၁ ၀ စုနှစ်တစ်ခုအကျော် … ပထမဦးဆုံးအဖြစ်မြန်မာပြည်ကိုနှစ်ရက်ကြာ အလည်အပတ်နဲ့အလုပ်သဘောရောက်လာတဲ့ တရုတ်သမ္မတခရီးစဉ်ဟာ အတော် စိတ်ဝင်စားစရာကောင်းတဲ့ ကမ္ဘာ့သတင်းတစ်ပုဒ် ဖြစ်ပါတယ်။

တ ရုတ်တွေက မြန်မာနဲ့ပတ်သက်ပြီး ဘယ်အစိုးရတက်ရင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတဲ့နည်းဗျုဟာချလေ့ရှိပါတယ် ။ ပထမတစ်ချက်က မြန်မာပြည်နဲ့ နှစ်နိုင်ငံဆက် ဆံရေးကိုလမ်းပြမြေပုံအသစ်ရေးဆွဲချမှတ်သွား မဲ့အကြောင်းရယ် ။ ဒုတိယက နှစ်နိုင်ငံအကျိုးရှိ စေပြီး အတိုင်ပင်ခံ ပြောလေ့ပြောထရှိတဲ့ သူမ အရမ်း နှစ်သက်တဲ့စကားလုံး (Win Win Situation) ကို ထင်ဟက်စေမဲ့ဆက်ဆံရေးပုံစံသစ်တည်ဆောက်မယ့် အကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့တာပါ ။

အမှန်တော့ဒီကိစ္စက တရုတ်ကြီးအတွက် အလုပ်သင့်ဆုံးတစ်ခုပါ ။ နောက်တောင်ကျနေပြီလို့ ယူဆစရာရှိပါတယ် ။ တရုတ်ကြီးရဲ့ မဟာပြိုင်ဘက် အမေရီကန် ဂျပန် အိန္ဒိယလို စူပါနိုင်ငံကြီးတွေက ဝန်းရံလာတဲ့အထိဆွဲဆောင် နိုင်လာခဲ့တော့ တရုတ်မျက်ခုံးပင့်သွားခဲ့ရပြီပေါ့။ ဒါကြောင့် ရှီကျင်ဖျင့်အနေနဲ့ ငါတို့ဒီလိုသွားနေလို့ မရဘူးဆိုတာနားလည်လက်ခံသွားပြီးနောက် …

ကိုယ်တိုင်ကြွလှမ်းလာပြီး အပေါ်မှာ ကျနော် တင်ပြခဲ့သလို တန်းတူဆက်ဆံကြမယ် ။ နှစ်တွေ ထောင်နဲ့ချီပြီးအတူတူနေကြမယ်နော်လို့ ချုပ်ဇယားလေးတွေခင်းလာခဲ့ရပါတော့တယ် ။

စကားမစပ်ထည့်ပြောရရင် အမေရိကန် သမ္မတ ထရန့်က အင်မတန်လည်တဲ့ လူလည်ပါ ။ ရှီ မြန်မာပြည်ကို လာမယ့် သတင်း သူကြို သိနေပါတယ် ။ ဒါကြောင့် အာဆီယံခေါင်းဆောင်တွေ (သမ္မတ ၊ ဝန်ကြီးချုပ် တွေကိုဖိတ်ခေါ်တွေ့ဆုံဖို့အတွက် သမ္မတကိုကျော်ပြီး အတိုင်ပင်ခံကိုဖိတ်ခဲ့တာလက်ဖျားခါရတယ်) ကို တွေ့ဆုံပြီး မြန်မာပြည်အတွက် အကူအညီသီးသန့် ကမ္ဘာကိုအံ့ဩသွားအောင်ချပြချင်ပါတယ်ဆိုတဲ့ သတင်းနဲ့အတူ လှမ်းချုပ်ထားတဲ့အကွက်က ကြောက်စရာကြီးပါ ။

ကျောက်ဖြူကနေ အိန္ဒိယ သမုဒ္ဒရာကို ထွက်မယ့် တရုတ်ရဲ့ ပင်လယ် ထွက်ပေါက်ကို ပိတ်ဖို့က အမေရိကန်သမ္မတ ထရန့်ရဲ့ ဗျူဟာတစ်ခု ဖြစ်လာနိုင်ပါတယ်။ စီးပွားရေးအရ အဓိကပေါ့ ။ ရခိုင်ဒေသရဲ့ နောက်ကွယ်မှာ အဓိက ခြေကစားနေတာက တရုတ်နဲံ့ အမေရိကန်ပါ။ ICJ အမှုရဲ့ အဓိက လက်သည် ဘင်္ဂလာဒေရှ့်က အမေရိကန်၊ တရုတ် နှစ်နိုင်ငံလုံးကို တည့်အောင် ပေါင်းပြီး နိုင်ငံရေး အမြတ်ထုတ်နေတာပါ။ တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်ဖြစ်တဲ့ OBOR ကနေ မြန်မာက ပြန်ထွက်မယ်ဆိုရင် မြန်မာပြည်သည် တရုတ်ကြီးရဲ့ အရှင်သခင်အလိုလိုဖြစ်သွားပါပြီ ။ တည့်တည့်ပြောရရင် မြန်မာပြည်က တရုတ်ကို မကူညီရင် ရှီကျင်ဖျင့်အိပ်မက် ခါးပတ်လမ်းဆိုတာ မြောင်းထဲရောက်သွားပါလိမ့်မယ် ။

အဆုံးသပ်အနေနဲ့ပြောရရင် …

တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်မှာ အားပြိုင်တော့မှာကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရအနေဖြင့် လိမ္မာပါးနပ်စွာ Win Win Situation ဖြစ်အောင် တုံ့ပြန်နိုင်လိမ့်မည်ဟု မျှော်လင့်လျှက်…

Myat Htut (17 Jan 2020)