မော် ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ မြန်မာသာမက အာရှနိုင်ငံအချို့က ပျိုမဒီတွေပါ ဝန်းရံခံရသူ တစ်ဦးဖြစ်ပါတယ်။ သူဟာဆိုရင် ထိုင်းနိုင်ငံက ပရိသတ်တွေနဲ့လည်း အလုပ်နဲ့သွားတဲ့အခါတွေမှာ အမြဲတမ်း ထိတွေ့နေသူဖြစ်ပါတယ်။

ထို့အတူပဲသရုပ်ဆောင် နေထူးနိုင်ဟာလည်း သူ့ရဲ့ဗီဒီယိုပရိသတ်တွေအတွက် ဇန်နဝါရီလ (၁၉)ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံးသွားမယ်လို့ သိရပါတယ်။

တွေ့ဆုံမယ့် နေရာကတော့ Anorma Hotel မှာ နေ့လည် (၃) နာရီကနေ (၅) နာရီအတွင်းမှာ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ တွေ့ဆုံဖို့အတွက်တော့ ၁၅ ဦးသာ ခွင့်ပြုမှာ ဖြစ်ပြီးတော့ တွေ့ဆုံလိုသူတွေအနေနဲ့ သူ့ရဲ့ Messenger ကို စာရင်းပေးသွင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကွိးနေထူးနိုင်ရဲ့ ပရိသတ်တွေအနေနဲ့ အသိနောက်မကျရလေအောင်အသိပေးလိုက်ပါတယ်နော်။

Writer – SMT( Shwe Yaung Lan)