ဆွယ်တော် ပင်ရော်ရွက်လေးလို့ ၂ လွှာပေါင်းမှ တစ်ရွက်တည်းဆို ဆိုတဲ့ စာသားလေးကို ကြားရင် အဆိုတော် ဘန်နီကို မြင်မိကြမယ်ထင်ပါတယ်။ အဆိုတော် ဘန်နီဖြိုးဟာ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ပရိတ်သတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်ထားသူ ဖြစ်ပါတယ်။ ဘန်နီရဲ့ သီချင်းတိုင်းဟာ ပရိတ်သတ်ရဲ့ ရင်ထဲကို ရောက်စေခဲ့ပါတယ်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုဖြစ်ပြီး ကိုယ်တိုင် သရုပ်ဆောင်မှုတွေနဲ့ ပရိတ်သတ်ကြီးကို အကောင်းဆုံး ရသတွေ ပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ သီချင်းများစွာထဲက လမ်းခွဲကဗျာဆိုတဲ့ သီချင်းဟာလည်း တော်တော်လေးကို နာမည်ကြီးပြီး လူတိုင်းပါးစပ်ဖျားမှာ ညည်းနေကြတဲ့ သီချင်းလေးဖြစ်ခဲ့ပါတယ်။ ဒီသီချင်းလေးရဲ့ MTV ကလည်း လွမ်းလွမ်းဆွေးဆွေးဖြစ်စေတဲ့ သီချင်းနဲ့လိုက်ဖက်အောင်ကို ကောင်းလွန်းခဲ့ပါတယ်။ ဘန်နီဖြိုးနဲ့ နန်းမြတ်ဖြိုးသင်းတို့ သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။

တော်တော်လေးကို နာမည်ကြီးခဲ့ရတဲ့ သီချင်းလေးကို မူလတန်းကျောင်းသားလေး တစ်ယောက်က အကောင်းမွန်ဆုံး သီဆိုခဲ့တယ်ဆိုရင် ပရိတ်သတ်ကြီး ယုံနိုင်ပ့ါမလား…… ? ဘန်နီရဲ့ သီချင်းလေးကို အလွတ်ဆိုပြခဲ့တဲ့ ကျောင်းသားလေး နာမည်ကတော့ စမြင့်မြတ်လို့ ခေါ်ပါတယ်။ သူရဲ့ သီဆိုဟန်လေးနဲ့ အသံကာလာဟာဟာ တော်တော်လေးကို ဆွဲဆောင်မှုရှိပါတယ်။

ပရိတ်သတ်ကြီးရေ သားသား စမြင့်မြတ်ရဲ့ သီဆိုမှုလေးကို နားဆင်ပေးကြပါဦးနော်။ အနာဂါတ် အဆိုတော်လေး တစ်ယောက် ထွန်းတောက်လာတယ်လို့ ဆိုရမှာပါပဲ……။ သားသား စမြင့်မြတ်လည်း ကြီးလာရင် အဆိုတော်ကြီး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်……..။

Writer- ME(Shwe Yaung Lan)
Video Source : Myanmar Idol Season 4

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ