ချစ်ခ င်တတ်မှု မေတ္တာတရားတွေထဲမှာတော့ ကလေးနဲ့ ခွေးဟာခွဲမရဘူးလို့ ရှေးလူကြီးတွေက ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့လောကထဲကို စရောက်လာတဲ့ကလေးငယ်တွေဟာ သူတို့အနားမှာ အနေများတဲ့ ခွေးကလေးတွေကို ပိုမိုချစ်ခင်ကြ
သလို ၊ ခွေးကလေးတွေကလည်း သခင်ရဲ့ သားသမီးတွေကို ပိုမိုချစ်ခင်သလို စောင့်ရှောက်တတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေဟာ ခွေးကို ချစ်သလို ၊ ခွေးတွေကလည်း ကလေးတွေကို ချစ်တတ်ကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ညနေ ၅ နာရီလောက်က Gentry , Arkansas မှာ တည်ရှိတဲ့ မိသားစုရဲ့အိမ်တစ်လုံး မီလောင်ခဲ့ပါတယ်။ ဒီမီးလောင်မှုမှာ သားအဖ သုံးယောက်လုံး အိမ်အပြင်ထွက် မီးငြိမ်းသတ်ခဲ့ကြပါတယ်။ ဒီမှာ အရွယ်ရောက်တဲ့ သားဖြစ်သူနဲ့ မိတို့ဟာ
မီးလောင်မှုကို ငြိမ်းသတ်ဖို့ ကြိုးစားနေချိန်မှာတော့ ၂ နှစ်သားအရွယ် Loki Sharp ကို သတိမထားလိုက်မိကြပါဘူး။

Loki ဟာ အိမ်ထဲမှာ သူ့ခွေးလေး ကျန်သေးတယ်ဆိုတဲ့ အသိနဲ့ မီးလောင်ရာကို တရွေ့ရွေ့ဝင်သွားပြီးတော့ ခွေးကလေးကို သွားကယ်ခဲ့ပေမယ့် ကလေးဆိုတော့ မီးထဲမှာပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။ သူ သွားကယ်ခဲ့တဲ့ Loki ကလည်း သူ့အနားမှာပဲ သူ့ကို
အကာအကွယ်ပေးရင်း မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

ဒီအကြောင်းအရာလေးဟာ NewYorkPose , TopBuzz လို နာမည်ကြီး သတင်းမီဒီယာတွေမှာပါ ပါလာခဲ့ပြီးတော့ ကြားရသူအပေါင်းကို စိတ်မကောင်းဖြစ်စေခဲ့တာအမှန်ပါပဲ။ သတင်းတစ်ခုရဲ့ ဖော်ပြချက်အရတော့ မီးလောင်မှုဟာ ဝါယာရှေ့ကြောင့်ဖြစ်
တယ်လို့ သိရပြီးတော့လောလောဆယ်မှာတော့ မီလောင်ခဲ့တဲ့အိမ်ရဲ့ မိသားစုကို ထောက်ပံ့ကူညီနိုင်ဖို့ လူမှုကွန်ရက်ကနေတစ်ဆင့် အလှူငွေကောက်ခံနေခဲ့ပြီး ကနဦးအမေရိကန် ဒေါ်လာ ၂၀၀၀၀ ခန့်မှန်းထားပေမယ့် လက်ရှိမှာတော့ ၁၀၄၅၁ ဒေါ်လာပဲ
ရရှိထားသေးတယ်လို့လည်း သိရှိရပါတယ်။

Writer- SMT(Shwe Yaung Lan)