လက် ဖဝါးမှာပါတဲ့ ဂမ္ဘီရကြက်ခြေခတ်နဲ့ပါတ်သက်၍ လက္ခဏာကြည့်ပရိသတ်အတော်များများလာရောက်မေးကြသည့်အတွက်တင်ပြပေးလိုက်ပါသည်။လက္ခဏာရှင်ရဲ့လက်ဖဝါးရဲ့အလယ်ဉာဏ်လမ်းကြောင်းနှင့်နှလုံးလမ်းကြောင်းကြားတဝှိုက်မှာကြက်ခြေခတ်အမှတ်သားလေးပါလာမယ်ဆိုရင်တော့ထိုအမှတ်အသားလေးကိုဂမ္ဘီရကြက်ခြေခတ်လို့ခေါ်ပါတယ်။

( 1 ) လက္ခာဏာ ဗေဒင် နဲ့ ထူဆန်းနက်နဲတာတွေကိုဝါသနာပါပြီး အခြားပညာရပ်များကိုလေ့လာလိုက်စားတတ်သည်။

( 2 ) အလိုလျှောက် နှုတ်ထွက်စကားတွေမှန်တတ်သည် ။နှုတ်ဆက်အာဆက်ရှိတတ်သည်၊မိမိပါးစပ်ကပြောတာနဲ့ကောင်းခြင်း၊ဆိုးခြင်း ချက်ခြင်းဖြစ်တတ်သည်။

( 3 ) အထီးကျန်တတ် တယောက်တည်းနေလိုတတ်သည် ၊ဘယ်သူနဲ့မှရောရောယှက်ယှက်မနေတတ်ပါ။

( 4 ) အလုပ်လုပ်လျှင် စိတ်ရော ကိုယ်ပါနှစ်ပြီးလုပ်တတ်သည်၊ထမင်းမေ့ဟင်းမေ့သည်အထိအလုပ်လုပ်ရာတွင်ဇွဲကောင်း၍သေသပ်တတ်သည်။

( 5 )ကြီးပွားချမ်းသာပြီး အထွတ်အထိပ်ကိုရောက်တက်တယ်။

( 6 )ငယ်ရွယ်စဉ်မှာ မချမ်းသာသေးရင်လည်းကြီးလာတဲ့အခါမှာ ပြည့်ပြည့်စုံနေရတက်ပါတယ်၊

( 7 )နောက်ဆဌမအာရုံလိုခေါ်တဲ့ အကြားအမြင် ရတက်တယ်။

( 8 )ငယ်သူတွေကိုယ်အပေါ်ဘယ်လိုဆက်ဆံတယ်ချက်ချင်းသိတယ်။

( 9 )အကြီးအကဲ ဖြစ်တက်တဲ့သူတွေမို့အခက်ခဲတွေ ဘယ်လောက်ရင်ဆိုင်ရ. ရင်ဆိုင်ရကျော်လွှားနိုင်တဲ့အစွမ်းအော်တိုရှိတယ်

( 10 ) မမြင်ရတဲ့ ရုပ်နာမ်လောကမှ ပုဂ္ဂိုလ်များစောင့်ရှောက်ခြင်းကို ခံရတတ်ပါတယ်

credit-orginal uploader

လက်ဖဝါးမှာပါတဲ့ ဂမ္ဘီရကြက်ခြေခတ်နဲ့ပါတ်သက်၍ ထူးခြားချက်များ

လက်ဖဝါးပေါ်က ( ဂမ္ဘီရ ကြက်ခြေခတ်)











