Myanmar Idol Season(4)ရဲ့ပရိသတ်တွေကြိုက်နှစ်သက်ပြီး အားပေးဝန်းရံခြင်းခံရတဲ့ Runner Up အေးမြဖြူဟာ လက်ရှိမှာ အားလပ်ချိန်မရှိအောင် အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာပဲဖြစ်ပါတယ်နော်..။ အခုလတ်တလောမှာ အေးမြဖြူဟာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှာ ပါဝင်ရိုက်ကူးဖို့လက်ခံထားသလို ပညာရေးအတွက် ကျောင်းကိုလည်း တက်နေပါတယ်..။
ေ ဖျာ်ဖြေပွဲတွေကိုလည်း မနားမနေလိုက်လံဖျော်ဖြေရင်း ပျော်ရွှင်နေတဲ့ ကလေးမလေးတစ်ယောက်လို့ပြောရင်မှားမယ်မထင်ပါဘူးနော်..။အေးမြဖြူကတော့ မြန်မာသံစဉ်သီချင်းများကို ပိုင်နိုင်စွာသီဆိုနိုင်သလို၊ မြန်မာအကနဲ့ သရုပ်ဆောင်ပိုင်းမှာလည်း တော်နေတဲ့ ဘက်စုံအနုပညာရှင်လေးလို့ဆိုရမှာပါ..။
မိုးသိုလေးက တက်သစ်စကြယ်ပွင့်ဆိုပေမယ့် ကောင်းကင်မှာ အစွမ်းကုန်တောက်ပနေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်လို့နေပါပြီ..။ အောင်မြင်လာတဲ့ အောင်မြင်လာတဲ့ အနုပညာရှင်တိုင်းမှာ အားပေးဝန်းရံတဲ့ ဖန်တွေရှိသလို တိုက်ခိုက်ကြတဲ့သူတွေလည်း ပြည့်နှက်နေတတ်တာဟာ ထုံးစံတစ်ခုလို့ပြောရမှာပါ..။ အနုပညာလမ်းကြောင်းပေါ်မှာ စတင်ထွန်းလင်းလာပြီဖြစ်တဲ့ အေးမြဖြူလေးမှာလည်း အားပေးတဲ့သူရှိသလို ဝေဖန်မယ့်သူတွေလည်းရှိလို့နေပြီဖြစ်ပါတယ်နော်..။
အေးမြဖြူက သူမကိုင်တိုင်သုံးတဲ့ “AYE MYA PHYU” ဆိုတဲ့ ကိုယ်ပိုင်ပေ့ခ်ျလေးတစ်ခုကလွဲလို့ သူမနာမည်အသုံးပြုကာ ဖွင့်ထားကြတဲ့ ကျန်ပေ့ခ်ျကိုတော့ သူမသုံးတာမဟုတ်ကြောင်းကို “သမီးကိုယ်တိုင်သုံးတဲ့ page မဟုတ်တဲ့အတွက် သတင်းအမှားတွေ မယုံကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်.။ link တွေကိုလည်း သမီးshareတာမဟုတ်ပါဘူ။း ဝေဖန်တိုက်ခိုက်တာတွေဖြစ်မှာစိုးလို့ အခု post ကို share ပေးကြပါနော် မိုးစက်လေးတွေ..”ဆိုပြီး သူမရဲ့ Official Page ကနေ မေတ္တာရပ်ခံထားတာပဲဖြစ်ပါတယ်..။
သူမသုံးတာမဟုတ်ဘဲ နာမည်ယူသုံးကာ Link တွေ တင်ကာ အသုံးပြုနေတာကြောင့် ဝေဖန်တိုက်ခိုက်တာတွေဖြစ်မှာစိုးလို့ တရားဝင်ပြောပြလိုက်တာပဲဖြစ်ပါတယ်နော်..။ အေးမြဖြူကတော့ Fan Page ဆိုရင်လည်း ထိခိုက်စေမယ့် ပိုစ့်တွေရေးသားတင်တာမျိုး မဖြစ်စေလိုပါဘူးဆိုပြီး ပြောထားပါသေးတယ်..။ မိုးစက်လေးတွေအနေနဲ့လည်း အေးမြဖြူလေးရဲ့ Official Page ကိုပဲ ဝန်းရံအားပေးတာအကောင်းဆုံးပါပဲနော်…။