တ ရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ကို နိုင်ငံတော်သမ္မတက၊ သမ္မတအိမ်တော်မှာ တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမှာတော့ ရခိုင်နဲ့ ရှမ်းရိုးရာဟင်းလျာအများစုနဲ့တည်ခင်းဧည့်ခံခဲ့ပါတယ်။

ဟင်းလျာတွေထဲမှာ ခံတွင်းနူးစာအဖြစ် သီးရွက်စုံကင်ပေါင်းကြော်၊ ငါးသလဲထိုးကြော်၊ အသုတ်အဖြစ် ပင်လယ်စာနဲ့ ပဲကြာဇံသုတ်၊ ဟင်းချိုအဖြစ် ငါးခူ၊ ငါးဆုပ် ဆန်လှော်ဟင်းချိုတို့ပဲ ဖြစ်ပါတယ်။

အဓိက ဟင်းလျာအဖြစ် ယောက်သွားနဲ့ အပ်မှိုချက်၊ ဆယ်လမွန်ငါးကင်နဲ့ ရှမ်းမုန်ညှင်းချဉ်၊ ရခိုင်စတိုင် ကျော်ပုဇွန် ချက်၊ ကြက်နက်ပေါင်း၊ ဟင်းနုနွယ်ရွက်ကြော်၊ ဘာလချောင်ကြော်နဲ့ တို့စရာ အစုံ၊ ရှမ်းစတိုင်လ် ငါးထမင်းနယ်တို့ပဲ ဖြစ်ပါတယ်။

အချိုပွဲကတော့ ငှက်သိုက် သရက်သီးပူတင်းနဲ့ သစ်သီးစုံ၊ လက်ဖက်ရည်၊ ကော်ဖီနဲ့ မြန်မာ့ရိုးရာ ရေနွေးကြမ်းတို့ပဲ ဖြစ် ပါတယ်။

ဒီဟင်းပွဲ Menu တွေကို ဟိုတယ်တွေက အစိုးရဆီကို တင်ပြရတာ ဖြစ်ပြီး ဘယ်လိုဟင်းတွေ ချက်ပြုတ်ဧည်ခံသင့်သ လဲ ဆိုတာကို အတိုင်ပင်ခံကိုယ်တိုင် ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဒီဟင်းပွဲတွေကို စီစဉ်တဲ့ သင်္ဂဟဟိုတယ်ကနေ သိရပါတယ်။

“ကျောက်ပုဇွန် ဟင်းပွဲချတော့ အတိုင်ပင်ခံက တရုတ်သမ္မတကြီးကို အစပ်စားလားလို့ မေးတယ်။ ဟိုကလည်း စားပါတယ်လို့ ပြောတယ်၊ ကျမတို့ကလည်း ဒီဟင်းပွဲကို အစပ်မထည့်ထားဖူး။ စပ်သွားမှာ ဆိုးလို့” လို့ သင်္ဂဟ ဟိုတယ်က တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။

အခုဟင်းလျာတွေနဲ့ မနေ့က ညပိုင်းက နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲမှာ နိုင်ငံတော် အဆင့်ပုဂ္ဂိုလ် ၅၂ ဦးကို အထက်ပါအတိုင်း တည်ခင်းဧည့်ခံခဲ့တာ ဖြစ်ပါတယ်။

AYABBCBKR