အနု ပညာရှင် စုံတွဲလေးတွေထဲကမှ ချစ်စရာကောင်းပြီးလိုက်ဖက်သူတွေထဲမှာ အဆိုတော် / သရုပ်ဆောင် နန်းဆုရတီစိုး နဲ့ အဆိုတော် G-Fatt တို့ အတွဲလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ သူတို့ အတွဲကတော့ လက်ရှိမှာ ဘာမှမဆိုင်တော့တဲ့ Relationship တစ်ခုအဖြစ် ရှိနေခဲ့ပြီဖြစ်ပါတယ်။

သူ တို့နှစ်ဦးဟာ ချစ်ကြတုန်းကဆိုရင် သူတို့ရဲ့ ဂီတတွေဟာလည်း အချစ်နဲ့ထုံမွှမ်းစီရင်ထားတဲ့ ဆေးတွေပမာ ချီုမြိန်လွန်းလှပါတယ်။ ဒါပေမယ့် နှစ်ဦးသား နားလည်မှုတွေညှိနှိုင်းမရခဲ့ပဲနဲ့ ကွဲကွာခဲ့ရတဲ့အဖြစ်ကိုတော့ ပရိသတ်ကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။

အ ခုတော့ နန်းဆုမှာ ချစ်ရတဲ့ ကောင်လေးအသစ်ရနေပြီဆိုတဲ့ သတင်းတွေလည်း ကြားမိကြမှာပါနော်။ ဒီအတွက် ချစ်သူဟောငး G-Fatt ကတော့ ထူးထူးခြားခြား မခံစားတော့ပဲနဲ့ အမှားအမှန်ထက် အချစ်ရေးကနေပြီး သင်ခန်းစာ ယူလိုက်ပါတယ်လို့လည်း
မီဒီယာတွေရဲ့ မေးမြန်မှုမှာ ဖြေဆိုထားတာကိုတွေ့ရပါတယ်။

(ဖြစ်နိုင်ရင်ပေါ့နော်… အကိုတို့ရော အခြားသူတွေရော နန်းဆုနဲ့ သူရဲ့ Relationship အကြောင်းကို ပြန်လည်အစမဖော်ကြတော့တာ က ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အနေနဲ့ အားနာမိလို့ပါ။ အခြားသူတွေကိုလည်း အားနာပါတယ်။ သူလည်း သူ့ဘဝသူ ရပ်တည်သွားပြီပဲ) လို့ မီဒီယာရဲ့ မေးမြန်းမှုမှာ ဖြေဆိုထားတာကိုလည်းတွေ့ရပါတယ်။

ဒါကြောင့် ပရိသတ်ကြီးအနေနဲ့လည်း လိုက်ဖက်တဲ့စုံတွဲလေးအဖြစ် ထပ်မံမြင်ခွင့်ရတော့မှာမဟုတ်တော့ပါဘူး။ အားလုံး ကိုယ်လမ်းကိုယ်လျှောက်နေကြပြီမို့ အကောင်းဆုံး ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်နော်။

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Writer – SMT( Shwe Yaung Lan)
Video – Myanmar Celebrity