ဖိုး လပြည့်ဟာဆိုရင် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့မျက်စိရှေ့မှာကြီးပြင်းလာခဲ့သူဖြစ်ပြီး အသက်ကြီးလာလို့ အနုပညာလုပ်တော့လည်းပဲ ပရိသတ်အားပေးမှုရရှိခဲ့သူပါ။ ဖိုးလပြည့်က အနုပညာဘက်မှာဝါသနာကြီးပြီး cover song တွေ cover သီချင်းတွေဆိုသလိုအခုဆိုရင် ရုပ်ရှင်တွေထဲမှာပါ ပါဝင်သရုပ်ဆောင်နေပါပြီ။ ဖိုးလပြည့်ဟာ မကြာသေးမီက နေတိုးနဲ့ နေခြည်ဦးပါဝင်တဲ့ အခမ်းနားဆုံးမေတ္တာဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ပေး ထားပြီးအဲဒီဇာတ်ကားကြီးဟာ အံ့အားသင့်ဖွယ်ပရိသတ်ကြည့်ရှုနှုန်းတွေနဲ့ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ဇာတ်ကားတစ်ကားဆိုရင်လည်းမမှားပါဘူး။

ဖိုးလပြည့်ရဲ့ Enrique Iglesias သီချင်းတွေကို cover music video လေးတွေ ပြန်လည်ရိုက်ကူးထားတာလေးတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အရမ်းကိုအောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။ ဖိုးလပြည့်က အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေလုပ်နေတာကို ခဏရပ်နားပြီး ကမ္ဘာအနှံ့ခြေဆန့်ပြီး ခရီးတွေထွက်နေတာကိုလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ တွေ့ရပါတယ်။ နေရွှေသွေးအောင်က မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက် Myday မှာ ရင်တွင်းစကားလေးတွေ ရင်ဖွင့်လာတာ တွေ့ရပါတယ်။

ဖိုးလပြည့်က မကြာသေးမီကပဲ သူ့ရဲ့ Myday မှာ သူ့စိတ်ထဲမှာ ခံစားနေရတာလေးကို ရင်ဖွင့်ထားခဲ့တာပါ။ အဲဒါကတော့ ပိုက်ဆံတတ်နိုင်တဲ့လူတွေကို အားကျတယ်ဆိုတဲ့အကြောင်းပါ။ ဖိုးလပြည့်က “ငွေကြေးတတ်နိုင်တဲ့လူများကို အလွန်အားကျမိပါတယ်”လို့ ရေးသားထားခဲ့တာတွေ့ရပြီး သူပြောတာကို သဘောတူမတူ vote ပေးလို့ရတဲ့ Yes or No Button လေးလည်းထည့်ထားတာတွေ့ရပါတယ်။ အဲဒီ button ထဲမှာ ဖိုးလပြည့်နဲ့ သဘောတူကြောင်းထောက်ခံထားတဲ့သူတွေက ခြောက်ဆယ်ရာခိုင်နှုန်းကျော်တာကိုလည်းတွေ့ရပါတယ်။

ပရိသတ်ကြီးရောဖိုးလပြည့်လိုပဲ ဘဝမှာ ငွေကြေးတတ်နိုင်တဲ့သူတွေကို အားကျမိတဲ့အချိန်တွေရှိခဲ့ဖူးလား။ ဖိုးလပြည့်ရဲ့ Music Video လေးတွေကိုရော လွမ်းနေကြပြီလား။ ဖိုးလပြည့် အနုပညာတွေဆက်လုပ်လာခဲ့ရင်ရော ဆက်လက်အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။