ေဒဝ တာနံ ကိုယ္မျမင္ရေပမယ့္လို႔ ကိုယ့္ရဲ့ ပတ္ဝန္းက်င္မွာ အိမ္ေစာင့္နတ္တို႔၊ ေတာေစာင့္နတ္တို႔၊ ေတာင္ေစာင့္နတ္တို႔ ဆိုတာ ရွိတယ္။ ေစာင့္ဆိုတဲ့အဓိပၸါယ္က Duty ခ်ထားလို႔ ေစာင့္တာေတာ့မဟုတ္ဘူး။ ကိုယ့္အိမ္ကို အမွီျပဳၿပီးျဖစ္ေနတဲ့နတ္ကို အိမ္ေစာင့္နတ္လို႔ ေခၚတာေနာ္ … ။

ေအး… အိမ္ကိုေစာင့္ရမယ္လို႔ တာဝန္ေပးထားတာလို႔ေတာ့ မေအာက္ေမ့ေလနဲ႔။ကိုယ္ေစာင့္နတ္ဆိုတာလည္း ကိုယ့္ခႏၶာကိုယ္နဲ႔ဆက္စပ္ၿပီး ျဖစ္ေပၚေနတဲ့ သတၱဝါတစ္မ်ိဳးပဲ။ စဥ္းစားၾကည့္ေလ။ ကိုယ့္မွာ အိမ္ေလးေဆာက္ထားၿပီ ဆိုလို႔ရွိရင္ အိမ္ေျမႇာင္တို႔ ပိုးဟပ္တို႔ အေကာင္ပေလာင္ ေတြဟာ ေရာက္လာတာပဲေလ။ အဲဒီလိုပဲ ကိုယ္မျမင္ရတဲ့ နတ္ေတြ ဘာေတြဆိုတာလည္း ကိုယ့္အိမ္နဲ႔ဆက္စပ္ၿပီး သူတို႔ဘုံဗိမၼာန္ေတြ ျဖစ္ေနတာ … ။

အဲဒါကိုပဲ အိမ္ေစာင့္နတ္ လို႔ ေခၚတာ။သစ္ပင္ကို အမွီုျပဳၿပီး ဘုံဗိမၼာန္ေတြ ျဖစ္လာတဲ့အခါ႐ုကၡစိုးလို႔ ေခၚတယ္။ ေျမႀကီးေပၚမွာ ဘုံဗိမၼာန္ေပၚလာရင္ ဘုမၼစိုးလို႔ ေခၚတယ္။ အဲဒါေတြက ကိုယ့္ပတ္ဝန္းက်င္မွာ ရွိေနတတ္တယ္ … ။

အဲဒီလိုရွိေနတာကို ” သူလည္း သူ႔ဟာသူေန၊ ကိုယ္လည္း ကိုယ္ဟာကိုယ္ေန “ဆိုတာမ်ိဳး မဟုတ္ဘဲနဲ႔ မိမိကိုယ္တိုင္က အသိအမွတ္ျပဳၿပီးေတာ့ ကုသိုလ္ေကာင္းမႈလုပ္တိုင္း မိမိအနီးပါးမွာရွိတဲ့ နတ္ေတြကို ခ်မ္းသာၾကပါေစ၊ ကုသိုလ္ေကာင္းမႈ အမၽွေဝပါတယ္၊ အမၽွယူၾကပါလို႔ အမၽွေဝလို႔ အမၽွရတဲ့အခါက်ရင္ ဘုန္းတန္ခိုးေတြ တိုးတက္သြားတယ္ … ။

နတ္ဆိုတာ လုပ္ကိုင္စားေသာက္ရတဲ့ အမ်ိဳးအစားမဟုတ္ဘူး။ သာဓုေခၚလိုက္လို႔ ကုသိုလ္ေကာင္းမႈ တိုးသြားရင္ အစြမ္းတန္ခိုးေတြ တိုးသြားတယ္။ စီးပြားတိုးသြားတယ္လို႔ ေခၚတယ္။ လူေတြက်ေတာ့ အလုပ္အကိုင္လုပ္မွ စီးပြား တိုးတက္တယ္။လူေတြက ဥ႒ာနဖလူပဇီဝီ လုပ္ကိုင္စားေသာက္မွ စီးပြားဥစၥာျဖစ္တယ္။ ဒီအတိုင္း ထိုင္ေနလို႔ ဘာမွ ျဖစ္မလာဘူး။ နတ္ေတြက်ေတာ့ အဲလိုမဟုတ္ဘူး … ။

ကုသိုလ္ေကာင္းမႈျပဳလိုက္လို႔ သာဓုေခၚလိုက္ရရင္ ဘုန္းတန္ခိုး တိုးသြားတယ္။ အရည္အခ်င္းေတြ တက္သြားတယ္။ အဝတ္အစားေတြ ပိုေကာင္းလာတယ္။ ဘုံဗိမၼာန္ေတြ ပိုေကာင္းလာတယ္။ စားစရာ ေသာက္စရာေတြ ပိုျပည့္စုံလာတယ္။ အရွိန္အဝါေတြ ပိုတက္လာတယ္ … ။

ကိုယ္ကမျပတ္ ေမတၱာပို႔ေပးတယ္၊ အမၽွေဝေပးတယ္ဆိုရင္ အဲဒီအမၽွကို သာဓုေခၚရတဲ့နတ္ေတြဟာ တန္ခိုးတိုးတက္သြားတယ္။ကိုယ္မျမင္ရလို႔ မယုံဘူးမေျပာနဲ႔ … ။

ျမတ္စြာဘုရားကိုယ္တိုင္က ဘယ္လိုေျပာထားတုန္းဆိုေတာ့ “ယသၼိ ံပေဒေသကေပၸတိ၊ ဝါသံ ပ႑ိတဇာတိေယာ”စဥ္းစားဉာဏ္ရွိတဲ့ပုဂၢိဳလ္ဟာ အရပ္တစ္ခုခုမွာ ေနတယ္ဆိုရင္ ကုသိုလ္ေကာင္းမႈလုပ္ၿပီး အဲဒီကုသိုလ္ေကာင္းမႈရဲ့ အဖို႔ဘာဂကို ပတ္ဝန္းက်င္မွာရွိတဲ့ နတ္ေတြကို အမၽွေဝပါတဲ့။ အမၽွေဝလိုက္လို႔ရွိရင္ နတ္ေတြက ကိုယ့္ကို ေစာင့္ေရွာက္ လိမ့္မယ္။

ကိုယ္က အမၽွအတန္းေပးေဝေတာ့ သူတို႔မွာ ဘုန္းတန္ခိုးေတြ တက္တယ္။ ဘုန္းတန္ခိုးတက္ေတာ့ ကိုယ့္အေပၚမွာ အၾကင္နာတရားေတြ ထားလာတယ္။နတ္ေတြရဲ့ အေစာင့္အေရွာက္ရတဲ့ပုဂၢိဳလ္ဟာ အေကာင္းခ်ည္းပဲ ေတြ႕တယ္။ တိုးတက္ဖို႔ အခြင့္အလမ္းေတြ အမ်ားႀကီး ၾကဳံလာတယ္။ ဘာလုပ္လုပ္ အဆင္ေျပလာတယ္။ အႏၲရာယ္ေတြ ကင္းလာတယ္ … ။

မိခင္က သားသမီးအေပၚမွာ ေစာင့္ေရွာက္သလို နတ္ေတြက ကိုယ့္အေပၚမွာ အၾကင္နာေတြ ေမတၱာေတြ ပိုၿပီးေတာ့ ကိုယ့္ကိုေစာင့္ေရွာက္လာတယ္။ ဒါေၾကာင့္မို႔ ကိုယ့္ပတ္ဝန္းက်င္မွာရွိတဲ့ ကိုယ္မျမင္ရတဲ့ နတ္ေတြကို ကုသိုလ္ ေကာင္းမႈ လုပ္တိုင္း အမၽွေဝရမယ္ … ။

ဘုရားဆြမ္းေတာ္တင္၊ ဆီမီး၊ ပန္း၊ လႉဒါန္းၿပီးရင္ ကိုယ့္ပတ္ဝန္းက်င္မွာရွိတဲ့ အိမ္ေစာင့္နတ္တို႔ ဘာတို႔ကိုဖိတ္ေခၚၿပီး အမၽွအတန္း ေပးေဝရမယ္ … ။

Credit:Original uploader

ပါခ်ဳပ္ဆရာေတာ္ႀကီး ေဒါက္တာနႏၵမာလာဘိဝံသ

Unicode
အိမ်စောင့်နတ် တကယ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းရဲ့အဖြေကို ပါချုပ်ဆရာတော်ဘုရားကြီး ဖြေကြားပုံ

ဒေဝတာနံ ကိုယ်မမြင်ရပေမယ့်လို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အိမ်စောင့်နတ်တို့၊ တောစောင့်နတ်တို့၊ တောင်စောင့်နတ်တို့ ဆိုတာ ရှိတယ်။ စောင့်ဆိုတဲ့အဓိပ္ပါယ်က Duty ချထားလို့ စောင့်တာတော့မဟုတ်ဘူး။ ကိုယ့်အိမ်ကို အမှီပြုပြီးဖြစ်နေတဲ့နတ်ကို အိမ်စောင့်နတ်လို့ ခေါ်တာနော် … ။

အေး… အိမ်ကိုစောင့်ရမယ်လို့ တာဝန်ပေးထားတာလို့တော့ မအောက်မေ့လေနဲ့။ကိုယ်စောင့်နတ်ဆိုတာလည်း ကိုယ့်ခန္ဓာကိုယ်နဲ့ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ သတ္တဝါတစ်မျိုးပဲ။ စဉ်းစားကြည့်လေ။ ကိုယ့်မှာ အိမ်လေးဆောက်ထားပြီ ဆိုလို့ရှိရင် အိမ်မြှောင်တို့ ပိုးဟပ်တို့ အကောင်ပလောင် တွေဟာ ရောက်လာတာပဲလေ။ အဲဒီလိုပဲ ကိုယ်မမြင်ရတဲ့ နတ်တွေ ဘာတွေဆိုတာလည်း ကိုယ့်အိမ်နဲ့ဆက်စပ်ပြီး သူတို့ဘုံဗိမ္မာန်တွေ ဖြစ်နေတာ … ။

အဲဒါကိုပဲ အိမ်စောင့်နတ် လို့ ခေါ်တာ။သစ်ပင်ကို အမှီုပြုပြီး ဘုံဗိမ္မာန်တွေ ဖြစ်လာတဲ့အခါရုက္ခစိုးလို့ ခေါ်တယ်။ မြေကြီးပေါ်မှာ ဘုံဗိမ္မာန်ပေါ်လာရင် ဘုမ္မစိုးလို့ ခေါ်တယ်။ အဲဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတတ်တယ် … ။

အဲဒီလိုရှိနေတာကို ” သူလည်း သူ့ဟာသူနေ၊ ကိုယ်လည်း ကိုယ်ဟာကိုယ်နေ “ဆိုတာမျိုး မဟုတ်ဘဲနဲ့ မိမိကိုယ်တိုင်က အသိအမှတ်ပြုပြီးတော့ ကုသိုလ်ကောင်းမှုလုပ်တိုင်း မိမိအနီးပါးမှာရှိတဲ့ နတ်တွေကို ချမ်းသာကြပါစေ၊ ကုသိုလ်ကောင်းမှု အမျှဝေပါတယ်၊ အမျှယူကြပါလို့ အမျှဝေလို့ အမျှရတဲ့အခါကျရင် ဘုန်းတန်ခိုးတွေ တိုးတက်သွားတယ် … ။

နတ်ဆိုတာ လုပ်ကိုင်စားသောက်ရတဲ့ အမျိုးအစားမဟုတ်ဘူး။ သာဓုခေါ်လိုက်လို့ ကုသိုလ်ကောင်းမှု တိုးသွားရင် အစွမ်းတန်ခိုးတွေ တိုးသွားတယ်။ စီးပွားတိုးသွားတယ်လို့ ခေါ်တယ်။ လူတွေကျတော့ အလုပ်အကိုင်လုပ်မှ စီးပွား တိုးတက်တယ်။လူတွေက ဥဋ္ဌာနဖလူပဇီဝီ လုပ်ကိုင်စားသောက်မှ စီးပွားဥစ္စာဖြစ်တယ်။ ဒီအတိုင်း ထိုင်နေလို့ ဘာမှ ဖြစ်မလာဘူး။ နတ်တွေကျတော့ အဲလိုမဟုတ်ဘူး … ။

ကုသိုလ်ကောင်းမှုပြုလိုက်လို့ သာဓုခေါ်လိုက်ရရင် ဘုန်းတန်ခိုး တိုးသွားတယ်။ အရည်အချင်းတွေ တက်သွားတယ်။ အဝတ်အစားတွေ ပိုကောင်းလာတယ်။ ဘုံဗိမ္မာန်တွေ ပိုကောင်းလာတယ်။ စားစရာ သောက်စရာတွေ ပိုပြည့်စုံလာတယ်။ အရှိန်အဝါတွေ ပိုတက်လာတယ် … ။

ကိုယ်ကမပြတ် မေတ္တာပို့ပေးတယ်၊ အမျှဝေပေးတယ်ဆိုရင် အဲဒီအမျှကို သာဓုခေါ်ရတဲ့နတ်တွေဟာ တန်ခိုးတိုးတက်သွားတယ်။ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့ … ။

မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လိုပြောထားတုန်းဆိုတော့ “ယသ္မိ ံပဒေသေကပ္ပေတိ၊ ဝါသံ ပဏ္ဍိတဇာတိယော”စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာ အရပ်တစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ်ကောင်းမှုလုပ်ပြီး အဲဒီကုသိုလ်ကောင်းမှုရဲ့ အဖို့ဘာဂကို ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။ အမျှဝေလိုက်လို့ရှိရင် နတ်တွေက ကိုယ့်ကို စောင့်ရှောက် လိမ့်မယ်။

ကိုယ်က အမျှအတန်းပေးဝေတော့ သူတို့မှာ ဘုန်းတန်ခိုးတွေ တက်တယ်။ ဘုန်းတန်ခိုးတက်တော့ ကိုယ့်အပေါ်မှာ အကြင်နာတရားတွေ ထားလာတယ်။နတ်တွေရဲ့ အစောင့်အရှောက်ရတဲ့ပုဂ္ဂိုလ်ဟာ အကောင်းချည်းပဲ တွေ့တယ်။ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ကြုံလာတယ်။ ဘာလုပ်လုပ် အဆင်ပြေလာတယ်။ အန္တရာယ်တွေ ကင်းလာတယ် … ။

မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ မေတ္တာတွေ ပိုပြီးတော့ ကိုယ့်ကိုစောင့်ရှောက်လာတယ်။ ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ် ကောင်းမှု လုပ်တိုင်း အမျှဝေရမယ် … ။

ဘုရားဆွမ်းတော်တင်၊ ဆီမီး၊ ပန်း၊ လှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်စောင့်နတ်တို့ ဘာတို့ကိုဖိတ်ခေါ်ပြီး အမျှအတန်း ပေးဝေရမယ် … ။

Credit:Original uploader

ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ