ဧ ရာဝတီ ၊ ဇန်နဝါရီလ ၁၇ ၊ ၂၀၂၀။

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို သူ့ရဲ့ ချစ်သူဟောင်းဖြစ်တဲ့ ခင်မြတ်နိုးက ကာမလိမ်လည်မှုနဲ့ ရန်ကင်းမြို့နယ်တရားရုံးကနေ တရားစွဲဆိုထားတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ

ဒီနေ့ဇန်နဝါရီလ (၁၇)ရက်နေ့မှာတော့ (၅)ကြိမ်မြောက်ရုံချိန်းကိုတော့ တရားလိုခင်မြတ်နိုးရော၊စွတ်စွဲခံရသူ မိုးအောင်ရင်ရော နှစ်ဖက်စလုံ တက်ရောက်ခဲ့ပါတယ်။

“ဆုံးရှုံးခဲ့တာတွေတော့ အများကြီးပဲ။ ကိုယ့်ရဲ့ သိက္ခာတွေရော၊ ကိုယ့်ရဲ့ အချိန်တွေကော အများကြီး ပေးဆပ်ခဲ့ရတာ။

မျှော်လင့်ချက်ကြီးနဲ့ ပေးခဲ့တာတော့ မဟုတ်ဘူး။ ဒီလောက်ကြီးလည်း ရိုင်းမယ်၊ ဒီလိုမျိုးကြီး လုပ်မယ်လည်း မထင်ခဲ့ဘူး။

ဖြူဖြူစင်စင်ပဲ ပေးဆပ်ခဲ့တာပါ”လို့ သရုပ်ဆောင် မိုးအောင်ရင်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ ရည်စားဟောင်း မခင်မြတ်နိုးက မီဒီယာတွေကို အခုလိုပဲ ပြောပါတယ်။

credit