ဧျငိမ္းျဖဴ ဟာ Laurel Art Academy ရဲ႕ အေမြဆက္ခံသူတစ္ဦး ျဖစ္ျပီး ျဖဴဥနုဖတ္ေနတဲ့ အသားေရာင္ေၾကာင့္ နို္င္ငံျခားမင္းသမီးအလား ထင္မွတ္မွားရသူေလးျဖစ္ပါတယ္။ ဧေလးလို႔ ခ်စ္စနိုးနဲ႔ ေခၚခံရတဲ့ ဧျငိမ္းျဖဴက သူမရဲ႕ Dance video ေလးေတြနဲ႔ ပရိသတ္ေတြရင္ထဲကုိ ထိုးေဖာက္ဝင္ေရာက္လာသူတစ္ဦးျဖစ္ျပီး အခုဆိုရင္ “A”ဆိုတဲ့ဇာတ္ကားၾကီးကုိ ရိုက္ကူးလ်က္ရွိိေနပါျပီ။ ဧျငိမ္းျဖဴက အရင္ေခတ္က အသံဇာတ္လမ္းေတြကုိလည္း ျပန္လည္ရိုက္ကူးသရုပ္ေဆာင္ထားျပီး ပရိသတ္ေတြရဲ႕တခဲနက္အားေပးမႈကုိရရွိထားသူျဖစ္ပါတယ္။

ရဲရင့္ေအာင္နဲ႔ ဧျငိမ္းျဖဴတို႔စံုတြဲေလးဟာ သူငယ္ခ်င္းအျဖစ္ကေန ခ်စ္သူအျဖစ္ကို ကူးေျပာင္းလာသူေတြျဖစ္ျပီး ရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္နဲ႔ တစ္ဦးနဲ႔တစ္ဦး မ်က္စိေအာက္က အေပ်ာက္မခံနုိင္ေအာင္ ခ်စ္ၾကသူေတြပါ။ သူတို႔စံုတြဲေလးက ျပတ္စဲလမ္းခြဲျပီဆိုတဲ့ အသံေတြမၾကာခဏ ထြက္လာခဲ့ေပမယ့္ အခုထိ လက္တြဲေတြခိုင္ျမဲေနဆဲျဖစ္ျပီး တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြနဲ႔ ခ်စ္ၾကသလုိ မထင္မွတ္ထားတဲ့ surprise ေလးေတြလည္း အျပန္အလွန္လုပ္ေပးျပီး သာယာတဲ့အခ်စ္ေရးေလးကုိပုိင္ဆုိင္ထားသူေတြလည္းျဖစ္ပါတယ္။

မၾကာေသးမိီက ဧျငိမ္းျဖဴက လူငယ္္ေတြထံုးစံအတုိင္း ရဲရင့္ေအာင္နဲ႔ ကေတာက္ကဆေလးေတြျဖစ္ခဲ့ျပီး လူမႈကြန္ယက္ေပၚမွာ ျပတ္စဲေၾကာင္း စာတင္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ျပန္အဆင္ေျပသြားခဲ့ျပီး A က ပဲ ေခ်ာ့လိုက္ရတယ္လို႔ ဆိုပါတယ္။ ဧက အဲဒီလို တင္ခဲ့လို႔ ရဲရင့္ေအာင္ဆူတာခံရေၾကာင္း မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာေျပာျပခဲ့ပါတယ္။ A က အဲဒီကိစၥနဲ႔ပတ္သက္ျပီး “A အရမ္းစိတ္ဆိုးျပီးေတာ့ တင္လိုက္တာ။ ဒါေပမယ့္ A ခ်က္ခ်င္းျပန္ဖ်က္လို္က္ပါတယ္။ ဒါေပမယ့္ screenshot ေတြက ပ်ံ႕သြားတာေပါ့ေနာ္။ အဲဒီအခ်ိန္မွာ ေၾသာ္ သူေတာ့ ငါ့ကုိအရမ္းစိတ္ဆိုးေနေတာ့မွာပဲဆိုျပီး A ပဲ ျပန္ေခ်ာ့လိုက္ပါတယ္။ သူမၾကိဳက္တဲ့အရာကို A လုပ္ခဲ့မိတယ္ဆိုေတာ့ A မွားတာေပါ့ေနာ္ ဟုတ္” လို႔ ေျပာျပထားပါတယ္။

ရဲရင့္ေအာင္က ျပႆနာျဖစ္ရင္ အေလ်ွာ့ေပးတာမ်ိဳး၊ ေခ်ာ့တာမ်ိဳးမရွိဘူးလို႔လည္း “သူကေတာ့ ျဖစ္တဲ့ ျပႆနာေပၚမွာ အေလွ်ာ့မေပးတတ္ဘူး။ အေလွ်ာ့မေပးဘူးဆိုတာက ဟုိလိုေတာ့မဟုတ္ဘူး။ ျဖစ္ေစခ်င္တဲ့အေၾကာင္းအရာေပါ့။ ဒီလိုျပႆနာေတြျဖစ္လာရင္ ဒီျပႆနာကုိ ဘယ္လုိမ်ိဳး ေျဖရွင္းရမလဲ။ ဒါက ဒီလိုမ်ိဳး ျဖစ္ရမွာမဟုတ္ဘူးဆုိတဲ့ဟာကုိ သူက နားလည္ေအာင္ အျမဲတမ္းရွင္းျပတယ္။ A ကုိေတာ့ သူက ကေလးတစ္ေယာက္လို အျမဲတမ္း ေခ်ာ့ေမာ့ျပီးမေျပာတတ္ဘူး။ ျဖစ္ရင္ ျဖစ္တဲ့ဟာကုိဒဲ့ေျပာတယ္။ အဲ့လိုမ်ိဳးေလးေၾကာင့္လည္း A က အမ်ားၾကီး ရင့္က်က္ေျပာင္းလဲလာတာပါ”လို႔ ေျဖၾကားထားပါတယ္။

ျပတ္သြားျပီလို႔ တင္ခဲ့တာေၾကာင့္လည္း အဆူခံရတယ္လို႔ A က “နင္ကတဲ့ ဇာတ္တဲ့ နင့္ဟာနင္ နုိင္ေအာင္ ဆက္ကေတာ့တဲ့ဆိုျပီးေတာ့ A ကုိ ဆူတယ္”လို႔ ေျပာျပထားျပီး ရန္ျဖစ္ရင္ အျပန္အလွန္ေခ်ာ့ၾကတာမ်ိဳးေတာ့ရွိတယ္လို႔ “ျဖစ္တဲ့ျပႆနာေပၚ မူတည္တာေပါ့ေနာ္။ တစ္ခါတစ္ေလက်ရင္ ကိုယ္မွားလို႔ ရွိရင္ ကုိယ္အေလွ်ာ့ေပးလိုက္တယ္။ သူမွားတဲ့အခါလည္း သူအေလွ်ာ့ေပးတယ္။ ခ်စ္သူနွစ္ဦးၾကားထဲမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္အျပန္အလွန္ေခ်ာ့ၾကတာမ်ိဳးေတာ့ရွိပါတယ္”လို႔ ေျဖၾကားသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ရဲရင့္ေအာင္နဲ႔ ဧျငိမ္းျဖဴကုိ ခ်စ္ၾကလား။ ဧျငိမ္းျဖဴရဲ႕ “A” ဇာတ္ကားၾကီးကို ေစာင့္ေမွ်ာ္ေနၾကျပီလား။ A ပါဝင္တဲ့ ဝကၤပါလမ္းမမ်ား ဇာတ္လမ္းတြဲကိုေရာ အားေပးၾကည့္ရႈၾကမွာလား။ A ရဲ႕ ေနာက္ထပ္အနုပညာအလုပ္ေတြကုိေရာ အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Unicode

ဧငြိမ်းဖြူဟာ Laurel Art Academy ရဲ့ အမွေဆက်ခံသူတစ်ဦး ဖြစ်ပြီး ဖြူဥနုဖတ်နေတဲ့ အသားရောင်ကြောင့် နိုင်ငံခြားမင်းသမီးအလား ထင်မှတ်မှားရသူလေးဖြစ်ပါတယ်။ ဧလေးလို့ ချစ်စနိုးနဲ့ ခေါ်ခံရတဲ့ ဧငြိမ်းဖြူက သူမရဲ့ Dance video လေးတွေနဲ့ ပရိသတ်တွေရင်ထဲကို ထိုးဖောက်ဝင်ရောက်လာသူတစ်ဦးဖြစ်ပြီး အခုဆိုရင် “A”ဆိုတဲ့ဇာတ်ကားကြီးကို ရိုက်ကူးလျက်ရှိနေပါပြီ။ ဧငြိမ်းဖြူက အရင်ခေတ်က အသံဇာတ်လမ်းတွေကိုလည်း ပြန်လည်ရိုက်ကူးသရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးဟာ သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဖြစ်ကို ကူးပြောင်းလာသူတွေဖြစ်ပြီး ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ တစ်ဦးနဲ့တစ်ဦး မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ကြသူတွေပါ။ သူတို့စုံတွဲလေးက ပြတ်စဲလမ်းခွဲပြီဆိုတဲ့ အသံတွေမကြာခဏ ထွက်လာခဲ့ပေမယ့် အခုထိ လက်တွဲတွေခိုင်မြဲနေဆဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ချစ်ကြသလို မထင်မှတ်ထားတဲ့ surprise လေးတွေလည်း အပြန်အလှန်လုပ်ပေးပြီး သာယာတဲ့အချစ်ရေးလေးကိုပိုင်ဆိုင်ထားသူတွေလည်းဖြစ်ပါတယ်။

မကြာသေးမီက ဧငြိမ်းဖြူက လူငယ်တွေထုံးစံအတိုင်း ရဲရင့်အောင်နဲ့ ကတောက်ကဆလေးတွေဖြစ်ခဲ့ပြီး လူမှုကွန်ယက်ပေါ်မှာ ပြတ်စဲကြောင်း စာတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြန်အဆင်ပြေသွားခဲ့ပြီး A က ပဲ ချော့လိုက်ရတယ်လို့ ဆိုပါတယ်။ ဧက အဲဒီလို တင်ခဲ့လို့ ရဲရင့်အောင်ဆူတာခံရကြောင်း မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာပြောပြခဲ့ပါတယ်။ A က အဲဒီကိစ္စနဲ့ပတ်သက်ပြီး “A အရမ်းစိတ်ဆိုးပြီးတော့ တင်လိုက်တာ။ ဒါပေမယ့် A ချက်ချင်းပြန်ဖျက်လိုက်ပါတယ်။ ဒါပေမယ့် screenshot တွေက ပျံ့သွားတာပေါ့နော်။ အဲဒီအချိန်မှာ သြော် သူတော့ ငါ့ကိုအရမ်းစိတ်ဆိုးနေတော့မှာပဲဆိုပြီး A ပဲ ပြန်ချော့လိုက်ပါတယ်။ သူမကြိုက်တဲ့အရာကို A လုပ်ခဲ့မိတယ်ဆိုတော့ A မှားတာပေါ့နော် ဟုတ်” လို့ ပြောပြထားပါတယ်။

ရဲရင့်အောင်က ပြဿနာဖြစ်ရင် အလျှော့ပေးတာမျိုး၊ ချော့တာမျိုးမရှိဘူးလို့လည်း “သူကတော့ ဖြစ်တဲ့ ပြဿနာပေါ်မှာ အလျှော့မပေးတတ်ဘူး။ အလျှော့မပေးဘူးဆိုတာက ဟိုလိုတော့မဟုတ်ဘူး။ ဖြစ်စေချင်တဲ့အကြောင်းအရာပေါ့။ ဒီလိုပြဿနာတွေဖြစ်လာရင် ဒီပြဿနာကို ဘယ်လိုမျိုး ဖြေရှင်းရမလဲ။ ဒါက ဒီလိုမျိုး ဖြစ်ရမှာမဟုတ်ဘူးဆိုတဲ့ဟာကို သူက နားလည်အောင် အမြဲတမ်းရှင်းပြတယ်။ A ကိုတော့ သူက ကလေးတစ်ယောက်လို အမြဲတမ်း ချော့မော့ပြီးမပြောတတ်ဘူး။ ဖြစ်ရင် ဖြစ်တဲ့ဟာကိုဒဲ့ပြောတယ်။ အဲ့လိုမျိုးလေးကြောင့်လည်း A က အများကြီး ရင့်ကျက်ပြောင်းလဲလာတာပါ”လို့ ဖြေကြားထားပါတယ်။

ပြတ်သွားပြီလို့ တင်ခဲ့တာကြောင့်လည်း အဆူခံရတယ်လို့ A က “နင်ကတဲ့ ဇာတ်တဲ့ နင့်ဟာနင် နိုင်အောင် ဆက်ကတော့တဲ့ဆိုပြီးတော့ A ကို ဆူတယ်”လို့ ပြောပြထားပြီး ရန်ဖြစ်ရင် အပြန်အလှန်ချော့ကြတာမျိုးတော့ရှိတယ်လို့ “ဖြစ်တဲ့ပြဿနာပေါ် မူတည်တာပေါ့နော်။ တစ်ခါတစ်လေကျရင် ကိုယ်မှားလို့ ရှိရင် ကိုယ်အလျှော့ပေးလိုက်တယ်။ သူမှားတဲ့အခါလည်း သူအလျှော့ပေးတယ်။ ချစ်သူနှစ်ဦးကြားထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ချော့ကြတာမျိုးတော့ရှိပါတယ်”လို့ ဖြေကြားသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူကို ချစ်ကြလား။ ဧငြိမ်းဖြူရဲ့ “A” ဇာတ်ကားကြီးကို စောင့်မျှော်နေကြပြီလား။ A ပါဝင်တဲ့ ဝင်္ကပါလမ်းမများ ဇာတ်လမ်းတွဲကိုရော အားပေးကြည့်ရှုကြမှာလား။ A ရဲ့ နောက်ထပ်အနုပညာအလုပ်တွေကိုရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။