မေ ပန်းချီကတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကကို ဝင်ရောက်လာတာဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတို့ကြောင့် ဝေဖန်တိုက်ခိုက်မှုတချို့ခံခဲ့ရတာဖြစ်ပေမယ့် အနုပညာအလုပ်ကို လှေကားထစ်တစ်ခုလိုအသုံးမချဘဲ ရိုးသားစွာနဲ့ အသက်မွေးဝမ်းကျောင်းနေသူတစ်ယောက်ဖြစ်ပါတယ်။

မေပန်းချီကတော့ ရုပ်လေးလည်း လှသလို စိတ်ထားလေးကလည်း လှပတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။သူရဲ့ အနုပညာအလုပ်တွေကနေ ရရှိလာတဲ့ အနုပညာကြေး ချွေးနည်းစာလေးတွေကို စုဆောင်းပြီး အလှူအတန်းတွေကို အမြဲတမ်းလိုလိုပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာ မေပန်းချီက သူမရဲ သူငယ်ချင်းတွေနဲ့ ခရီးထွက်လိုက် ၊ အနုပညာအလုပ်လေးတွေလုပ်လိုက်နဲ့ ပျော်ရွှင်စွာ တစ်ကိုယ်တည်း Single ဘဝနဲ့ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်..။ မေပန်းချီက သူမမှာ Official အကောင့် တစ်ခုတည်းကိုသာ အသုံးပြုနေပြီး ပေ့ခ်ျတော့ ဖွင့်ထားခြင်းမရှိပါဘူးနော်..။

အခုတစ်ခါမှာတော့ သူမရဲ့ Live အဟောင်းကို ပြန်ဒေါင်းကာ လွှင့်နေတဲ့ ပေ့ခ်ျအတုအကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန်ရှယ်ကာ “ဒါ ပန်းချီ လွှင့်နေတာမဟုတ်ပါဘူးနော် အရင် live ကြီးကို ပြန်တင်ထားတာပါ ။ယုတ်မာတာပါ ‭(+95 9257388721‬ )ဒီဖုန်းတင်ထားပါတယ် ရဲပဲတိုင်လိုက်ရမလား” ဆိုပြီး တင်လာခဲ့ပါတယ်..။

မေပန်းချီကတော့ ပေ့ခ်ျကို မလုပ်ဖို့သွားပြောပေမယ့် သူမကို ဘလော့လိုက်တာကြောင့် စိတ်တွေတိုနေပါတယ်နော်..။ ပေ့ခ်ျဟာလည်း ပေါက်တက်ကရပုံတွေနဲ့မို့ မေပန်းချီလေးကို အထင်အမြင်တွေလွဲသွားမှာ စိုးရိမ်ရပါတယ်..။