ရ တနာပုံဈေးမီးလောင်နေမှုတွင် ပိတ်မိနေသူများအားကယ်တင်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ ကြိုးစားနေ

ယနေ့( ဇန်နဝါရီ ၁၇) ညနေ ၆း၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇x၇၈ လမ်းနှင့် ၃၄ လမ်းကြားရှိ ရတနာပုံဈေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၆း၃၅ နာရီအချိန်တွင် Level 4 ယာဉ်အုပ် စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရသည်။

မီးမငြိမ်းသေးဘဲ ပိတ်မိနေသည့် လူများလည်း ရှိနေကာ အတည်မပြုနိုင်သေးသည့် သတင်းများအရ အပေါ်ဆုံးထပ်တွင် လူ ၂၀ မှ ၃၀ အကြားပိတ်မိနေသည်ဟု မီးလောင်နေသည့် ပတ်ဝန်းကျင်ရှိပြည်သူများ၏ FB Live ထုတ်လွှင့်မှုများအရ သိရသည်။

မီးသတ်တပ်ဖွဲ့ဝင်များကလည်း ပိတ်မိပြည်သူများကို ကယ်တင်နိုင်ရန် လှေခါးများထောင်၍ ဈေးအပေါ်ထပ် သို့ ကြိုးစားနေကြသည်ကို တွေ့ရှိရသည်။MFSD