အိမ် တွင်မဖြစ်မေ​န​ဆောင်ထားသင့်တဲ့ဆေးဝါးများကိုပြန်​လည်​မျှ​ဝေလိုက်​ပါသည်​။💊💊💊💊

1. Antiacid

လေထိုးလေအောင့်၊ ဗိုက်အောင့်ဗိုက်နာတတ်သူဆို Kremil-S အဖြူရောင်လေး ဝါးစားပေးပါ။ ရင်ပူ၊ လေပွ၊ စားချဉ့်ပြန်တတ်သူဆိုရင်တော့ Kremil-S ပန်းရောင်လေး ဝါးစားလိုက်ပါ

2. Skineal cream

ပျောက်နိုင်ခဲတဲ့ နှင်းခူလိုအနာ၊ ဗက်တီးရီးယားသေဆေးနဲ့ ဖန်းဂတ်စ် ခေါ် မှိုဆေးတွေပါပါတယ်။ အရေပြားရောင်ရမ်ခြင်း၊ ဖတ်းဂတ်စ် ခေါ် မှိုပိုးဝင်ခြင်း၊ ယားခြင်း၊ အရေပြားယိစ် ခေါ် မှိုတမျိုးဝင်ခြင်း၊ ဗက်တီးရီးယားပိုးဝင်ခြင်း တွေမှာ သုံးနိုင်ပါတယ်။

3 . Cetrin ( cetrizine ) စီထရွင်း

ဘာမီတွန် အုပ်စုပါ သူကတော့ ဒုတိယ မျိုးဆက်ပါ ဘာမီတွန်သောက်လို့ အိပ်ငိုက်တာတွေ ၊ လေးလံတာတွေ ဖြစ်တာ ဘာမီတွန်ထက် နည်းပါးပါတယ်။ အလုပ်ခွင်မှာ အိပ်ငိုက်လို့မရတာတွေ ( အထူးသဖြင့် ကားသမားတွေ ) အတွက် အဆင်ပြေပါတယ် ဒီဆေးဟာ အိမ်တိုင်းမှာ အမြဲဆောင်ထားသင့်ပါတယ် နှာစေးခြင်း ၊ နှာပိတ်ခြင်း ၊ ယားယံခြင်း ၊ Allergy ( တခုခုနှင့်မတည့်လို့ဖြစ်လာတဲ့ ဓါတ်မတည့်မှူ ) တွေမှာ အလွန်အသုံးဝင်ပါတယ်

နှာစေး နှာပိတ်ခြင်းများအတွက် တစ်ည တစ်လုံး သောက်နိုင်ပါတယ် မသက်သာလျှင် ( တစ်ခြမ်း နှစ်ကြိမ် သို့မဟုတ် တစ်လုံးနှစ်ကြိမ် ) သောက်နိုင်ပါတယ် အိမ်မှာ အမှိုက်ရှင်းရင်း အခန်းရှင်းရင်း စာအုပ်ပုံတွေရှင်းရင်းကနေ Allergy ဆိုတာ အခန့်မသင့်လျှင်ရတတ်ပါတယ် Allergy ဖြစ်ရင်တော့ ချက်ချင်းသောက်ပြီးပြီးချင်း မကြာခင် Allergy သက်သာနိုင်ပါတယ် မရှိအဖြစ်ဆောင်ထားသင့်တဲ့ဆေးပါ ဈေးနှုန်းကတော့ ထုတ်တဲ့ Company ပေါ်မူတည်ပြီးတော့ ဈေးအနည်းအများရှိပါတယ်

4. Silverderm ( ဆေးဗားဒန် )

ဒီလိမ်းဆေးက မတော်တဆ ရေနွေးပူလောင်တာမျိုး မီးလောင်တာမျိုး ခြင်ဆေးခွေကိုင်မိလို့ မီးပူလောင်တာမျိုးတွေမှာ သုံးနိုင်ပါတယ်

5. Dressing Kit

အရက်ပြန် ၊ ဂွမ်း ၊ ပတ်တီး ၊ Sufre Tulle

6. ORS ( ဓါတ်ဆား )

ဓါတ်ဆားတွေဟာ နာမည်ပေါင်းစုံ တံဆိပ်ပေါင်းစုံ နဲ့ ထွက်ပါတယ်။ တမျိုးနဲ့တမျိုး ပါတဲ့ ပျော်ဝင်ပစ္စည်းလေးတွေ အနည်းအများကွာတာလေးတွေရှိပါတယ် တကယ့်တကယ် ခန္တာကိုယ်က အန်လို့ပဲဖြစ်ဖြစ် ချွေးထွက်များလို့ပဲဖြစ်ဖြစ် ဝမ်းပျက်ဝမ်းလျှောလို့ပဲ ဖြစ်ဖြစ် ရေဓါတ်တွေ ဆုံးရှူံးတာများပြီဆို ကျနော်ကတော့ ဒီမှာ တင်ထားတဲ့ BPI ဓါတ်ဆားကို ပိုကြိုက်ပါတယ် ဒီတံဆိပ်ကတော့ အရသာ ငံတယ်။ ယိုးဒယားတံဆိပ်ကတော့ ချိုတယ် အရသာပဲကွာတာ ပါဝင်တဲ့ ဓါတ်ပမာဏကတော့တူတယ် ဒီနှစ်မျိုးထဲက ကိုယ်ကြိုက်တဲ့ အရသာပါတယ့် ဓါတ်ဆား နှအနည်းဆုံးနှစ်ထုပ်လောက်ကတော့ အိမ်မှာဆောင်ထားသင့်ပါတယ်။

7. AXE Oil

စင်္ကာပူနိုင်ငံထုတ် ပုဆိန်တံဆိပ် လေဆေးဆီဖြစ်ပါတယ် … မူးဝေခေါင်းကိုက်ခြင်း၊ အအေးမိနှာစေးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်ရစ်အော့အန်ခြင်းနှင့် ပိုးမွှားကိုက်ခဲခြင်းများကို လိမ်းရှူရုံဖြင့် အထိရောက်ဆုံး သက်သာပျောက်ကင်းစေနိုင်တဲ့အတွက် ချိန်ခါနေရာမရွေး အသုံးဝင်ပါတယ်…

8. Air-X

ဒီဆေးကတော့ အားလုံးရင်းနှီးပြီးသားဆေးတမျိုးပါ အစာမကြေ ရင်ပြည့်ရင်ကယ် လေထိုးသူများ သုံးနိုင်ပါတယ်

9. Omeprazole ( အိုမီပရာဇော )

အစာအိမ်ဆေးတစ်မျိုးပါ အစာအိမ်ဟာ အက်ဆစ်ဓါတ်တွေ အထွက်များလာရင် အစာအိမ်အောင့်တတ် နာတတ်ပါတယ် အစားအသောက်မမှန်တဲ့သူ အချိန်မှန်မှန်မစားသ ငါးပိ ငံပြာရည် အပူ အစပ်တွေ အစားများသူများမှာ အစာအိမ်ရောင်တာ နာတာ အဖြစ်ပိုများပါတယ်ဒီဆေးဟာ အစာအိမ်မှာ အက်ဆစ်ဓါတ်တွေထွက်တာ တားပေးပါတယ်။ မကြာခဏ အစာအိမ်ရောင်တတ်/ နာတတ်သူများ ဆောင်ထားသင့်ပါတယ် 20mg / 40mg တစ်နေ့နှစ်ကြိမ်သောက်ရပါတယ်။ အောက်မှာပါတဲ့ Siloxogene နှင့် တွဲသောက်လျှင်ပိုကောင်းပါတယ်

10. Siloxogene ( ဆိုင်လိုဆိုဂျင်း )

အစာအိမ်ဆေး လူအများသိတဲ့ Digene ( ဒိုင်ဂျင်း ) နဲ့ တူပါတယ်။ ဒီဆေးက အစာအိမ်ရောင်သူတွေ ၊ အစာမကြေသူတွေ ၊ လေအောင့် သူတွေ ၊ ဗိုက်ကယ်သူတွေ အတွက် သုံးနိုင်ပါတယ်

11. Betadine ( ဘီတာဒိုင်း )

ပိုးသတ်ဆေးရည် ဒီဆေးကတော့ အားလုံးရင်းနှီးပြီးသားဆေးရည်ပါ။ အိမ်မှာ မတော်တဆ ထိခိုက်ဒဏ်ရာတွေအတွက် အသုံးဝင်ပါတယ်

12. Domperidone ( ဒွန်ပယ်ရီဒုံး )

အအန်ပျောက်ဆေး အန်တာ သက်သာစေရန်အတွက် သုံးနိုင်ပါတယ်။ ကားမူးပြီး အန်တတ်သူများအတွက် အပေါ်မှာပါတဲ့ Stugeron ( အမူးပျောက်ဆေး ) နဲ့ ကားမစီးခင် တွဲသောက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ မနက်တစ်လုံး ညနေတစ်လုံးသောက်နိုင်ပါတယ်

13. Bioplacenton

ဒီလိမ်းဆေးက အရပ်ခေါ်ဆို အနာကျက်မြန်လိမ်းဆေးပါ။ Bioplacenton ဆိုတာ jelly (ointment) ပါ။ အိမ်တိုင်း ဆောင်ထားသင့်တယ်လို့ အကြံပြုပါရစေ။ ဘာအပူပဲလောင်လောင် အဲဒီ့ဆေးလေး သုတ်လိမ်းထားမယ်ဆိုရင် အရည်ကြည်ဖုတွေ ထွက်မလာတော့ဘဲ သက်သာ ပျောက်ကင်းနိုင်ပါတယ်။နှင်းခူကိုလဲ ပျောက်ကင်းစေပါတယ်။

14. Mefenamic Acid ( မီဖန်းနမစ်အက်ဆစ် )

အကိုက်အခဲပျောက်ဆေး အမျိုးအစားပါ။ ဒီဆေးဟာ အထူးသဖြင့်ပျိုမေ မမတွေနဲ့ ရင်းနှီးပြီးသားဆေးပါ။ ပျိုမေတွေ အမြဲလည်းဆောင်ထားသင့်ပါတယ်။ အမျိုးသားတွေလည်း နာကျင်ကိုက်ခဲမှူအတွက်သုံးလို့ရပါတယ်။ ဒီဆေးဟာ အမျိုးသမီးများ လစဉ် ဓမ္မတာသွေးပေါ်ခါနီး အချိန်တွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဗိုက်အောင့် ဗိုက်နာခြင်းတွေမှာ အလွန်အသုံးဝင်ပါတယ်။ တခြားသော နာကျင်ကိုက်ခဲမှူတွေမှာလည်းသုံးနိုင်ပါတယ်

250mg သုံးကြိမ် ဒါမှမဟုတ် 500 mg နှစ်ကြိမ်သောက်လို့ရပါတယ်။ အစာအိမ်ထိတတ်တဲ့အတွက် အစာနှင့်အတူ တွဲသောက်သင့်ပါတယ်။ အပေါ်မှာပါတဲ့ Omeprazole / Siloxogene တို့နဲ့တွဲသောက်ပြီး အစာအိမ်ကို ကာဗာပေးလို့ရပါတယ်

15- paracetamol ( အကိုက်အခဲပျောက်ဆေး / အဖျားကျဆေး )

မရှိအဖြစ်ဆောင်ထားသင့်တဲ့ဆေးပါပါရာစီတမော ကတော့ အိမ်တိုင်းလိုလိုမှာ ရှိတတ်တဲ့ ဆေးတစ်မျိုးပါများသောအားဖြင့် 500 မီလီဂရမ် ပါတာများပါတယ် ( ၅၀၀ အားပေါ့ ) လူသိများတဲ့ Biogesic ဆေးဟာ ပါရာစီတမေါ 500 mg ပါ။ ဒီဆေးဟာ နာကျင်ကိုက်ခဲမှူ သက်သာစေဖို့ရာ သောက်သုံးနိုင်ပါတယ် ဖျားနာချင်သလိုလို စတင်ခံစားနေရချိန်တွင် ကြိုတင်သောက်သုံးနိုင်ပါတယ်။ 500 mg ကို နာကျင်ကိုက်ခဲမှူ/ ဖျားနာမှု ပေါ်မူတည်ပြီး တကြိမ်မှ လေးကြိမ်ထိသောက်နိုင်ပါတယ်

အစာအိမ်ထိတတ်တဲ့အတွက် အစာနှင့်အတူ တွဲသောက်သင့်ပါတယ် ။ ဒါပေမယ့် အကိုက်ခဲပျောက်ဆေးတွေထဲမှာ ပါရာစီတမောက အစာအိမ်ကို ထိခိုက်မှူအနည်းဆုံးပါ။ စာအိမ်ရောင်တတ် နာတတ်သူများ အောက်မှာပါတဲ့ Omeprazole / Siloxogene တို့နဲ့တွဲသောက်ပြီး အစာအိမ်ကို ကာဗာပေးလို့ရပါတယ်။ အကယ်၍ ပါရာသီတမောနှင့် နာကျင်မှူ မပျောက်ပါက ဆရာဝန်နှင့်တိုင်ပင်၍ နောက်ထပ် အကိုက်ခဲပျောက်ဆေး တစ်မျိုးထပ်မံဖြည့်စွပ်၍ သောက်နိုင်ပါတယ်

အသည်းရောဂါရှိသူများ ၊ အစာအိမ်ရောင်ဖူးသူ/ အစာအိမ်အနာရှိသူများ ၊ ပါရာစီတမော မတည့်သူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်၍ သောက်သုံးသင့်ပါတယ်။ ပါရာစီတမော မတည့်သူများ ဆရာဝန်နှင့် တိုင်ပင်၍ တခြားအကိုက်ခဲပျောက်ဆေး သောက်ပါ

ကလေးငယ်များကို တိုက်လျှင်တော့ ဆရာဝန်နှင့်တိုင်ပင်ပြီးမှတိုက်သင့်ပါတယ်။ ကလေးတွေရဲ့ ခန္တာကိုယ် အလေးချိန်ပေါ်မူတည်ပြီး ဆေးတိုက်ရတဲ့အတွက်ပါ။ အသည်းကိုထိခိုက်တတ်တဲ့အတွက် ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ပမာဏထက်ပိုသွားရင် ကလေးအသည်းထိခိုက်နိုင်ပါတယ်။ လိုအပ်တာထက်ပိုသောက်သုံးလျှင် အသည်းပျက်၍ အသည်းအစားထိုးကုရတဲ့အထိ အန္တရာယ်ရှိပါတယ်။

မှတ်​ချက်​။👉👉👉 တချို့သူများသည်​ မိမိနှင့်​မတည့်​သည့်​ ​ဆေးဝါးများရှိကြပါသည်​။

ထို့​ကြောင့် ​ဆေးဝါးများကို ​ဆရာဝန်​ညွှန်​ကြားချက်​ဖြင့်​လိုက်​နာသုံးစွဲပါရန်​ ၊ ယားနာ​​ဆေးများသည်​လည်း တချို့​သွေးသားများနဲ့ မတဲ့လျှင်​ နီမြန်းခြင်း အဖုထခြင်းများဖြစ်​တတ်​သည့်​အတွက်​ လိမ်းကြည့်​လို့ မိမိ​သွေးသားဖြင့်​ အဆင်​မ​ပြေပါက ဆက်​လက်​ မသုံးစွဲပါရန်​ ကြိုတင်​သတိ​ပေးပါသည်​။

Dr Rkar Soe ထံမှပြန်​လည်​ကူးယူမျှ​ဝေ​ပါသည်​။