တစ် ဖက်သတ် ကြိုက်နေတာကိုဂရုမစိုက်လို့ မိန်းကလေးအိမ်ထဲ လက်ပစ်ဗုံးပစ်ထည့်ခဲ့တဲ့အမျိုးသား

အမျိုးသားတစ်ယောက်ဟာ သူတစ်ဖက်သတ်ကြိတ်ကြိုက်နေတဲ့ ကောင်မလေးရဲ့တိုက်ခန်းထဲကို လက်ပစ်ဗုံးပစ်ထည့်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

ထိုအဖြစ်အပျက်ဟာ Lat Phrao ရပ်ကွက်၊ ဘန်ကောက်မြို့မှာတနင်္လာနေ့ (၁၃ ရက်နေ့ ၁ လပိုင်း) ညပိုင်းမှာ ဖြစ်ပွားခဲ့ကြောင်း The Nation Thiland သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Lat Phrao ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ထိုနေ့ညပိုင်း ၉နာရီအချိန်တွင် ဗုံးသတင်းကို ပြည်သူတစ်ဦးမှ ဖုန်းဆက်တိုင်ကြားခဲ့ကြောင်း၊ သတင်းရရချင်းအခင်းဖြစ်ပွားရာနေရာသို့ ရောက်သွားခဲ့ရာမှ M26 အမျိုးအစားလက်ပစ်ဗုံးကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ကံကောင်းသွားတဲ့အချက်က အဆိုပါလက်ပစ်ဗုံးဟာ ရုတ်တရက်မပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။

အမျိုးသားတစ်ယောက်ဟာ မော်တော်ဆိုင်ကယ်စီးပြီး တိုက်ခန်းအောက်ကို ရောက်လာခဲ့ကာ ရုတ်တရက် ၃ လွှာရှိတိုက်ခန်းထဲကို လက်ပစ်ဗုံးပစ်ထည့်သွားတယ်ဆိုပြီး မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်

“လက်ပစ်ဗုံးက ရုတ်တရက် ပြတင်းပေါက်ကနြေင်လာပြီးကြမ်းပြင်ပေါ်ကျသွားတော့ တော်တော်ကြောက်သွားတာပေါ့။ လင်မယားနှစ်ယောက်လုံး သေပြီထင်တာ။ ကံကောင်းသွားတာက လက်ပစ်ဗုံးက ထပေါက်မကွဲတာပဲ”လို့ အဆိုပါ သုံးလွှာတွင်နေထိုင်တဲ့ ဇနီးမောင်နှံက ပြောကြားခဲ့ပါတယ်။

“လက်ပစ်ဗုံး ပစ်ထည့်သွားတာက ဒီပတ်ဝန်းကျင်မှာပဲနေတဲ့ အသက်၅၀ကျော်အမျိုးသားတစ်ဦးပါ။ ၃လွှာမှာနေတဲ့ လင်မယားမှာ အသက်၂၀ကျော် သမီးမိန်းကလေးတစ်ယောက်ရှိတယ်။ အဲဒီအမျိုးသားက အဲဒီကောင်မလေးကို အရူးအမူးကြိုက်နေတာကြာပြီ။ ဒါပေမယ့် ကောင်မလေးမှာက ချစ်သူကောင်လေးတစ်ယောက်ရှိတယ်။

အခင်းမဖြစ်ပွားအစောပိုင်းမှာ ကောင်မလေးက သူ့ချစ်သူကို မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ ဒီကိုခေါ်လာတာ။ အဲတာကို ဒီကဆရာသမားကတွေ့သွားပြီး မနာလိုတွေဖြစ်ပြီး လုပ်မိလုပ်ရာလုပ်လိုက်တာဗျ။ တော်သေးတယ်။ ဗုံးမပေါက်ကွဲသွားလို့။ နို့မိုဆို လူတောင်သေနိုင်တယ်” လို့ အခင်းဖြစ်ပွားရာတိုက်ခန်းမန်နေဂျာ Saranya Krueboon က The Nation Thiland News သတင်းဌာနကို ရှင်းပြခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ပြစ်မှုကျူးလွန်သူအမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေလုက်ဆောင်နေကြာင်း သိရှိရပါတယ်။

Unicode

တစ်ဖက်သတ် ကြိုက်နေတာကိုဂရုမစိုက်လို့ မိန်းကလေးအိမ်ထဲ လက်ပစ်ဗုံးပစ်ထည့်ခဲ့တဲ့အမျိုးသား