ဟာ သ သရုပ်ဆောင် ဗေလုဝ ဦးနှောက်သွေးခဲရောဂါကြောင့် ပင်လုံဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။ပင်လုံဆေးရုံမှာဆေးကုသမှုခံယူနေရတဲ့ သရုပ်ဆောင် ဗေလုဝထံသို့ သရုပ်ဆောင်ခင်မို့မို့အေးက ကိုယ်တိုင်သွားရောက်သတင်းမေးခဲ့ပြီး အနုပညာမောင်နှမအချို့လည်း သတင်းမေးလာခဲ့ကြတယ်လို့ သိရပါတယ်။မကြာသေးမီက ဦးနှောက်သွေးခဲပြီး ဆေးရုံတက်ခဲ့ရတဲ့ ဗေလုဝကို ပေ့ခ်ျ အတုတွေက ကွယ်လွန်သွားပြီဆိုတဲ့ ကောလဟာလတွေ ရေးသားခဲ့ကြပါတယ်

‌ကောလဟာလ ရေးသားသူတွေကို တရားစွဲမယ်လို့ ပရိသတ်တွေက ထင်နေခဲ့ကြ ပေမယ့် ဗေလုဝကတော့ ကောလဟာလထွက်ပြီးနောက်နေ့မှာပဲ ထူးထူးခြားခြား သက်သာလာခဲ့တဲ့အတွက် စိတ်မဆိုးပါဘူး ယတြာချေတယ်လို့ပဲ သဘောထားပါတယ် လို့ ဗေလုဝဇနီးက ပြောပြလာခဲ့ပါတယ် ။ဦးဗေရဲ့ကျန်းမာရေးက ထူးထူးခြားခြား သက်သာလာပြီးရယ်နိုင်ပြုံးနိုင်လာလို့ အရမ်းဝမ်းသာတယ်လို့ ဇနီးဖြစ်သူက ဝမ်းသာအားရပြောပြခဲ့ပါတယ် ။

တညင်မှာဟောပြောပွဲလုပ်ပြီး အပြန်မှာ ထမင်းစားပြီးအိပ်တယ် မနက် ပိုင်းသူ့သူငယ်ချင်းလာခေါ်တော့လည်း လက်ဖက်ရည်ဆိုင်သွားထိုင်ပြီး လယ်တောသူထမင်းဆိုင် ကိုသွားပြီးမှ အပြန်မှာ ပါးရွဲ့လာပြီး လေဖြတ်တယ်ထင်လို့ ဆေးခန်းသွားခဲ့ပေမယ့် နှစ်ရက်လောက်စောင့်ကြည့်ရမယ်ဆိုလို့ချက်ချင်းဆေးရုံတင်ခဲ့ရတယ်လို့သိရပါတယ် ။ အရင်က ကျန်းမာရေးအတွက် အားဆေးသွင်းရတာက လွဲပြီးဘာမှ မရှိခဲ့ပေမယ့် အခုသွေးက ပျော်ကျပြီး စကားပြောနိုင်တဲ့ သွေးကြောလေးကို ပိနေတဲ့အတွက် စကားမပြောနိုင်တော့တာလို့ ဆရာဝန်က လည်း ပြောပြခဲ့တယ်လို့သိရပါတယ် ။

အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးကျေးဇူးတင်ရှိပါတယ်။နောက်များမှာလည်း အခုလို ဗဟုသုတ သတင်းအသစ်များကို ဖတ်ရှု့ဖို့အတွက် ကျွန်တော်တို့ Page ကိုလည်း Like and See first လုပ်ထားဖို့ မမေ့ပါနဲ့နော်..။