Htookhant
Unicode
မီးေ လာင်မှုတွင် Level ဆိုတာ ဘာလဲလို့ ခဏခဏမေးနေ ကြသူများ အတွက်Level ဆိုတာ မီးလောင်မှု အခြေအနေ အရ မီးသတ်ကားများ ခေါ်ခြင်းဖြစ်ပါတယ်။တချို မီးလောင်မှု တွေကတော့ level ခေါ်စရာမလိုဘဲ နယ်မြေခံယာဉ်အုပ်စုနဲ့ ငြိမ်းသွားတာမျိုးလည်းရှိပါတယ်။
ပြည်သူများသိစေရန် အတွက် ဖော်ပြပေးလိုက်ပါတယ်။
အဆင့် ၁ – ယာဉ်အုပ်စုမှာ မီးငြိမ်းသတ်ယာဉ်နဲ့ရေသယ်ယာဉ် ၁၀ စီး ပါဝင်ပြီး မီးလောင်မှုဖြစ်ပွားရာ မြို့နယ်နှင့် ထိစပ်မြို့နယ်များမှ ကားများ ပါဝင်ပါတယ်။
`အဆင့် ၂ – ယာဉ်အုပ်စုမှာတော့ နောက်ထပ် ၁၀ စီး ထပ်မံပါဝင် ငြိမ်းသတ်ပြီးပေါင်း ၂၀ စီးဖြစ်သွားပါတယ်။
အဆင့် ၃ – ယာဉ်အုပ်စုမှာတော့ မီးငြိမ်းသတ်ယာဉ် နှင့် ရေသယ်ယာဉ် ၂၀ စီး ထပ်မံပါဝင်လာပြီး စုစုပေါင်း ၄၀ စီး ဖြစ်လာပါတယ်။
`အဆင့် ၄ – ယာဉ်အုပ်စုမှာ ၁ဝစီ းထပ်မံ ပေါင်းစပ်ပြီး စုစုပေါင်း ၅ဝစီး ဖြစ်လာပါတယ်။
အဆင့် ၅ – ယာဉ်အုပ်စုမှာတော့ ထိုတိုင်းဒေသကြီးအတွင်းရှိ စခန်းအားလုံး အသီးသီးတွင်
နောက်ချန်ယာဉ် ၁ စီးသာ ချန်ခဲ့ပြီး အကုန်ထွက် စနစ်ဖြစ်ပါတယ်။
လိုအပ်လျှင် စည်ပင်သာယာထိစပ်နယ်နမိတ် မှ ကားများကလည်း လာကူရပါတယ်။ နယ်မြေခံယာဉ်အုပ်စုကတော့ အကုန်ထွက်စနစ်ဖြစ်ပါတယ်။
မီးညှိမ်းသတ်ရာတွင်လည်း လောင်ပြင်လာတဲ့ကားမှန်သမျှ မီးညှိမ်းသတ်စရာမလိုပါ။ရှေ့ဆုံးမှာရှိတဲ့ မျက်နှာစာဖွင့်ထားသော Fighter ကားများကိုသာ ရေအဆင့်အဆင့်ဖြည့်ပေးရခြင်းဖြစ်ပါသည်။
ရှေ့ဆုံးကားမှ pumper မောင်းပြီး ညှိမ်းသတ်နေခြင်းကြောင့် နောက်ကားများက မီးညှိမ်းသတ်ရန်မလိုအပ်ပါ။ အနောက်တွင်ရှိသော ရေပေးနေသော ယာဉ်များသည် ရေကုန်လျှင် ရေပြန်သယ်ရပါသည်။ လှည့်ပြန်ခြင်းမဟုတ်ပါ။
Htookhant