Happy Beach ဇာတ် လမ်းတွဲကနေ အနုပညာလောကထဲ ခြေချခဲ့တာပြီး အခုလက်ရှိ MRTV-4 ကနေ ထုတ်လွှင့်ပြသနေတဲ့ “လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲမှာ တာရာဆိုတဲ့ ကောင်မလေးကို အားလုံး သိကြမယ် ထင်ပါတယ်။

နာမည်အရင်းက မုဏ်း ဖြစ်ပြီး လူငယ်ပီပီ ဖျတ်လတ်သလို သရုပ်ဆောင်တာလည်း အသက်ပါတာကြောင့် ဇာတ်လမ်းတွဲတွေမှာ ပင်တိုင် ပါဝင်သရုပ်ဆောင်ခွင့် ရရှိထားသူလည်း ဖြစ်ပါတယ်။

မုဏ်းကတော့ အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ တပည့်တစ်ယောက်ဖြစ်ရုံသာမက အနေအေးပြီး တည်ငြိမ်ရင့်ကျက်ပါတယ်။ ချစ်ရသူရှိပေမဲ့ ပရိသတ်ကို ချမပြသေးတဲ့ မုဏ်းက ဘယ်နေရာရောက်ရောက် ရည်သူကို ရည်ညွှန်းစာလေးတွေ ရေးလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချစ်ရသူရဲ့ မွေးနေ့ကို ရည်ရွယ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လှူခဲ့ဖြစ်ပုံကိုလည်း Facebook မှာ ပြန်လည်ဝေမျှခဲ့ပါသေးတယ်။

သူကတော့ သရုပ်ဆောင်ရာမှာ ဘာမှ မချွင်းမချန်ဘဲ အရှိအတိုင်း သရုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အခုသူ့ရဲ့ အချစ် အပေါ်ထားတဲ့ သဘောထားတွေနဲ့ အိမ်ထောင်ပြုဖို့ အပေါ်သူရဲ့ သဘောထားတွေကို “ ထူးဆန်းတယ် အချစ်က ထူးဆန်းတယ် အစက စိတ်ထဲမှာ သူ့ကို စိတ်ထမှာ ဘာမှမရှိဘူး ။

လုံးဝကို မချစ်တာနော် မျက်လုံးထဲမှာ အကြိမ်တရာလောက် သူဖြတ်နေတာကိုလည်း သူ့ကိုမျက်လုံးထဲကို မဝင်တဲ့အထိကို မချစ်တာ ပြောဆိုဆက်ဆံနေရင်းနဲ့ အဲ့ဒီလို စိတ်ထဲမှာ သူရောက်သွားတဲ့ အချိန်မှာ

ဟိုးအထဲထိ ရောက်နေပြီ ဘယ်လိုမှတောင်ပြန်ထုတ်လို့ မရတော့ဘူး ။ တံခါးလည်းပိတ်လို့ မရတဲ့ အနေအထားဖြစ်သွားတာပေါ့နော် ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အိမ်ထောင်ပြုရလောက်တဲ့ အထိ စွဲဆောင်နိုင်တဲ့ ယောက်ျားလေး မရှိဘူးဆိုတဲ့ မုဏ်း

ဆက်လက်ပြီးတော့လည်း “ အချစ်ကတော့ ချစ်နေဖို့ပဲ လိုတယ်လို့ထင်ပါတယ်။ ကိုယ်ချစ်တယ်ဆိုလို့ ရှိရင် အဲ့ဒီလူက ဘာဖြစ်နေနေပေါ့ ။ ချစ်နေဖို့ပဲ လိုတယ်လို့ထင်တယ် ။ ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာနေရင် ကိုယ်ချစ်နေရင် ကိုယ်လည်းပျော်တယ်ပေါ့ ။

အိမ်ထောင်ရေးကကျတော့ မတူဘူးလေ တကယ်ချစ်ပြီးယူတဲ့ အိမ်ထောင်ရေးတွေအများကြီး ရှိတယ်ဆိုပေမယ့်လည်း မိန်းကလေးတစ်ယောက်က အိမ်ထောင်ရေးကံကောင်းမှ ကိုယ်တကယ်ချစ်တဲ့ သူနဲ့ ယူတယ်ဆိုရင်လည်း အဲ့ဒီလူက ကိုယ့်အပေါ်ကိုစစ်စစ်မှန်မှန်နဲ့ချစ်မှ ပြီးတော့ အဲ့ဒါကလည်း

တစ်သက်လုံးအတွက် ဒီမိန်းကလေး တစ်ယောက်လုံးကို ချစ်ပါတယ်လို့ ရဲရဲ ဝံ့ဝံ့ ပြောနိုင်မှ တချိန်မှာကိုယ့်ကို မချစ်တော့တာမျိုးဆိုရင် ကြောက်စရာကြီး (ရယ်လျက်) အဲ့ဒီအခြေအနေကို လက်မခံနိုင်လောက်ဘူးထင်တယ်။

အိမ်ထောင်ပြုဖို့ကတော့ ခက်ပါတယ် ကြောက်ပါတယ် ဒါကအမြဲတမ်းပြောနေကြစကားပဲ အိမ်ထောင်ပြုဖို့တော့ ကြောက်တယ် ။ အိမ်ပြုရလောက်တဲ့ အထိ စွဲဆောင်နိုင်တဲ့ ယောက်ျားလေးတော့ မရှိသေးဘူး” ဆိုပြီးပြောပြသွားပါတယ်။