ပရိတ္သတ္ႀကီးေရ….ကိုဗစ္ေရာဂါကူးစက္ခံရမႈေၾကာင့္ လူႀကီးလူငယ္မေရြး အသက္ဆုံးရႈံးမႈေတြ ေန႔စဥ္ရက္ဆက္ ျဖစ္ပ်က္ေနတာ ျဖစ္ပါတယ္။ ဒီအေျခအေနဆိုးႀကီးကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနၾကေပမယ့္လည္း ဘယ္လိုမွ မထိန္ခ်ဳပ္ႏိူင္ေသးပါဘူးေနာ္။ ဒီကာလမွာ ေသဆုံးသြားၾကသူမ်ားကိုလည္း ကပ္ေဆးေနတာတို႔ မေကာင္းသူပယ္ ေကာင္းသူကယ္အခ်ိန္ျဖစ္တာေၾကာင့္ ဘုရားက ကယ္မွာတို႔ မေျပာဖို႔လို ပါတယ္။

ဒီအခ်ိန္မွာ ေႂကြလြင့္သြားၾကတဲ့သူမ်ားဟာ မေကာင္းတဲ့သူေတြ မဟုတ္ၾကပါဘူး။ အားလုံးနီးပါးဟာ ကိုယ့္မိသားစုအတြက္ ႐ုန္းကန္လႈပ္ရွားရင္း မထင္မွတ္ဘဲ ေရာဂါကူးစက္ခံရၿပီး အသက္ဆုံးရႈံးသြားၾကသူမ်ားလည္း ရွိပါတယ္။ကိုဗစ္ေရာဂါေၾကာင့္ အသက္ေသဆုံးသြားတာကို ကပ္ေဆးေနတာလို႔ အယူသီးၿပီး လြဲမွားစြာ ေျပာဆိုေနၾကသူမ်ားကို မၾကာေသးခင္ နာရီပိုင္းေလာက္က သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ရဲ့ လူမႈကြန္ယက္တြင္ ေထာက္ျပေရးသားလာခဲ့တာ ျဖစ္ပါတယ္။ ကပ္ေဆးတယ္ဆိုတာ ဗုဒၶအဆုံးအမတြင္ မရွိဘဲ မေကာင္းသူပယ္လို႔ ေျပာရေအာင္လည္းကိုယ့္အသက္အေသခံ၊ ေရာဂါအကူးခံၿပီး အမ်ား အက်ိဳးေဆာင္ရြက္ရင္း ေသဆုံးသြားၾကသူေတြကို ေစာ္ကားရာေရာက္ပါတယ္။

ျပန္ေကာင္းတဲ့ သူေတြ၊ ေရာဂါမျဖစ္တဲ့သူေတြကို ဘုရားကယ္တာ မဟုတ္ဘဲ လူငယ္ေတြနဲ႔ ကိုယ္ခံအားေကာင္းသူမ်ားသာ ျပန္ေကာင္းလာၾကတာ ျဖစ္ပါတယ္။ ဘာသာေရးအရ တစ္ကိုယ္ရည္ ေမတၱာပြားမ်ားတာ ျပသနာမဟုတ္ေပမယ့္အသက္ဆုံးရႈံးသြားသူေတြကို ဘာအေၾကာင္းနဲ႔မွ အျပစ္မတင္ဖို႔နဲ႔ ခ်စ္ရတဲ့သူေတြကို လက္လြတ္ဆုံးရႈံးရသူေတြ အေပၚခ်မနင္းဖို႔ လိုအပ္ေၾကာင္း ေျပာျပထားပါတယ္။ ဒီလိုအခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္အျငင္းပြားမေနၾကဘဲကိုယ့္ပတ္ဝန္းက်င္က မိတ္ေဆြေတြရဲ့ ခ်စ္ရတဲ့သူေတြ ေလာကႀကီးက ထြက္ခြာေနၾကခ်ိန္မွာခ်စ္ျခင္းေမတၱာနဲ႔ လူသားဆန္မႈကို ဒီ့ထက္ပိုၿပီး ျပသဖို႔လိုအပ္ေၾကာင္း ေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။ဖတ္ရႈေပးတဲ့ပရိတ္သတ္ႀကီးကိုအထူးပဲ ကေ်းဇူးတင္ရွိပါတယ္ေနာ္။

Credit

ပရိတ်သတ်ကြီးရေ….ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် လူကြီးလူငယ်မရွေး အသက်ဆုံးရှုံးမှုတွေ နေ့စဉ်ရက်ဆက် ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေဆိုးကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပေမယ့်လည်း ဘယ်လိုမှ မထိန်ချုပ်နိူင်သေးပါဘူးနော်။ ဒီကာလမှာ သေဆုံးသွားကြသူများကိုလည်း ကပ်ဆေးနေတာတို့ မကောင်းသူပယ် ကောင်းသူကယ်အချိန်ဖြစ်တာကြောင့် ဘုရားက ကယ်မှာတို့ မပြောဖို့လိုပါ တယ်။

ဒီအချိန်မှာ ကြွေလွင့်သွားကြတဲ့သူများဟာ မကောင်းတဲ့သူတွေ မဟုတ်ကြပါဘူး။ အားလုံးနီးပါးဟာ ကိုယ့်မိသားစုအတွက် ရုန်းကန်လှုပ်ရှားရင်း မထင်မှတ်ဘဲ ရောဂါကူးစက်ခံရပြီး အသက်ဆုံးရှုံးသွားကြသူများလည်း ရှိပါတယ်။ကိုဗစ်ရောဂါကြောင့် အသက်သေဆုံးသွားတာကို ကပ်ဆေးနေတာလို့ အယူသီးပြီး လွဲမှားစွာ ပြောဆိုနေကြသူများကို မကြာသေးခင် နာရီပိုင်းလောက်က သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ လူမှုကွန်ယက်တွင် ထောက်ပြရေးသားလာခဲ့တာ ဖြစ်ပါတယ်။ ကပ်ဆေးတယ်ဆိုတာ ဗုဒ္ဓအဆုံးအမတွင် မရှိဘဲ မကောင်းသူပယ်လို့ ပြောရအောင်လည်းကိုယ့်အသက်အသေခံ၊ ရောဂါအကူးခံပြီး အများအကျိုးဆောင်ရွက်ရင်း သေဆုံးသွားကြသူတွေကို စော်ကားရာ ရောက်ပါတယ်။

ပြန်ကောင်းတဲ့ သူတွေ၊ ရောဂါမဖြစ်တဲ့သူတွေကို ဘုရားကယ်တာ မဟုတ်ဘဲ လူငယ်တွေနဲ့ ကိုယ်ခံအားကောင်းသူများသာ ပြန်ကောင်းလာကြတာ ဖြစ်ပါတယ်။ ဘာသာရေးအရ တစ်ကိုယ်ရည် မေတ္တာပွားများတာ ပြသနာမဟုတ်ပေမယ့်အသက်ဆုံးရှုံးသွားသူတွေကို ဘာအကြောင်းနဲ့မှ အပြစ်မတင်ဖို့နဲ့ ချစ်ရတဲ့သူတွေကို လက်လွတ်ဆုံးရှုံးရသူတွေ အပေါ်ချမနင်းဖို့ လိုအပ်ကြောင်း ပြောပြထားပါတယ်။ ဒီလိုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက်အငြင်းပွားမနေကြဘဲကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေရဲ့ ချစ်ရတဲ့သူတွေ လောကကြီးက ထွက်ခွာနေကြချိန်မှာချစ်ခြင်းမေတ္တာနဲ့ လူသားဆန်မှုကို ဒီ့ထက်ပိုပြီး ပြသဖို့လိုအပ်ကြောင်း ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲကေျးဇူးတင်ရှိ ပါတယ်နော်။

Credit