ကို ရီးယားအိုပါးေတြနဲ႔ လက္ထပ္မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္ေတြကို ေျပာျပၿပီးၿပီဆိုေတာ့ ဒီတစ္ေခါက္မွာ ေပါက္စီေျမေပၚ အေျခခ်ဖို႔ အတြက္ လာပါၿပီ။ လတ္တေလာမွာ ေရွာင္ေကာေကာေတြက ဆိုရွယ္မီဒီယာတစ္ခုလုံးနီးပါး ေနရာယူထားတာျဖစ္လို႔ လက္ထပ္ဖို႔အထိမ်ား စိတ္ကူးအိမ္မက္ မက္ထားတယ္ဆိုရင္ ဒီအခ်က္ေလးေတြကို ႀကိဳတင္သိထားသင့္ပါတယ္။

ေရွာင္ေကာေကာတစ္ေယာက္နဲ႔ လက္ထပ္တာက တစ္ေဆြတစ္မ်ိဳးလုံးကို လက္ထပ္လိုက္ရသလိုပါပဲ။ တ႐ုတ္လူမ်ိဳးေတြက ဘိုးဘြား ၊ မိဘ ၊ ေဆြမ်ိဳးေတြအေပၚ ႐ိုေသသလို အမိန႔္လည္း နာခံတတ္တာမို႔ အသိုင္းအဝိုင္းတစ္ခုလုံးထဲ ဝင္ဆန႔္ေအာင္ က်င္လည္တတ္မွ ေရွာင္ေကာေကာတစ္ေယာက္ကို လက္ထပ္ယူပါ။ လက္ထပ္တဲ့အခါမွာလည္း အရင္ကေလာက္ ေရွး႐ိုးစြဲ မဂၤလာပြဲ က်င္းပစရာ မလိုဘူးဆိုေပမဲ့ မိဘေတြရဲ႕ ခြင့္ျပဳခ်က္ရမွသာ ကိုယ္ျဖစ္ခ်င္တဲ့ စိတ္ကူးထဲက မဂၤလာပြဲကို ဖန္တီးခြင့္ ရွိတာ ျဖစ္ပါတယ္။

တကယ္လို႔ ေရွာင္ေကာေကာက တစ္ဦးတည္းေသာ သားမဟုတ္ဘဲ ခဲအိုေတြ ခယ္မေတြ မရီးေတြ အစုံအလင္နဲ႔ ေနရတယ္ဆိုရင္ သူတို႔ကို ေလးစားမႈ ျပရမွာ ျဖစ္သလို အားလုံးၾကားမွာ ေနတတ္ထိုင္တတ္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ သင္ယူရဦးမွာပါ။ျမန္မာလူမ်ိဳးေတြနဲ႔ တူမေယာင္ထင္ရၿပီး ကြဲျပားတဲ့ တစ္ခ်က္ကေတာ့ ေပါက္စီေျမမွာ အိမ္ေထာင္ဦးစီးရဲ႕ စကားတစ္ခြန္းကသာ အတည္ပါ။

တစ္အိမ္လုံးမွာ ဖခင္က အာဏာ အရွိဆုံး ျဖစ္သလို သားေရး ၊ သမီးေရးကိုပါ ဆုံးျဖတ္ေပးပိုင္ခြင့္ ရွိပါတယ္။ ေနာက္ပိုင္းေခတ္ေတြမွာေတာ့ အစ္ကိုအႀကီးဆုံးေတြကိုလည္း အာဏာကုန္ အပ္ထားတာမ်ိဳးေတြ ရွိပါတယ္။ ဒီေတာ့ ေယာကၡမအထီးကို ပိုင္မွသာ ေရွာင္ေကာေကာကို ရဖို႔ လြယ္ကူမွာ ျဖစ္ပါတယ္။

တ႐ုတ္ျပည္မွာ အရင္ကေတာ့ မိန္းကေလးေတြ အခန္းက႑က အိမ္တြင္းမႈလုပ္ သိမ္းထုပ္ေသခ်ာပါပဲ။ ေနာက္ပိုင္းေတာ့ ေခတ္မီၿပီး အျမင္ေတြ ပြင့္လာခ်ိန္မွာ မိန္းကေလးေတြလည္း လုပ္ငန္းခြင္အသီးသီးမွာ ေနရာယူလို႔ ရလာပါၿပီ။ ဒါေပမဲ့ ေသခ်ာတာတစ္ခုကေတာ့ ေရွာင္ေကာေကာနဲ႔ လက္ထပ္ၿပီးရင္ ကိုယ္တိုင္ကေရာ အလုပ္လုပ္ခ်င္ေသးလား ၊ သူကေရာ ကိုယ့္အတြက္ အခြင့္အလမ္းေတြ ဖန္တီးေပးဦးမလား ဆိုတာပါပဲ။

ေပါက္စီေျမမွာ သြားေရာက္ အလုပ္လုပ္ကိုင္ေနသူေတြ အေနနဲ႔ green card ရဖို႔အတြက္ ေရွာင္ေကာေကာကို လက္ထပ္မယ္ဆိုရင္ေတာ့ ေသခ်ာမႈ သိပ္မရွိပါဘူး။ တ႐ုတ္လူမ်ိဳးတစ္ေယာက္ကို လက္ထပ္လိုက္တယ္ ဆိုရင္ေတာင္မွ သူတို႔ႏိုင္ငံသား ျဖစ္ခြင့္ရဖို႔ မေသခ်ာသလို ယာယီေနထိုင္ခြင့္ရမယ့္ ရာခိုင္ႏႈန္းက မ်ားတာမို႔ အခန႔္မသင့္ရင္ ရွင္လ်က္နဲ႔ ကြဲၾကရတဲ့ ခ်စ္သူေတြ ျဖစ္သြားႏိုင္ပါတယ္။

လက္ထပ္ဖို႔အေၾကာင္းအရာေတြ ေျပာၿပီးၿပီဆိုရင္ ကေလးယူမယ့္ဘက္ကို တစ္ခ်က္သြားပါမယ္။ ေပါက္စီေျမမွာ ကေလးကို ရာသီတိုင္း ေမြးခ်င္တိုင္း ေမြးၾကတာ မဟုတ္သလို အယူအဆေတြလည္း လိုက္နာၾကတာ ျဖစ္ပါတယ္။ သိုးႏွစ္မွာ လက္ထပ္ျခင္း ၊ကေလးေမြးဖြားျခင္းေတြ ေရွာင္ရွားသလို ေမ်ာက္ႏွစ္ေရာက္ရင္ေတာ့ ေဆး႐ုံေတြမွာ ေမြးလူနာေတြ ျပည့္ၿပီး မဂၤလာအခမ္းအနားေတြလည္း က်င္းပၾကတယ္လို႔ သိရပါတယ္။

တ႐ုတ္လူမ်ိဳးတစ္ေယာက္နဲ႔ ခ်စ္သူေတြ ျဖစ္ေနတယ္ ဒါမွမဟုတ္ လက္ထပ္ဖို႔ေတြ စီစဥ္ထားတယ္ဆိုရင္ေတာ့ သူတို႔ယဥ္ေက်းမႈေလးကို အခ်ိန္ေပးၿပီး ေလ့လာဖို႔ေတာ့ လိုပါမယ္။ အေရွ႕တိုင္းသားေတြမို႔ ယဥ္ေက်းမႈက အနည္းအမ်ား တူတယ္ဆိုေပမဲ့ အေပၚမွာ ေျပာျပခဲ့တဲ့ အခ်က္ေလးေတြကို သိထားမယ္ဆိုရင္ ေပါက္စီေျမမွာ ေရွာင္ေကာေကာနဲ႔ အေျခခ်သင့္ ၊ မခ်သင့္ ဆိုတာကို စဥ္းစားလို႔ ရပါၿပီ။

Unicode

ကိုရီးယားအိုပါးတွေနဲ့ လက်ထပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေကို ပြောပြပြီးပြီဆိုတော့ ဒီတစ်ခေါက်မှာ ပေါက်စီမြေပေါ် အခြေချဖို့ အတွက် လာပါပြီ။ လတ်တလောမှာ ရှောင်ကောကောတွေက ဆိုရှယ်မီဒီယာတစ်ခုလုံးနီးပါး နေရာယူထားတာဖြစ်လို့ လက်ထပ်ဖို့အထိများ စိတ်ကူးအိမ်မက် မက်ထားတယ်ဆိုရင် ဒီအချက်လေးတွေကို ကြိုတင်သိထားသင့်ပါတယ်။

ရှောင်ကောကောတစ်ယောက်နဲ့ လက်ထပ်တာက တစ်ဆွေတစ်မျိုးလုံးကို လက်ထပ်လိုက်ရသလိုပါပဲ။ တရုတ်လူမျိုးတွေက ဘိုးဘွား ၊ မိဘ ၊ ဆွေမျိုးတွေအပေါ် ရိုသေသလို အမိန့်လည်း နာခံတတ်တာမို့ အသိုင်းအဝိုင်းတစ်ခုလုံးထဲ ဝင်ဆန့်အောင် ကျင်လည်တတ်မှ ရှောင်ကောကောတစ်ယောက်ကို လက်ထပ်ယူပါ။ လက်ထပ်တဲ့အခါမှာလည်း အရင်ကလောက် ရှေးရိုးစွဲ မင်္ဂလာပွဲ ကျင်းပစရာ မလိုဘူးဆိုပေမဲ့ မိဘတွေရဲ့ ခွင့်ပြုချက်ရမှသာ ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးထဲက မင်္ဂလာပွဲကို ဖန်တီးခွင့် ရှိတာ ဖြစ်ပါတယ်။

တကယ်လို့ ရှောင်ကောကောက တစ်ဦးတည်းသော သားမဟုတ်ဘဲ ခဲအိုတွေ ခယ်မတွေ မရီးတွေ အစုံအလင်နဲ့ နေရတယ်ဆိုရင် သူတို့ကို လေးစားမှု ပြရမှာ ဖြစ်သလို အားလုံးကြားမှာ နေတတ်ထိုင်တတ် လိုက်လျောညီထွေဖြစ်အောင် သင်ယူရဦးမှာပါ။မြန်မာလူမျိုးတွေနဲ့ တူမယောင်ထင်ရပြီး ကွဲပြားတဲ့ တစ်ချက်ကတော့ ပေါက်စီမြေမှာ အိမ်ထောင်ဦးစီးရဲ့ စကားတစ်ခွန်းကသာ အတည်ပါ။

တစ်အိမ်လုံးမှာ ဖခင်က အာဏာ အရှိဆုံး ဖြစ်သလို သားရေး ၊ သမီးရေးကိုပါ ဆုံးဖြတ်ပေးပိုင်ခွင့် ရှိပါတယ်။ နောက်ပိုင်းခေတ်တွေမှာတော့ အစ်ကိုအကြီးဆုံးတွေကိုလည်း အာဏာကုန် အပ်ထားတာမျိုးတွေ ရှိပါတယ်။ ဒီတော့ ယောက္ခမအထီးကို ပိုင်မှသာ ရှောင်ကောကောကို ရဖို့ လွယ်ကူမှာ ဖြစ်ပါတယ်။

တရုတ်ပြည်မှာ အရင်ကတော့ မိန်းကလေးတွေ အခန်းကဏ္ဍက အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာပါပဲ။ နောက်ပိုင်းတော့ ခေတ်မီပြီး အမြင်တွေ ပွင့်လာချိန်မှာ မိန်းကလေးတွေလည်း လုပ်ငန်းခွင်အသီးသီးမှာ နေရာယူလို့ ရလာပါပြီ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ရှောင်ကောကောနဲ့ လက်ထပ်ပြီးရင် ကိုယ်တိုင်ကရော အလုပ်လုပ်ချင်သေးလား ၊ သူကရော ကိုယ့်အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးဦးမလား ဆိုတာပါပဲ။

ပေါက်စီမြေမှာ သွားရောက် အလုပ်လုပ်ကိုင်နေသူတွေ အနေနဲ့ green card ရဖို့အတွက် ရှောင်ကောကောကို လက်ထပ်မယ်ဆိုရင်တော့ သေချာမှု သိပ်မရှိပါဘူး။ တရုတ်လူမျိုးတစ်ယောက်ကို လက်ထပ်လိုက်တယ် ဆိုရင်တောင်မှ သူတို့နိုင်ငံသား ဖြစ်ခွင့်ရဖို့ မသေချာသလို ယာယီနေထိုင်ခွင့်ရမယ့် ရာခိုင်နှုန်းက များတာမို့ အခန့်မသင့်ရင် ရှင်လျက်နဲ့ ကွဲကြရတဲ့ ချစ်သူတွေ ဖြစ်သွားနိုင်ပါတယ်။

လက်ထပ်ဖို့အကြောင်းအရာတွေ ပြောပြီးပြီဆိုရင် ကလေးယူမယ့်ဘက်ကို တစ်ချက်သွားပါမယ်။ ပေါက်စီမြေမှာ ကလေးကို ရာသီတိုင်း မွေးချင်တိုင်း မွေးကြတာ မဟုတ်သလို အယူအဆတွေလည်း လိုက်နာကြတာ ဖြစ်ပါတယ်။ သိုးနှစ်မှာ လက်ထပ်ခြင်း ၊ကလေးမွေးဖွားခြင်းတွေ ရှောင်ရှားသလို မျောက်နှစ်ရောက်ရင်တော့ ဆေးရုံတွေမှာ မွေးလူနာတွေ ပြည့်ပြီး မင်္ဂလာအခမ်းအနားတွေလည်း ကျင်းပကြတယ်လို့ သိရပါတယ်။

တရုတ်လူမျိုးတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်နေတယ် ဒါမှမဟုတ် လက်ထပ်ဖို့တွေ စီစဉ်ထားတယ်ဆိုရင်တော့ သူတို့ယဉ်ကျေးမှုလေးကို အချိန်ပေးပြီး လေ့လာဖို့တော့ လိုပါမယ်။ အရှေ့တိုင်းသားတွေမို့ ယဉ်ကျေးမှုက အနည်းအများ တူတယ်ဆိုပေမဲ့ အပေါ်မှာ ပြောပြခဲ့တဲ့ အချက်လေးတွေကို သိထားမယ်ဆိုရင် ပေါက်စီမြေမှာ ရှောင်ကောကောနဲ့ အခြေချသင့် ၊ မချသင့် ဆိုတာကို စဉ်းစားလို့ ရပါပြီ။