ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ မိခင်စိတ်ရှိနေတာကြောင့် ကလေးငယ်တွေကို တော်ရုံနာကျင်စေမှာ မဟုတ်ဘူးလို့ တွေးမိရင်တော့ မှားသွားမှာပါ။ တရုတ်နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ သတင်းတစ်ပုဒ်အရ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ကလေးငယ်ကို
တကယ်ပဲ နာကျင်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြေးလွှားဆော့ကစားနေတဲ့ကလေးကို ခြေထိုးခံခဲ့တာကြောင်ဖြစ်ပါတယ်။ ပြီးတော့ သူမဟာ မသိသလိုပဲ ဆက်လက်စားသောက်နေခဲ့ပါတယ်။

အဲ့ဒီအဖြစ်အပျက်ကတော့ တရုတ်ပြည်မှာ ဖြစ်ပျက်ခဲ့တာပါ။ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ယောက်ျားဖြစ်သူဟာ စားသောက်ဆိုင်ရဲ့ အဝင်ဝနားက ခုံမှာထိုင်ပြီးစားသောက်နေချိန်မှာ ကလေးက စားသောက်ဆိုင်ကိုပြေးဝင်လာပြီးတော့ တံခါးမှာချိတ်ထားတဲ့
ပလက်စတစ်အခန်းဆီးအပျော့နဲ့ သူမတို့ စားသောက်ခုံကို မတော်တဆ ထိမိသွားပြီးစိတ်အနှောက်အယှက်ဖြစ်သွားပါတယ်။

ဒါကြောင့် ကလေး နောက်တစ်ခေါက် စားသောက်ဆိုင်အပြင်ကို ပြေးထွက်ချိန်မှာတော့သူမက မသိမသာ ခြေထိုးခံလိုက်တာဖြစ်ပါတယ်။ မိခင်ဖြစ်သူကတော့ ကလေးဟာမတော်တဆ ချော်လဲတယ်အမှတ်နဲ့ ချော့မော့ပေမယ့် ကလေးကတော့ သူ့ကို ကိုယ်ဝန်
ဆောင် အမျိုးသမီးက ခြေထိုးခံလို့လဲရကြောင်း အသွင်သွင်ပြောနေခဲ့တာကြောင့် စိတ်ကျေနပ်အောင် CCTV ပြချိန်မှာတော့ တကယ်ပဲ ခြေထိုးခံခဲ့တာကိုတွေ့ခဲ့ရပါတော့တယ်။

မိခင်လည်း စိတ်တိုပြီးတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ပြီးတော့ CCTV ကလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပြီးတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ကိုယ်တိုင်ပဲ ရဲစခန်းကို သွားပြီး သူမအမှားအတွက် ဝန်ခံခဲ့ပါ
တယ်။ ရဲစခန်းကတော့ သူမကို ကလေးသူငယ်ကိုနာကျင်စေမှုအတွက် အချုပ် ၁၀ ရက်ကျခံစေပြီးတော့ ကလေးငယ်အတွက် လိုအပ်တဲ့ ဆေးအဖိုးအခကိုလည်း ပေးဆောင်စေခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)