

ပတ်ထရစ်ရှာ

ပတ်ထရစ်ရှာ

Unicode

ဆက်ဆီကျကျနဲ့ အရမ်းကို မိုက်နေတဲ့ သရုပ်ဆောင် စူးရှနိုင် (ပတ်ထရစ်ရှာ) ကိုတော့ ပရိသတ်တွေ အားပေးကြမယ်လို့ ထင်ပြီး ယောကျာ်းလေးတွေကတော့ ပိုပြီး အားပေးကြမယ်လို့ ထင်ပါတယ်။ သရုပ်ဆောင် စူးရှနိုင်ကတော့ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ပုံစံကို ပိုင်ဆိုင်ထားပြီး ကိုယ့်ကိုကိုယ် အမြဲ ယုံကြည်မှုရှိတဲ့ ပုံစံလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အမြဲတမ်းလည်း စမတ်ကျကျနေတတ်တဲ့ စူးရှနိုင်ကတော့ လက်ရှိမှာ ကောလဟာလလေး တခုကို ဖြေရှင်းလာတာ ဖြစ်ပါတယ်။

စူးရှနိုင်ကတော့ သူ့အနေနဲ့ အိပ်ရာပေါ်မှာ စောင်လေးခြုံထားတဲ့ ပုံလေး တပုံကတော့ ကောလဟာလ တခုအနေနဲ့ ပျံ့နှံနေတာ ဖြစ်ပါတယ်။ ဒါကိုတော့ စူးရှနိုင်က ပြန်ရှင်းထားတာပါ။ ဒီပုံလေးကတော့ စူးရှနိုင်ဟာ သူ့မွေးနေ့တုန်းက My Day မှာ တင်ခဲ့တဲ့ ပုံဖြစ်ပြီး ဒီပုံလေးကိုတော့ ပတ်ထရစ်ရှာ စပွန်ဆာနဲ့ ဟိုတယ်ပေါ်က ဗီဒီယို ပေါက်ကြား ဆိုပြီးတော့ ကောလဟာလတွေ ဖြစ်နေတာ ဖြစ်ပါတယ်။

ဒါကိုတော့ စူးရှနိုင်က သူ့ရဲ့ အကောင့်မှာ “ ဟာ စပွန်ဆာကြီး Liam ရိုက်ပေးထားတဲ့ video ပေါက်ကြားကုန်ပြီ ငါ့နှယ်လည်းကြုံလိုက်ရင် အဆန်းအကျယ်တွေပါအေ နာမည်ဖျက်စရာ ရှာမတွေ့တော့ နောက်ဆုံး ငါကိုယ်တိုင် တင်ထားတဲ့ video clip ကိုယူပြီး ပရိသတ်ကို ဂျင်းထည့်တာ နောက်ဆို တစ်မျိုးလုံး တစ်ဆွေလုံးပါ video ထဲထည့် ရိုက်ပြရမလို ဖြစ်နေပြီ” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

ဒါကိုတော့ သူနဲ့ ရင်းနှီးတဲ့သူက ရိုက်ပေးထားတာ ဖြစ်ပြီး နာမည်ဖျက်ချင်တဲ့ သူတွေကတော့ ဒီလိုမျိုး စပွန်ဆာနဲ့ ဟိုတယ်ပေါ်က ဗီဒီယိုဆိုပြီး တင်ထားကြတာ ဖြစ်ပါတယ်။ ဒါကိုတော့ ပရိသတ်တွေ အထင်လွဲမှားမှာစိုးတာကြောင့် စူးရှနိုင်ကတော့ ပြန်ရှင်းထားတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း စူးရှနိုင်(ပတ်ထရစ်ရှာ) ကို အားပေးတဲ့သူတွေ ပါကြလား။