








Source : SiThu Maung

————————-

ဝင်းနဲ့ဇော်တို့နှစ်ဦးကို ဆေးထိုးသတ်မည့်သတင်းနဲ့ ပတ်သတ်ပြီး ထိုင်း PBS သတင်းထောက် ပြန်ရှင်းပါပြီ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ဝင်းနဲ့ ဇော်ဟာ သေဒဏ်ချမှတ်ခံထားရပါတယ်။လက်ရှိအချိန်မှာတော့ ဝင်းနဲ့ ဇော်အမှုကို လျှော့ပေါ့နိုင်ဖို့ ထိုင်းဘုရင်မင်းမြတ်ထံ အယူခံဝင်ဖို့ တာဝန်ရှိသူတွေက ကြိုးစားနေကြပါတယ်။

ဒီလိုအချိန်မှာ ဝင်းနဲ့ ဇော်ကို ဆေးထိုးသတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ဒါနဲ့ပတ်သက်လို့ တကယ်ဟုတ်မဟုတ်ဆိုတာကို ခုလိုပြန်ရှင်းပြထားတဲ့ ရှင်းပြချက်ဟာလည်း လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။ ဆေးထိုးသတ်မသတ်ဆိုတာကို ရှင်းပြထားတဲ့ ရှင်းလင်းချက်လေးကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

(အရေးထဲ လိပ်ကျွန်းလူသတ်မှု ဝင်းနဲ့ဇော်ကိစ္စကလည်းခဏခဏရှင်းပြရတာမောတယ်.. ထိုင်းမှာ အထက်တရားရုံးက သေဒဏ်အမိန့်ချမှတ်ခံရတိုင်း ချက်ချင်းကြီးသေဒဏ်ပေးလေ့မရှိသလို သူ့နိုင်ငံရဲ့အမြင့်မြတ်ဆုံးဘုရင်မင်းမြတ်ထံကို အသနားခံအယူခံတင်ခွင့်ရှိပါတယ်..။

ဘုရင့်ထံကပြန်ကျလို့သေဒဏ်မှလွတ်ငြိမ်းခွင့်ရရင်လည်းတစ်သက်တသက်ကျွန်းပါဘဲ.. ဒါပေမယ့် ဘုရင့်နန်းတွင်းက အသနားခံစာပြန်ကျမလာသေးပါဘူး. ထိုင်းနိုင်ငံကအထက်တရားရုံးဘဲဖြစ်ဖြစ်အောက်တရားရုံးဘဲဖြစ်ဖြစ် ပြစ်မှုဆိုင်ရာချမှတ်တဲ့တရားရုံးအမိန့်တွေကို မည်သည့်ခရိုင်တရားရုံးမှာမဆို Link ချိတ်ထားတဲ့အတွက် ဝင်ရောက်ဖတ်ရှုလို့ရပါတယ်..အပြင်လူတော့မရပါဘူး..။

ဒါ့ကြောင့်တရားရုံးကမိတ်ဆွေကတော့ဝင်းနဲ့ဇော်သတင်းနဲ့ပါတ်သက်ပြီး ဘာမှမထူးသေးသလို ဘုရင်ထံအယူခံဝင်ထားတဲ့အသနားခံစာလည်းပြန်၍ကျမလာသေးကြောင်းအတည်ပြုပြောဆိုကြပါတယ်..။

နာမည်ကြီးသတင်းဌာနဖြစ်တဲ့ Thai PBS သတင်းဌာနကသတင်းထောက်ကိုမေးကြည့်တော့ သူတို့တွေ ဘာမှမသိရဘဲနဲ့ဒီသတင်း မြန်မာပြည်ကိုခုန်ပေါက်ပြီး ချက်ချင်းဟိုးလေးတကြော်ဖြစ်သွားတာ တော်လိုက်တာဟုချီးကျူးသွားပါသည် ။

ဖြစ်ချင်တော့ဒီနေ့တစ်နေ့လုံး ထိုင်းကရှေ့နေမိတ်ဆွေနဲ့ မြန်မာအလုပ်သမားအရေးဖြေရှင်းနေရတာနဲ့ကွက်တိဖြစ်သွားတာပါ..)) ဆိုပြီး ဆေးထိုးသတ်တဲ့သတင်းဟာ မဟုတ်မှန်း ပြန်ရှင်းပြထားပါတယ်။

ဒါကြောင့် ဆေးထိုးသတ်တယ်ဆိုတဲ့ ကောလာဟလတွေကို မယုံကြပါနဲ့ဝင်းနဲ့ ဇော်အတွက် အယူခံဝင်ရာမှာ ပြစ်ဒဏ်လျော့ပါးဖို့အတွက်လည်း ပရိသတ်ကြီးတို့ ဆုတောင်းပေးကြပါအုံးနော ။

Writer – HW (Shwe Yaung Lan)

Source : SiThu Maung