အ မျိုးသမီးတစ်ယောက်ဟာ သူမရဲ့အပျိုစင်ဘဝကို မင်္ဂလာဦးညမှာမှ ပျော်ပျော်ကြီး စွန့်လွှတ်မယ်လို့ အားခဲထားကာမှ၊ ခဲလေသမျှ သဲရေကျခဲ့ရတဲ့အဖြစ်ပါ။ အသက်(၂၃)နှစ်အရွယ် Stephanie Muller အမည်ရ အမျိုးသမီးဟာ Andrew အမည်ရ အမျိုးသားနဲ့ သူတို့ရပ်ကွက်က ဘုရားကျောင်းမှာ ဆုံတွေ့ခဲ့တာပါ။

နှစ်ေ ယာက်သား တွေ့ဖန်များတော့ (၃၁)နှစ်အရွယ် Andrew နဲ့ ချစ်သူဖြစ်ခဲ့ပါတော့တယ်။ အဲဒီနောက် အဆင့်တွေတက်ပြီး လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့ပါတယ်။ Mulle ဟာ ငယ်စဉ်ကတည်းက ချမှတ်ထားတဲ့ သံဓိဋ္ဌာန်အတိုင်းပဲ သူမရဲ့အပျိုစင်ဘဝကို မင်္ဂလာဦးညမှ စွန့်လွှတ်ဖို့ စောင့်ထိန်းခဲ့သူပါတဲ့။

သူမဟာ နယူးယောက်မှာ နေထိုင်ပါတယ်။ မင်္ဂလာဦးညအထိ စောင့်ဆိုင်းခဲ့ရတဲ့ အပျိုစင်ဘဝဟာ ပထမဆုံး ဟန်နီးမွန်းခရီးစဉ်မှာ နာကျင်မှုတွေနဲ့ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့ရပါတယ်။ တစ်ချို့ကတော့ အပျိုစင်ဘဝအိပ်မက် ပျက်ပြယ်ခဲ့ရတယ်ဆိုတော့ Andrew က Gay နေလို့လားလို့ ထင်မိကြမှာပါ။ တကယ်တော့ Andrew က ယောက်ျားစစ်စစ်ပါတဲ့။

သူမရဲ့ ရှားပါးရေားဂါတစ်ခုကြောင့် “ ပထမဆုံး အတွေ့အကြုံမှာ ဘယ်လိုမှ မအောင်မြင်ဘဲ ”အချိန်ယူလိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ထင်မှတ်မထာပါဘဲ မအင်္ဂါမှာအဖြစ်များတဲ့ Yeast infection ကို ခံစားခဲ့ရပြီး၊ Muller အတွက်တော့ အတော်လေးကို အဆင်ပြေတဲ့အနေအထားပါ။ သူမရဲ့ အိပ်မက်ဟာ ရောဂါတစ်ခုကို အစပျိုးသလို ဖြစ်ခဲ့ရပါတယ်။

(၃)လလောက်အထိ Yeast infection က ဖြစ်ခဲ့တာပါ။ တကယ်တော့ ရောဂါနဲ့ဆေး မတည့်ခြင်းကနေ ဆေးတွေအမျိုးမျိုးပြောင်းရင်းနဲ့ ရောဂါက ကြာရှည်သွားခဲ့တာပါ။ ရောဂါပျောက်သွားတော့ လင်နဲ့မယား ချစ်မှုရေးရာမှာ သူများတွေလို ပြန်အဆင်ပြေမယ် ထင်ခဲ့ပေမယ့် ဒုတိယအကြိမ် နာကျင်ခံရပြန်ပါတယ်။ တစ်နှစ်လောက်ကြာတဲ့အခါမှာတော့ သူမဟာ ချစ်တင်းနှောရမှာကိုတောင် ကြောက်နေခဲ့ပါတယ်။

သူမဟာ (၂၀၁၈)ခုနှစ် ဇန်နဝါရီမှာ မီးယပ်ဆရာဝန်တစ်ဦးနဲ့ ပြောင်းပြခဲ့ပါတယ်။ သူမ ခံစားနေရတဲ့ရောဂါကတော့ Vaginismus ဖြစ်ပြီး၊ မအင်္ဂါအတွင်း ကြွက်သားတွေပုံမှန်အလုပ်မလုပ်ဘဲ တင်းကြပ်တဲ့ရောဂါတစ်မျိုးလို့ ပြောလို့ရပါတယ်။ အဲဒီနောက် Mulle ဟာ Women’s Therapy Centre မှာ ပြသခဲ့ရပြီး၊ Vicodin ဆေးကို ဒေါက်တာတွေက ပေးခဲ့ပါတယ်။

ရောဂါကြောင့် လင်နဲ့မယားဟာ ချစ်စိတ်ကို မျိုသိပ်ထားရတာ အလွန်ခံရခက်ပါသတဲ့။ နောက်ဆုံး သားဖွားမီးယပ်ဆရာဝန်က သူတို့လင်မယားကို Spacer အသုံးပြုဖို့ ပြောပါတယ်။ မအင်္ဂါလမ်းကြောင်းကို ချဲ့ပေးတဲ့ကိရိယာလေး ဖြစ်ပါတယ်။ ဒီနည်းကတော့ သူတို့လင်မယားအတွက် အနည်းငယ် စိတ်သက်သာရာ ရစေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ သူတို့ ပြည့်ပြည့်ဝဝ အဆင်မပြေပေမယ့် လင်နဲ့မယားကတော့ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း ဘဝခရီးကို ဆက်နေကြောင်းကို NewYorkPost သတင်းစာက ဖော်ပြခဲ့ပါတယ်။

လင်းသူရိန်