ဖိ လစ်ပိုင်နိုင်ငံမှာရှိတဲ့ Taal မီးတောင်ကြီးဟာ ချော်ရည်တွေပန်းထွက်လာပြီး အသက်အန္တရာယ်အဆင့်ထိရောက်နေတာကြောင့် ဒေသခံလူထုတွေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သတင်းကို ပရိသတ်ကြီးတို့ ဖတ်ပြီးကြပြီးဖြစ်မှာပါ…… ဒီလို ပေါက်ကွဲနိုင်ပြီး ဆူနာမီဖြစ်နိုင်တယ်လို့ သတိပေးထားတာကြောင့် ကမ္ဘာတစ်ဝန်းက လူတွေကလည်း ဖိလစ်ပိုင်နိုင်ငံအတွက် စိုးရိမ်ပူပန်ခဲ့ကြတာပါ…

ဒီလို အားလုံးက စိုးရိမ်ပူပန်နေကြပေမဲ့ ဖိလစ်ပိုင်က စုံတွဲတစ်တွဲကတော့ သူတို့ရဲ့ မင်္ဂလာပွဲကို အပျက်မခံဘဲ မူလစီစဉ်ထားတဲ့အတိုင်း မင်္ဂလာပွဲကို ကျင်းပခဲ့ကြပါတယ်…ဒီလိုကျင်းပခဲ့ရာမှာ ပေါက်ကွဲကာနီး ချော်ရည်တွေထွက်နေတဲ့ Taal မီးတောင်ကြီးကို နောက်ခံထားပြီး ကျင်းပခဲ့တာပါ…

ဒါ့အပြင် အဆိုပါမီးတောင်ကြီးနောက်ခံထားပြီး ရိုက်ထားတဲ့ ဓာတ်ပုံဆရာ Randolf Evan ရဲ့ မင်္ဂလာပွဲ ဓာတ်ပုံတွေဟာလည်း တကယ့်ကို သဲထိတ်ဖွယ်ကောင်းလှတာပါ….

ဘယ်လိုပဲ အန္တရာယ်တွေရှိပါစေ…အခက်အခဲရှိရင် အတူရင်ဆိုင်မယ်ဆိုတဲ့ စိတ်နဲ့ မင်္ဂလာပွဲကိုမဖျက်ဘဲ ကျင်းပခဲ့တဲ့ အဆိုပါဖိလစ်ပိုင်စုံတွဲရဲ့ အချစ်ကတော့ ချီးကျူးရမှာပါ…..

ပရိသတ်ကြီးတို့လည်း မီးတောင်ကြီးကို နောက်ခံထားတဲ့ မင်္ဂလာပွဲဓာတ်ပုံတွေ ကြည့်ရှုနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..

Writer – HW (Shwe Yaung Lan)
Source : Randolf Evan Photography