ကိုရန်လေးကတော့ မွေးနေ့တိုင်းမှာ မတူတဲ့ အလှူလေးတွေကို လှူဒါန်းလေ့ရှိပြီးတော့သူ့ရဲ့မွေးနေ့တိုင်းကို အကျိုးရှိရှိ ဖြတ်သန်းနေခဲ့သူလည်းဖြစ်ပါတယ်။ သူ့ကိုတော့မိခင်ဖြစ်သူက မိန်းမ မယူခိုင်းပဲနဲ့ မိခင်ဆုံးပါးသွားရင်လည်း စားတော်ကြီးအဖြစ် ကျောင်း
ထိုင်ကိုယ်တော်လုပ်ရမယ်လို့ ဆိုပါတယ်။ သဘောကတော့ ဘုန်းကြီးဝတ်ခိုင်းတာပါ။ထိုသို့ ပြောဆိုမှုကြောင့် အနားရှိသူများ အားလုံးပင် သဘောတကျ ရယ်မောခဲ့ရပါတယ်။

လှူဒါန်းမှုတွေကို နွေးထွေးဂေဟာမှာ ပြုလုပ်ခဲ့ပြီးတော့ အဲ့ဒီမှာပဲ ကိုရန်လေး (ခ) အကယ်ဒမီရန်အောင်ရဲ့ မွေးနေ့ကိတ်ခွဲပြီး လှူဒါန်းပေးခဲ့သူ တစ်ဦးချင်းကိုလည်း ကိုရန်လေးကိုယ်တိုင် ခွံ့ကျွေးခဲ့ပါတယ်။ အဲ့ဒီနောက်တော့ မျက်စိအတွက် အလှူရသူများ
က ကိုရန်လေးကို ကျေးဇူးတင်စွာဖြင့် လက်ဆယ်ဖြာအုပ်မိုးပြီး ရှိခိုးကန်တော့ခဲ့ကြပါတယ်။

အခုလို ကိုရန်လေး ရဲ့ (၅၃) နှစ်မြောက် မွေးနေ့မင်္ဂလာရက်မြတ်ကနေစပြီးတော့ နှစ်(၁၂၀) တိုင် အသက်ရှည်ပြီး ကျန်းမာပါစေလို့ ရွှေရောင်လမ်း ဝိုင်းတော်သားများကလည်း ဆုတောင်းပေးပါတယ်နော်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)