ဒါေတြ ကို ၁၀ ႏွစ္ေလာက္ ခံခဲ့ရတာပါ။ဦးေက်ာ္သူဟာ သူ႔ရဲ႕ အေလာင္းထမ္းတဲ့လက္ဟာ ဆရာခ်စ္ဦးညိဳေၾကာင့္ မဂၤလာရွိခဲ့တယ္လို႔ ဆိုပါတယ္။ အႏုပညာအသိုင္းအဝိုင္းကေတာ့ ေက်ာ္သူနဲ႔ အလုပ္တြဲလုပ္ရင္ လာဘ္ပိတ္တယ္၊ နာမ္ႏွိမ္ခံရမယ္ဆိုတဲ့ အယူေတြ ရွိခဲ့ဖူးတယ္လို႔ဆိုပါတယ္။ နာေရးကူညီမႈအသင္းရဲ႕ ပဲ့ကိုင္ရွင္ ဦးေက်ာ္သူကေတာ့ တစ္ခ်ိန္က အရမ္းကိုေအာင္ျမင္တဲ့ မင္းသားေခ်ာတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ပရဟိတအလုပ္ကိုစလုပ္တဲ့အခ်ိန္မွာေတာ့ သူနဲ႔ ႐ုပ္ရွင္တြဲမ႐ိုက္ခ်င္ေတာ့တာေတြေတာင္ရွိတယ္လို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

ကြၽန္ေတာ္ ပရဟိတလုပ္တုန္းကဆိုရင္ အတိုက္အခိုက္မ်ိဳးစုံ၊ အေပါင္းအသင္းမလုပ္ခ်င္တဲ့သူေတြကလည္း မ်ားတယ္။ တခ်ိဴ႕ မင္းသား၊မင္းသမီးနဲ႔ ဒါ႐ိုက္တာေတြဆိုရင္ ေက်ာ္သူနဲ႔ေတာင္ မ႐ိုက္ခ်င္ေတာ့ဘူး ျဖစ္လာေရာ။ ေက်ာ္သူက အေလာင္းကိုင္တယ္၊ အေလာင္းထမ္းတယ္၊ ဒါေတြက မဂၤလာမရွိဘူး။ လာဘ္ပိတ္မယ္၊ နာမ္အႏွိမ္ခံရမယ္ဆိုတဲ့အယူေတြရွိတယ္။ ဒါေတြကို ကြၽန္ေတာ္က ၁၀ ႏွစ္ေလာက္အထိ ခံခဲ့ရတာပါ” လို႔ ဆိုပါတယ္။

ေက်ာ္သူဟာ သူ႔ရဲ႕ လက္နဲ႔ အလုပ္ကို အေရးတယူအားေပးခဲ့သူကေတာ့ ဆရာခ်စ္ဦးညိဳပါလို႔ ဆိုပါတယ္။ မသာကိုင္တဲ့လက္၊ အေလာင္းထမ္းတဲ့ လက္နဲ႔ ဆရာခ်စ္ဦးညိဳရဲ႕ ေမြးေန႔ကိတ္ေပၚမွာ မီးထြန္းေပးခြင့္ရခဲ့တဲ့ အမွတ္တရေတြကိုလည္း ျပန္လည္ေျပာျပလာပါတယ္။“ ကြၽန္ေတာ့္လက္က မသာထမ္းတယ္၊ အေလာင္းကိုင္တယ္ဆိုတဲ့ လက္ကို ဆရာခ်စ္ဦးညိဳနဲ႔ ေတြ႕တာေပါ့။ မေလးရွားကို ေဟာေျပာပြဲတစ္ခုသြားတဲ့အခ်ိန္မွာ ဆရာခ်စ္ဦးညိဳေမြးေန႔လည္းျဖစ္ေတာ့ ဖေယာင္းတိုင္ထြန္းၾကတယ္။ ကြၽန္ေတာ့္လက္နဲ႔ ထြန္းေပးရတာဆိုေတာ့ ဆရာခ်စ္ဦးညိဳက ကြၽန္ေတာ့္ကိုေျပာတယ္ မသာထမ္းတဲ့လက္၊ အေလာင္းကိုင္တဲ့လက္က ငါ့ ေမြးေန႔ကိတ္ကို မီးထြန္းေပးတာ အရမ္းေပ်ာ္သြားၿပီကြာဆိုၿပီးေတာ့ ကြၽန္ေတာ့္ကို ဖက္နမ္းတယ္။ ဒီလိုေလးေတြ ျဖစ္လာတာက အင္မတန္ မဂၤလာရွိပါတယ္” လို႔ ဆက္လက္ေျဖဆိုခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ လူငယ္အႏုပညာရွင္ေတြကိုယ္တိုင္က ပရဟိတအလုပ္ေတြ၊ နာေရးနဲ႔ ပတ္သက္တဲ့ ကုသိုလ္ေရးေတြကို စိတ္ပါဝင္စားစြာ ေဆာင္႐ြက္လာတဲ့အတြက္ ပီတိျဖစ္မိတယ္လို႔ ေက်ာ္သူက ေျပာပါတယ္။ ဒါေပမယ့္ ပရဟိတကို အခြင့္ေကာင္းယူၿပီး လုပ္ငန္းတစ္ခုလို လုပ္စားေနတာေတြကေတာ့ မျဖစ္သင့္ဘူးလို႔ ဆိုပါတယ္။“ တခ်ိဳ႕ကက်ေတာ့ ေပၚပ်ဴလာျဖစ္ခ်င္လို႔၊ နာမည္ႀကီးခ်င္လို႔ လုပ္တာမ်ိဳးေတြေတာ့ရွိတယ္။ တခ်ိဳ႕ကက်ေတာ့ ပရဟိတကို ဗန္းျပၿပီးေတာ့ ကိုယ့္အတၱအတြက္ အယူေတြကို အလြဲသုံးစားလုပ္တာေတြေပၚလာတယ္။ ဒါေတြကို ဆင္ျခင္ဖို႔သင့္တယ္။ အလႉရွင္ေတြအေနနဲ႔လည္း လႉမယ္ဆိုရင္ လႉမယ့္အဖြဲ႕အစည္းရဲ႕ သမိုင္းေၾကာင္းကို ေလ့လာၿပီးေတာ့မွ လႉဖို႔သင့္တယ္။ ပရဟိတကို ဗန္းျပၿပီးလုပ္စားတာကေတာ့ ျမတ္စြာဘုရားကို ေစာ္ကားတာနဲ႔ အတူတူပဲ။ ပရဟိတဆိုတာ ျမတ္စြာဘုရားတိုင္း လုပ္တဲ့အလုပ္၊ ခ်စ္ျမတ္ႏိုးတဲ့ အလုပ္ပါ” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၆ ရက္ေန႔က “သုံးပန္လွ က်ိန္စာ” ႐ုပ္ရွင္အဖြဲ႕သားေတြရဲ႕ အလႉမွာ ေျဖဆိုခဲ့တာပါ။

ေက်ာ္သူဟာ ၁၉၈၄ခုႏွစ္ကစလို႔ “ခ်စ္ႀကိဳးေလးႏွစ္မွ်င္” ဇာတ္ကားနဲ႔ အႏုပညာေလာကထဲေရာက္ရွိလာခဲ့ၿပီး ဇာတ္ကားေပါင္း ၂၀၀ေက်ာ္ ႐ိုက္ကူးခဲ့ကာ အႏုပညာေလာကတြင္ ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ခဲ့ပါတယ္။ ၁၉၉၄ခုႏွစ္မွာေတာ့ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကို “တျပည္သူမေ႐ႊထား” ႐ုပ္ရွင္ဇာတ္ကားနဲ႔ ရရွိခဲ့ၿပီး ၂၀၀၃ခုႏွစ္ မွာေတာ့ အေကာင္းဆုံးဒါ႐ိုက္တာကို ”အေမ့ႏို႔ဖိုး” ႐ုပ္ရွင္ဇာတ္ကားနဲ႔ ရရွိထားသူ ျဖစ္ပါတယ္။၂၀၀၇ခုႏွစ္ေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြရပ္နားခဲ့ၿပီး နာေရးကူညီမႈအသင္း နဲ႔ အတူ ေနာက္ထပ္ ပရဟိတ လုပ္ငန္းမ်ားစြာကိုလည္း တစိုက္မတ္မတ္ လုပ္ေဆာင္လာခဲ့တာ ေတြ႕ရပါတယ္။ အခုခ်ိန္မွာေတာ့ ကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႔ အတူ ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးေနၿပီျဖစ္ပါတယ္။

Credit

UNICODE

ဒါတွေကို ၁၀ နှစ်လောက် ခံခဲ့ရတာပါ။ဦးကျော်သူဟာ သူ့ရဲ့ အလောင်းထမ်းတဲ့လက်ဟာ ဆရာချစ်ဦးညိုကြောင့် မင်္ဂလာရှိခဲ့တယ်လို့ ဆိုပါတယ်။ အနုပညာအသိုင်းအဝိုင်းကတော့ ကျော်သူနဲ့ အလုပ်တွဲလုပ်ရင် လာဘ်ပိတ်တယ်၊ နာမ်နှိမ်ခံရမယ်ဆိုတဲ့ အယူတွေ ရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။ နာရေးကူညီမှုအသင်းရဲ့ ပဲ့ကိုင်ရှင် ဦးကျော်သူကတော့ တစ်ချိန်က အရမ်းကိုအောင်မြင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ပရဟိတအလုပ်ကိုစလုပ်တဲ့အချိန်မှာတော့ သူနဲ့ ရုပ်ရှင်တွဲမရိုက်ချင်တော့တာတွေတောင်ရှိတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

ကျွန်တော် ပရဟိတလုပ်တုန်းကဆိုရင် အတိုက်အခိုက်မျိုးစုံ၊ အပေါင်းအသင်းမလုပ်ချင်တဲ့သူတွေကလည်း များတယ်။ တချိူ့ မင်းသား၊မင်းသမီးနဲ့ ဒါရိုက်တာတွေဆိုရင် ကျော်သူနဲ့တောင် မရိုက်ချင်တော့ဘူး ဖြစ်လာရော။ ကျော်သူက အလောင်းကိုင်တယ်၊ အလောင်းထမ်းတယ်၊ ဒါတွေက မင်္ဂလာမရှိဘူး။ လာဘ်ပိတ်မယ်၊ နာမ်အနှိမ်ခံရမယ်ဆိုတဲ့အယူတွေရှိတယ်။ ဒါတွေကို ကျွန်တော်က ၁၀ နှစ်လောက်အထိ ခံခဲ့ရတာပါ” လို့ ဆိုပါတယ်။

ကျော်သူဟာ သူ့ရဲ့ လက်နဲ့ အလုပ်ကို အရေးတယူအားပေးခဲ့သူကတော့ ဆရာချစ်ဦးညိုပါလို့ ဆိုပါတယ်။ မသာကိုင်တဲ့လက်၊ အလောင်းထမ်းတဲ့ လက်နဲ့ ဆရာချစ်ဦးညိုရဲ့ မွေးနေ့ကိတ်ပေါ်မှာ မီးထွန်းပေးခွင့်ရခဲ့တဲ့ အမှတ်တရတွေကိုလည်း ပြန်လည်ပြောပြလာပါတယ်။“ ကျွန်တော့်လက်က မသာထမ်းတယ်၊ အလောင်းကိုင်တယ်ဆိုတဲ့ လက်ကို ဆရာချစ်ဦးညိုနဲ့ တွေ့တာပေါ့။ မလေးရှားကို ဟောပြောပွဲတစ်ခုသွားတဲ့အချိန်မှာ ဆရာချစ်ဦးညိုမွေးနေ့လည်းဖြစ်တော့ ဖယောင်းတိုင်ထွန်းကြတယ်။ ကျွန်တော့်လက်နဲ့ ထွန်းပေးရတာဆိုတော့ ဆရာချစ်ဦးညိုက ကျွန်တော့်ကိုပြောတယ် မသာထမ်းတဲ့လက်၊ အလောင်းကိုင်တဲ့လက်က ငါ့ မွေးနေ့ကိတ်ကို မီးထွန်းပေးတာ အရမ်းပျော်သွားပြီကွာဆိုပြီးတော့ ကျွန်တော့်ကို ဖက်နမ်းတယ်။ ဒီလိုလေးတွေ ဖြစ်လာတာက အင်မတန် မင်္ဂလာရှိပါတယ်” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

အခုချိန်မှာတော့ လူငယ်အနုပညာရှင်တွေကိုယ်တိုင်က ပရဟိတအလုပ်တွေ၊ နာရေးနဲ့ ပတ်သက်တဲ့ ကုသိုလ်ရေးတွေကို စိတ်ပါဝင်စားစွာ ဆောင်ရွက်လာတဲ့အတွက် ပီတိဖြစ်မိတယ်လို့ ကျော်သူက ပြောပါတယ်။ ဒါပေမယ့် ပရဟိတကို အခွင့်ကောင်းယူပြီး လုပ်ငန်းတစ်ခုလို လုပ်စားနေတာတွေကတော့ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။“ တချို့ကကျတော့ ပေါ်ပျူလာဖြစ်ချင်လို့၊ နာမည်ကြီးချင်လို့ လုပ်တာမျိုးတွေတော့ရှိတယ်။ တချို့ကကျတော့ ပရဟိတကို ဗန်းပြပြီးတော့ ကိုယ့်အတ္တအတွက် အယူတွေကို အလွဲသုံးစားလုပ်တာတွေပေါ်လာတယ်။ ဒါတွေကို ဆင်ခြင်ဖို့သင့်တယ်။ အလှူရှင်တွေအနေနဲ့လည်း လှူမယ်ဆိုရင် လှူမယ့်အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းကို လေ့လာပြီးတော့မှ လှူဖို့သင့်တယ်။ ပရဟိတကို ဗန်းပြပြီးလုပ်စားတာကတော့ မြတ်စွာဘုရားကို စော်ကားတာနဲ့ အတူတူပဲ။ ပရဟိတဆိုတာ မြတ်စွာဘုရားတိုင်း လုပ်တဲ့အလုပ်၊ ချစ်မြတ်နိုးတဲ့ အလုပ်ပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့က “သုံးပန်လှ ကျိန်စာ” ရုပ်ရှင်အဖွဲ့သားတွေရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ “ချစ်ကြိုးလေးနှစ်မျှင်” ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ၁၉၉၄ခုနှစ်မှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို ”အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။၂၀၀၇ခုနှစ်နောက်ပိုင်းမှာ အနုပညာအလုပ်တွေရပ်နားခဲ့ပြီး နာရေးကူညီမှုအသင်း နဲ့ အတူ နောက်ထပ် ပရဟိတ လုပ်ငန်းများစွာကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ အခုချိန်မှာတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။

Credit