ထူးျခားေသာ ခမုံ ဆရာေတာ္ႀကီး

ျမန္ မာနိုင္ငံ ပဋိပတၱိသမိုင္းတစ္ေလ်ာက္ ထူးျခားလွတဲ့သံဃာေတာ္မ်ား လူပုဂၢိဳလ္မ်ားအေျမာက္အမ်ားရွိၾကတဲ့ ထဲမွာ ဖိနပ္မစီး ထီးမေဆာင္း ေက်ာင္း ၁၂ ေက်ာင္းကိုေခါင္းေလာင္းထိုးလႈခဲ့တဲ့ ခမံုဆရာေတာ္ႀကီး လည္းတစ္ပါး အပါအဝင္ျဖစ္ပါတယ္ ။

ဆရာေတာ္ႀကီးဟာ အရပ္ျမင့္ျမင့္ အသားျဖဴ ျဖဴ ၾကည္လင္ေသာအသားအရည္ ခန္႔ညားတဲ့ ဥပဓိရုပ္နဲ႔ ျပည့္စုံတဲ့ ဆရာေတာ္ႀကီးျဖစ္ျပီး အျမဲတမ္း တက္ႂကြရႊင္လန္းစြာ ပရိတ္သတ္နဲ႔ တရင္းတႏီွးေနေလ့ရွိပါတယ္ ။

ဆရာေတာ္ႀကီးရဲ႕ဓမၼစြမ္းအား ေလာကီစြမ္းအားမည္မ်ွထိ ရွိတယ္ဆိုတာကို သာမန္လူတို႔ ခန္႔မွန္းဖို႔ မျဖစ္နိုင္ေပမယ့္ ကာလတစ္ခုထိ တပည့္သာဝကအျဖစ္ အတူရွိေနခဲ့ဖူးတဲ့အဘဦးေကာင္းခန္႔ရဲ႕အေတြ႕အႀကံဳမ်ားအရ ဆရာေတာ္ႀကီးဟာ ထူးျခားေသာဝိေသသရွိတဲ့ ဆရာေတာ္တစ္ပါးျဖစ္တယ္ဆိုတာ ေျမႀကီးလက္ခတ္ မလြဲသိရွိရပါတယ္။

လြန္ခဲ့ေသာ ႏွစ္ ၃၀ ေက်ာ္ခန္႔ ရန္ကုန္တိုင္း သာေကတၿမိဳ႕နယ္မွာရွိတဲ့ဒကာအရင္း တစ္ေယာက္ေနအိမ္ကိုတစ္ညတာ ႂကြေရာက္သတင္းသုံးစဥ္အခါက ထိုစဥ္က တိုက္တိုက္ဆိုင္ဆိုင္ ဇိနမာရ္ေအာင္ေစတီႀကီးတည္ေနတဲ့ အခ်ိန္လည္းျဖစ္ပါတယ္။

ညဦးပိုင္း တရားေဟာလို႔အျပီး ဒကာေကာင္းေရလာဗ်ာ ဇိနမာရ္ေအာင္ဘုရားသြားၾကရေအာင္ ဆိုင္းလည္းနားေထာင္ရင္း စိန္ေအာင္မင္းနဲ႔လည္း စကားေျပာရင္းေပါ့ ခုတင္ သာေကတေရာက္လာတာ ဘုရားမွာဆိုင္းတီးေနတာကို ဘယ္လိုမ်ား သိပါလိမ့္ ျပီးေတာ့ စိန္ေအာင္မင္းနဲ႕လည္း စကားေျပာမလို႔တဲ့ စဥ္စားခ်ိန္မရခင္ပဲ ေျခလွမ္းျမန္တဲ့ဆရာေတာ့္ကို အမီလိုက္ရင္း ဇိနမာရ္ေအာင္ဘုရားကို ေရာက္သြားၾကပါတယ္ ။

ေစတီေတာ္ဝင္းတစ္ခုလုံး လူပရိတ္သတ္ေတြအျပင္ရဟန္းသာမေဏေတြနဲ႔ပါ ႀကိတ္ႀကိတ္တိုးစည္ကားေနျပီး ဘုရားဝင္းတစ္ေနရာမွာေတာ့ ျမစည္သူဆိုင္းအဖြဲ႕နဲ႔အတူ ဝဏၰေက်ာ္ထင္စိန္ေအာင္မင္းကလည္းရတုပိုဒ္စုံသီဆိုေနတာေတြ႕ရပါတယ္။

ဆရာေတာ္ႀကီးဟာ ပရိတ္အစြန္မွာရပ္ေနရင္း အနီးနားက ဘုရားလုံျခံဳေရးတစ္ေယာက္ကို လွမ္းေခၚလိုက္ပီး ေဟ့ ဟိုစင္ေပၚမွာ ရတုဆိုေနတဲ့ စိန္ေအာင္မင္းကိုသြားေခၚခ်ည္ ဒီမွာခမံုဆရာေတာ္ေရာက္ေနတယ္အခုလာခဲ့လို႔ သြားေျပာလိုက္သံေနသံထားနဲ႔ ရတုသီဆိုေနတဲ့ စိန္ေအာင္မင္းဟာသီဆိုလက္စကို ရုတ္တရက္ရပ္တန္႔လိုက္ပီး ပရိတ္သတ္ကို ေခတၱေစာင့္ဆိုင္းေပးဖို႔ ေတာင္းပန္ရင္း ဆရာေတာ္ႀကီးရွိရာကို ပ်ာပ်ာသလဲ ေရာက္လာပါတယ္။ဆရာေတာ္ႀကီးရဲ႕ေျခအစုံကိုဦးတိုက္ရွိခိုးေနတာကိုၾကည့္ပီး အနီးနားက ပရိတ္သတ္ေတြလည္းခမံုဆရာေတာ္ႀကီးမွန္း ခုမွသိရလို႔ အ့ံၾသစြာနဲ႔ဝိုင္းအုံလာျပီး ရွိခိုးကန္ေတာ့ၾကပါတယ္။

ေအး ဘယ္ႏွယ့္လည္း ဥၾသေရႊေကာ ေနေကာင္းရဲ႕လား မနက္ ၅ နာရီ မင္းအိမ္ကို ငါႂကြလာမယ္ဥၾသေရႊကို ၾကာဆံေၾကာ္ကပ္ဖို႔ အသင့္ျပင္ထားလို႔ေျပာလိုက္ ၾကားလား ကဲကဲ ငါျပန္ႂကြေတာ့မယ္ မင္းလည္း ရတုဆက္ဆိုေတာ့ မနက္ ၅ နာရီအေရာက္ စိန္ေအာင္မင္းအိမ္ကိုႂကြဖို႔ျခင္ေထာင္ထဲမွာက်ိန္းစက္ေနတဲ့ ဆရာေတာ္ႀကီးကိုအခ်ိန္မွီႏႈိးရမယ့္အေတြးနဲ႔ မၾကာခဏ နာရီထၾကည့္ေနရင္း ဘယ္လိုအိပ္ေပ်ာ္သြားမွန္းမသိတဲ့ အဘဦးေကာင္းခန္႔ဟာ ရုတ္တရက္နိုးလာလို႔ နာရီကိုလွမ္းၾကည့္လိုက္ေတာ့ မနက္ ၆ နာရီထိုးေနပါျပီ။

ဒုကၡပါပဲငါလည္းဘယ္လိုအိပ္ေပ်ာ္သြား မွန္းမသိဘူးဆရာေတာ္ႀကီးလည္းခုထိအိပ္ေပ်ာ္ေနတုန္းမို႔ မႏႈိးရဲဘူး ခုမွ ဂြက်ျပီ၊ဦးေကာင္းခန္႔တစ္ေယာက္ ဘာလုပ္ရမွန္းမသိပဲ အႀကံအိုက္ေနရင္း တစ္စုံတစ္ခုကိုသတိရလိုက္မိပါတယ္ ဆရာေတာ္ႀကီးဟာ သူ႔ကတိကို ဘယ္ေတာ့မွမပ်က္ဖူးဘူး

ဒါဆိုတန္ေတာ့ ဦးေကာင္းခန္႔ဟာ ဆရာေတာ္ႀကီးက်ိန္းစက္ေနတာ ကို ေသခ်ာၾကည့္ပီးတဲ့ခ်ိန္မွာပဲ စက္ဘီးအျမန္စီးပီးဘဘစိန္ေအာင္မင္းတို႔တိုက္ကို ေရာက္သြားပါတယ္။အိမ္ထဲကိုလွမ္းၾကည့္လိုက္ေတာ့ ဘုရားခန္းမွာ ထိုင္ၿပီး ၾကာဆံေၾကာ္ဘုဥ္းေပးေနတဲ့ ဆရာေတာ္ႀကီးကိုထူးဆန္းအ့ံၾသစြာေတြ႕လိုက္ရပါေတာ့တယ္ အိမ္မွာလည္း က်ိန္းစက္ေနပါလ်က္ ဒီကို ဘယ္လိုေရာက္ေနပါလိမ့္ မျဖစ္ေသးပါဘူး အိမ္အျမန္ျပန္ၾကည့္ဦးမွဆိုပီး အိမ္ကိုအျမန္ျပန္လာ ဆရာေတာ္အိပ္တဲ့ အိပ္ယာကိုၾကည့္လိုက္ေတာ့ ဒကာေကာင္းႏွယ္ တိုက္ေရွ႕ေရာက္ပါရက္နဲ႔ ဘာလို႔ မဝင္လာတာလည္း ကဲ ေရာ့ေရာ့ ဒကာေကာင္းစားဖို႔က်ဳပ္ၾကာဆံေၾကာ္ယူလာခဲ့တယ္ ။

အဆာေျပေလးစားလိုက္ပါဦးဆိုပီး ထိုင္ခုံေပၚကေန ျပံဳးရႊင္စြာ ဆီးႀကိဳေျပာလိုက္တဲ့ ဆရာေတာ္ႀကီးကိုၾကည့္ပီး ဦးေကာင္းခန္႔ဟာ ၾကက္သီးေမြးညွင္းထမတတ္ ၾကည္ညိဳစြာနဲ႔ဆရာေတာ္ႀကီးရဲ႕ေျခအစုံကို ဦးခ် ကန္ေတာ့့လိုက္ပါေတာ့တယ္။အေလာင္းေတာ္ကႆပမွာသိမ္သမုတ္ေတာ ္မူျပီးေတာတန္းေလးအတိုင္း ျပန္ႂကြလာတဲ့ ခမုံဆရာေတာ္ႀကီးဟာ သပိတ္ကိုလြယ္ ထန္းရြက္ယပ္နဲ႔မို႔အလြန္ကို သပၸာယ္ၾကည္ညိဳဖြယ္ေကာင္းလွပါတယ္။

လမ္းခြတ္လပ္တစ္ေနရာအေရာက္မွာ ရုတ္တရက္ရပ္တန္႔ေတာ္မူလိုက္ပီး တစ္ပါးထဲစကားေျပာေနဟန္ေတြ႕လိုက္ရတဲ့ျမန္မာစာဌာနကထိကဦးမ်ဳိးျမင့္ဟာထူးျခားတဲ့ျမင္ကြင္းမို႔ အသင့္ပါလာတဲ့ ကင္မရာနဲ႔ဓါတ္ပုံရိုက္ကူးလိုက္ပါတယ္။ရန္ကုန္ကိုျပန္ေရာက္လို႔ဓါတ္ပုံေဆးကူးၾကည့္တဲ့ခါမွာေတာ့ ရပ္ေတာ္မူေနတဲ့ ဆရာေတာ္ႀကီးရဲ႕ေရွ႕မွာ ေဇာ္ဂ်ီတစ္ပါးက နာနတ္သီးတစ္လုံးကပ္လႈေနတဲ့ပုံကို အ့ံၾသစြာေတြ႕လိုက္ရပါတယ္ ။

ဆရာေတာ္ႀကီးကိုေလ်ာက္ထားေမးျမန္းၾကည့္တဲ့ခါ ေဇာ္ဂ်ီဟာအတိတ္ဘဝက ဆရာေတာ္စပ္ခဲ့ဖူးေၾကာင္းဟိမဝႏၲာမွာ ေနထိုင္ပီး ဆရာေတာ္ႀကီးရဲ႕ တရားကိုနာၾကားရတဲ့အတြက္ ၾကည္ညိဳစြာျဖင့္ခုလိုသစ္သီးလာေရာက္ကပ္လႈတာျဖစ္ေၾကာင္း ေျဖၾကားေတာ္မူခဲ့ပါတယ္။

ကုသိုလ္သဒၶါပြါးမ်ားနိုင္ရန္အတြက္ ဓါတ္ပုံကိုကူးယူေဖာ္ျပေပးလိုက္ပါတယ္။ အလ်ဥ္းသင့္တဲ့ခါ အျခားထူးျခားေသာ အျဖစ္အပ်က္မ်ားကိုလည္း ထပ္မံေရးသား တင္ျပေပးပါ့မယ္ ။

ဦးမင္​း-credit -မူရင္​း

Unicode

ဆရာတော်ကြီးတစ်ပါးထဲ စကားပြောနေဟန်တွေ့လိုက်ရသဖြင့် ကင်မရာနဲ့ရိုက်လိုက်သောအခါ ဇော်ဂျီတစ်ပါးအံ့သြစွာတွေ့လိုက်ရတဲ့ ထူးခြားသော ခမုံ ဆရာတော်ကြီ

ထူးခြားသော ခမုံ ဆရာတော်ကြီး

မြန်မာနိုင်ငံ ပဋိပတ္တိသမိုင်းတစ်လျောက် ထူးခြားလှတဲ့သံဃာတော်များ လူပုဂ္ဂိုလ်များအမြောက်အများရှိကြတဲ့ ထဲမှာ ဖိနပ်မစီး ထီးမဆောင်း ကျောင်း ၁၂ ကျောင်းကိုခေါင်းလောင်းထိုးလှုခဲ့တဲ့ ခမုံဆရာတော်ကြီး လည်းတစ်ပါး အပါအဝင်ဖြစ်ပါတယ် ။

ဆရာတော်ကြီးဟာ အရပ်မြင့်မြင့် အသားဖြူ ဖြူ ကြည်လင်သောအသားအရည် ခန့်ညားတဲ့ ဥပဓိရုပ်နဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးဖြစ်ပြီး အမြဲတမ်း တက်ကြွရွှင်လန်းစွာ ပရိတ်သတ်နဲ့ တရင်းတနှီးနေလေ့ရှိပါတယ် ။

ဆရာတော်ကြီးရဲ့ဓမ္မစွမ်းအား လောကီစွမ်းအားမည်မျှထိ ရှိတယ်ဆိုတာကို သာမန်လူတို့ ခန့်မှန်းဖို့ မဖြစ်နိုင်ပေမယ့် ကာလတစ်ခုထိ တပည့်သာဝကအဖြစ် အတူရှိနေခဲ့ဖူးတဲ့အဘဦးကောင်းခန့်ရဲ့အတွေ့အကြုံများအရ ဆရာတော်ကြီးဟာ ထူးခြားသောဝိသေသရှိတဲ့ ဆရာတော်တစ်ပါးဖြစ်တယ်ဆိုတာ မြေကြီးလက်ခတ် မလွဲသိရှိရပါတယ်။

လွန်ခဲ့သော နှစ် ၃၀ ကျော်ခန့် ရန်ကုန်တိုင်း သာကေတမြို့နယ်မှာရှိတဲ့ဒကာအရင်း တစ်ယောက်နေအိမ်ကိုတစ်ညတာ ကြွရောက်သတင်းသုံးစဉ်အခါက ထိုစဉ်က တိုက်တိုက်ဆိုင်ဆိုင် ဇိနမာရ်အောင်စေတီကြီးတည်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။

ညဦးပိုင်း တရားဟောလို့အပြီး ဒကာကောင်းရေလာဗျာ ဇိနမာရ်အောင်ဘုရားသွားကြရအောင် ဆိုင်းလည်းနားထောင်ရင်း စိန်အောင်မင်းနဲ့လည်း စကားပြောရင်းပေါ့ ခုတင် သာကေတရောက်လာတာ ဘုရားမှာဆိုင်းတီးနေတာကို ဘယ်လိုများ သိပါလိမ့် ပြီးတော့ စိန်အောင်မင်းနဲ့လည်း စကားပြောမလို့တဲ့ စဉ်စားချိန်မရခင်ပဲ ခြေလှမ်းမြန်တဲ့ဆရာတော့်ကို အမီလိုက်ရင်း ဇိနမာရ်အောင်ဘုရားကို ရောက်သွားကြပါတယ် ။

စေတီတော်ဝင်းတစ်ခုလုံး လူပရိတ်သတ်တွေအပြင်ရဟန်းသာမဏေတွေနဲ့ပါ ကြိတ်ကြိတ်တိုးစည်ကားနေပြီး ဘုရားဝင်းတစ်နေရာမှာတော့ မြစည်သူဆိုင်းအဖွဲ့နဲ့အတူ ဝဏ္ဏကျော်ထင်စိန်အောင်မင်းကလည်းရတုပိုဒ်စုံသီဆိုနေတာတွေ့ရပါတယ်။

ဆရာတော်ကြီးဟာ ပရိတ်အစွန်မှာရပ်နေရင်း အနီးနားက ဘုရားလုံခြုံရေးတစ်ယောက်ကို လှမ်းခေါ်လိုက်ပီး ဟေ့ ဟိုစင်ပေါ်မှာ ရတုဆိုနေတဲ့ စိန်အောင်မင်းကိုသွားခေါ်ချည် ဒီမှာခမုံဆရာတော်ရောက်နေတယ်အခုလာခဲ့လို့ သွားပြောလိုက်သံနေသံထားနဲ့ ရတုသီဆိုနေတဲ့ စိန်အောင်မင်းဟာသီဆိုလက်စကို ရုတ်တရက်ရပ်တန့်လိုက်ပီး ပရိတ်သတ်ကို ခေတ္တစောင့်ဆိုင်းပေးဖို့ တောင်းပန်ရင်း ဆရာတော်ကြီးရှိရာကို ပျာပျာသလဲ ရောက်လာပါတယ်။ဆရာတော်ကြီးရဲ့ခြေအစုံကိုဦးတိုက်ရှိခိုးနေတာကိုကြည့်ပီး အနီးနားက ပရိတ်သတ်တွေလည်းခမုံဆရာတော်ကြီးမှန်း ခုမှသိရလို့ အ့ံသြစွာနဲ့ဝိုင်းအုံလာပြီး ရှိခိုးကန်တော့ကြပါတယ်။

အေး ဘယ်နှယ့်လည်း ဥသြရွှေကော နေကောင်းရဲ့လား မနက် ၅ နာရီ မင်းအိမ်ကို ငါကြွလာမယ်ဥသြရွှေကို ကြာဆံကြော်ကပ်ဖို့ အသင့်ပြင်ထားလို့ပြောလိုက် ကြားလား ကဲကဲ ငါပြန်ကြွတော့မယ် မင်းလည်း ရတုဆက်ဆိုတော့ မနက် ၅ နာရီအရောက် စိန်အောင်မင်းအိမ်ကိုကြွဖို့ခြင်ထောင်ထဲမှာကျိန်းစက်နေတဲ့ ဆရာတော်ကြီးကိုအချိန်မှီနှိုးရမယ့်အတွေးနဲ့ မကြာခဏ နာရီထကြည့်နေရင်း ဘယ်လိုအိပ်ပျော်သွားမှန်းမသိတဲ့ အဘဦးကောင်းခန့်ဟာ ရုတ်တရက်နိုးလာလို့ နာရီကိုလှမ်းကြည့်လိုက်တော့ မနက် ၆ နာရီထိုးနေပါပြီ။

ဒုက္ခပါပဲငါလည်းဘယ်လိုအိပ်ပျော်သွား မှန်းမသိဘူးဆရာတော်ကြီးလည်းခုထိအိပ်ပျော်နေတုန်းမို့ မနှိုးရဲဘူး ခုမှ ဂွကျပြီ၊ဦးကောင်းခန့်တစ်ယောက် ဘာလုပ်ရမှန်းမသိပဲ အကြံအိုက်နေရင်း တစ်စုံတစ်ခုကိုသတိရလိုက်မိပါတယ် ဆရာတော်ကြီးဟာ သူ့ကတိကို ဘယ်တော့မှမပျက်ဖူးဘူး

ဒါဆိုတန်တော့ ဦးကောင်းခန့်ဟာ ဆရာတော်ကြီးကျိန်းစက်နေတာ ကို သေချာကြည့်ပီးတဲ့ချိန်မှာပဲ စက်ဘီးအမြန်စီးပီးဘဘစိန်အောင်မင်းတို့တိုက်ကို ရောက်သွားပါတယ်။အိမ်ထဲကိုလှမ်းကြည့်လိုက်တော့ ဘုရားခန်းမှာ ထိုင်ပြီး ကြာဆံကြော်ဘုဉ်းပေးနေတဲ့ ဆရာတော်ကြီးကိုထူးဆန်းအ့ံသြစွာတွေ့လိုက်ရပါတော့တယ် အိမ်မှာလည်း ကျိန်းစက်နေပါလျက် ဒီကို ဘယ်လိုရောက်နေပါလိမ့် မဖြစ်သေးပါဘူး အိမ်အမြန်ပြန်ကြည့်ဦးမှဆိုပီး အိမ်ကိုအမြန်ပြန်လာ ဆရာတော်အိပ်တဲ့ အိပ်ယာကိုကြည့်လိုက်တော့ ဒကာကောင်းနှယ် တိုက်ရှေ့ရောက်ပါရက်နဲ့ ဘာလို့ မဝင်လာတာလည်း ကဲ ရော့ရော့ ဒကာကောင်းစားဖို့ကျုပ်ကြာဆံကြော်ယူလာခဲ့တယ် ။

အဆာပြေလေးစားလိုက်ပါဦးဆိုပီး ထိုင်ခုံပေါ်ကနေ ပြုံးရွှင်စွာ ဆီးကြိုပြောလိုက်တဲ့ ဆရာတော်ကြီးကိုကြည့်ပီး ဦးကောင်းခန့်ဟာ ကြက်သီးမွေးညှင်းထမတတ် ကြည်ညိုစွာနဲ့ဆရာတော်ကြီးရဲ့ခြေအစုံကို ဦးချ ကန်တော့့လိုက်ပါတော့တယ်။အလောင်းတော်ကဿပမှာသိမ်သမုတ်တော ်မူပြီးတောတန်းလေးအတိုင်း ပြန်ကြွလာတဲ့ ခမုံဆရာတော်ကြီးဟာ သပိတ်ကိုလွယ် ထန်းရွက်ယပ်နဲ့မို့အလွန်ကို သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှပါတယ်။

လမ်းခွတ်လပ်တစ်နေရာအရောက်မှာ ရုတ်တရက်ရပ်တန့်တော်မူလိုက်ပီး တစ်ပါးထဲစကားပြောနေဟန်တွေ့လိုက်ရတဲ့မြန်မာစာဌာနကထိကဦးမျိုးမြင့်ဟာထူးခြားတဲ့မြင်ကွင်းမို့ အသင့်ပါလာတဲ့ ကင်မရာနဲ့ဓါတ်ပုံရိုက်ကူးလိုက်ပါတယ်။ရန်ကုန်ကိုပြန်ရောက်လို့ဓါတ်ပုံဆေးကူးကြည့်တဲ့ခါမှာတော့ ရပ်တော်မူနေတဲ့ ဆရာတော်ကြီးရဲ့ရှေ့မှာ ဇော်ဂျီတစ်ပါးက နာနတ်သီးတစ်လုံးကပ်လှုနေတဲ့ပုံကို အ့ံသြစွာတွေ့လိုက်ရပါတယ် ။

ဆရာတော်ကြီးကိုလျောက်ထားမေးမြန်းကြည့်တဲ့ခါ ဇော်ဂျီဟာအတိတ်ဘဝက ဆရာတော်စပ်ခဲ့ဖူးကြောင်းဟိမဝန္တာမှာ နေထိုင်ပီး ဆရာတော်ကြီးရဲ့ တရားကိုနာကြားရတဲ့အတွက် ကြည်ညိုစွာဖြင့်ခုလိုသစ်သီးလာရောက်ကပ်လှုတာဖြစ်ကြောင်း ဖြေကြားတော်မူခဲ့ပါတယ်။

ကုသိုလ်သဒ္ဓါပွါးများနိုင်ရန်အတွက် ဓါတ်ပုံကိုကူးယူဖော်ပြပေးလိုက်ပါတယ်။ အလျဉ်းသင့်တဲ့ခါ အခြားထူးခြားသော အဖြစ်အပျက်များကိုလည်း ထပ်မံရေးသား တင်ပြပေးပါ့မယ် ။

ဦးမင်​း-credit -မူရင်​း