နေအိမ်တွေ ကို ပြင်ဆင်တဲ့ လက်သမားအလုပ်လုပ်သူ စတိဗ်သွန်ဆင် ဆိုတဲ့ အမျိုးသားဟာ ကံကောင်းဆုံးသူတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်….အဲတာကတော့ လွန်ခဲ့တဲ့ ၃ လလောက်မှာ ဒေါ်လာ ၁၀၅ သန်း ထီဆုကြီးပေါက်ခဲ့တာကြောင့်ပါ….သူဟာ အင်္ဂလန်နိုင်ငံ၊ အနောက်တက်စ်ဆက်မြို့မှာ နေထိုင်တာဖြစ်ပြီးတော့ ခုလို ထီဆုကြီးပေါက်ခဲ့တာကြောင့် သူ့ဘဝဟာ လုံးဝပြောင်းလဲမှုတွေ ဖြစ်သွားပြီလို့ လူတွေက ထင်ခဲ့ကြပါတယ်….

ဒါပေမဲ့ အထင်နဲ့ အမြင်တက်တက်စင်အောင် လွဲခဲ့ရပြီး ထီပေါက်တဲ့ ပိုက်ဆံထဲက ဒေါ်လာ ၁၃၀၀၀ လောက်ပဲ ပေးရတဲ့ ဘောက်စဂွန် ကားဟောင်းလေးတစ်စီးကိုသာဝယ်ခဲ့ပြီး သန်းနဲ့ချီတဲ့ ပိုက်ဆံတွေကို လုံးဝမသုံးဘဲ ဘဏ်မှာသာ အပ်နှံထားခဲ့ပါတယ်…..ဒါ့အပြင် အံ့သြစရာကောင်းတာက စတိဗ်ဟာ ထီပေါက်ပြီး ၃ လအကြာမှာတော့ သူ့ရဲ့ မူလအလုပ်ဖြစ်တဲ့ လက်သမားဆရာအလုပ်ကိုသာ ပြန်လည်လုပ်ကိုင်နေခဲ့တာပဲဖြစ်ပါတယ်…

ဒါကြောင့် သူဌေးကြီးဖြစ်သွားတဲ့ စတိဗ်တစ်ယောက် ဇိမ်နဲ့ မနေဘဲ ဘာကြောင့် ခုလို လက်သမားအလုပ်ဆက်လုပ်ခဲ့ရသလဲဆိုတဲ့ အဖြေကို အားလုံးက နားလည်သွားခဲ့ကြပါတယ်…အဲတာကတော့ စတိဗ်ဟာ ထီမပေါက်ခင်က အဆိုပါဖောက်သည်တွေဆီက အလုပ်ကို ကြိုတင်လက်ခံထားခဲ့လို့ ထီပေါက်ပြီးချိန်မှာလည်း ခုလို လက်သမားအလုပ်တွေကို လိုက်လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်…

သူဌေးတစ်ဦးဖြစ်သွားပေမယ့် မိမိကိုအပ်ထားတဲ့အလုပ်ရှင်တွေအပေါ် ကတိတစ်လုံးတန်ဖိုးထားပြီး တာဝန်ကျေအောင်လုပ်ပေးခဲ့တဲ့ စတိဗ်ရဲ့ စိတ်ဓာတ်ကို လူတွေအားလုံးက ချီးကျူးဂုဏ်ပြုနေကြပါတယ်…

ဒါကြောင့် ပရိသတ်ကြီးတို့လည်း ဘယ်လောက်ပဲ သေးငယ်တဲ့ ကတိတစ်လုံးကိုပေးခဲ့ပါစေ …စတိဗ်လို မိမိကတိအပေါ်မိမိ တာဝန်ယူတတ်မယ်ဆိုရင် အားလုံးကလေးစားတဲ့ လူတစ်ယောက် ဖြစ်လာမှာ အမှန်ပါပဲနော်….

Writer – HW (Shwe Yaung Lan)
Source : dailymail