ခရီး သွား Vloger အဖြစ် လူသိများတဲ့ ဒီးဒီး တစ်ယောက်ဟာဆိုရင် နာမည်ကြီး သရုပ်ဆောင် တစ်ဦးမဟုတ်ပေမယ့် လူသိများသူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာဆိုရင် ခရီးသွား ဗီဒီယို ဖိုင်လေးတွေကို တင်ရင်းနဲ့ လူမှုကွန်ရက် အသုံးပြုသူတွေနဲ့ ရင်းနှီးလာ
သူတစ်ဦးလည်းဖြစ်ပါတယ်။

သူ့ကတော့ လက်ရှိကျင်းပ နေတဲ့ Myanmar Idol က Voting စနစ် ဟာ လုံးဝ အဓိပ္ပါယ် မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့က စီးပွားရေးအတွက် လုပ်နေတာကြောင့်ဘာမှ မပြောလိုဘူးလို့လည်းဆိုပါတယ်။ သူ့အနေနဲ့သာ ပြောင်းလဲနိုင်ရင် Voting စနစ်ကို ဖြုတ်ပစ်မယ်လို့ဆိုပါတယ်။ အထူးသဖြင့် သူကတော့ အဆိုတော်တဲ့သူကိုပဲ ဆုချီးမြင့်တာ Winner ပေးတာဖြစ်သင့်တယ်လို့ ဆိုပါတယ်။ အသံလည်းမကောင်းပဲနဲ့ ပရိတ်သတ်က Voting များများပေးတာကြောင့် Winner ဖြစ်တယ်ဆိုတာ အဓိပ္ပါယ် မရှိဘူးလို့လည်းဆိုပါတယ်။

ထိုင်း နိုင်ငံမှာလည်း The Singer ဆိုတဲ့ အဆိုပြိုင်ပွဲတွေရှိပြီးတော့ တကယ်တမ်း ပွဲလာကြည့်သူတွေကိုပဲ မဲပေးစေပြီးတော့ အများဆုံး မဲရသူကို အနိုင်ပေးတာမျိုးက ကောင်းတယ်လို့ဆိုပါတယ်။

သူ့အနေနဲ့တော့ Myanmar Idol က ပြိုင်ပွဲဝင် အားလုံးကိုမကြည့်ြုဖစ်ပဲနဲ့ အက်စတာဆိုတာကိုပဲ ကျော်ကြည့်တယ်လို့ဆိုပါတယ်.။ Live လွှင့်ရင် မကြည့်ပဲ ပြီးမှ ကျော်ကြည့်တာလို့လည်း သူက ပြောပါတယ်။ လက်ရှိ ပြိုင်ပွဲထဲမှာ ထွက်လိုက်ရတဲ့ နော်စေးစေးထူး
ဟာဆိုလည်း သူတို့နဲ့လူမျိုးတူပြီးတော့ အပြင်မှာလည်း ရင်းနှီးသူဖြစ်တယ်လို့ သူကဆိုပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)
Videos- Fashion Magazine Myanmar