လူ သားတစ်ယောက် အသက်ရှင်နေထိုင်ဖို့အတွက် စားရေးသောက်ရေးက အရေးကြီးသလို နေရေးထိုင်ရေးကလည်းအရေးကြီးတဲ့ နေရာမှာပါဝင်ပါတယ်။

လူ သားတိုင်းဟာ ကိုယ်နေထိုင်တဲ့အိမ်လေးကို အလှပဆုံး အလုံခြုံဆုံးဖြစ်အောင် ဖန်တီးနေထိုင်ကြပါတယ်။

အ ခုတင်ဆက်ပေးမယ့် ဗီဒီယိုလေးထဲက အမျိုးသားတစ်ဦးကတော့ သူ့ရဲ့အိမ်နေရာဖြစ်တဲ့ တိုက်ခန်းလေးကို တံတားအောက်မှာ ထူးထူးဆန်းဆန်းလေးတည်ဆောက်ထားတာပါ။

သူဖန်တီးထားတဲ့ တိုက်ခန်းလေးက သိပ်ကို သပ်ရပ်လှပသလို တော်တော်လေးလည်းဆန်းကြယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူပြုလုပ်ထားတဲ့ နည်းလမ်းကိုသာမသိရင် တိုက်ခန်းပုံစံကို မြင်ရမှာမဟုတ်လို့ပါပဲ။

သူ့ရဲ့တိုက်ခန်းလေးမှာ ဓာတ်ပုံလေးတွေ ပန်းချီလေးတွေနဲ့ လှလှပပရှိသလို သူ့ရဲ့တကိုယ်ရည်သုံးစာပစ္စည်းလေးတွေကလည်း သပ်သပ်ရပ်ရပ်ရှိနေတာကို တွေ့မြင်ရမှာပါ။

တကယ့်ကို တံတားအောက်က စိတ်ကူးယဉ်နေရာလေးပါပဲ။ ဘယ်လိုတွေဖန်တီးပြုလုပ်ထားလည်းဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင် ဒီဗီဒီယိုလေးထဲကနေတစ်ဆင့် သွားရောက်လည်ပတ်ကြည့်ရအောင်နော်။

Writer -LLA ( Shwe Yaung Lan )
Source-Ascend