မြန်မာ ရုပ်ရှင်လောကရဲ့ မင်းသားတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် နေဒွေးဟာဆိုရင်ပရိသတ်အကြားမှာ ရေပန်းစားတဲ့ အနုပညာသည်တစ်ဦးပဲဖြစ်ပါတယ်။သူရဲ့သရုပ်ဆောင်ကောင်းမွန်မှုတွေကြောင့်လည်း ပရိသတ်ကအထူးအားပေးခြင်းခံရသူတစ်ဦးပါ။
လက်ရှိအချိန်မှာ အနုပညာလောကသားတွေဖြစ်တဲ့ မဆင့် ၊ အေးအေးခိုင် တို့ဟာဆိုရင်ငွေကြေးကိစ္စအရှုပ်အရှင်းတွေဖြစ်ပျက်နေသလို ၊ သရုပ်ဆောင် နေဒွေး ကတော့ သရုပ်ဆောင် မင်းခန့်ကျော်နဲ့ပတ်သတ်ပြီး ငွေရစရာလေးတွေရှိနေတာကြောင့် နှစ်ဖက်အပြန်အလှန်စကားပြောနေရတဲ့အပိုင်းလေးတွေရှိပါတယ်။

ဒီအချိန်မှာပဲ သရုပ်ဆောင် နေဒွေးရဲ့ ချစ်သူဟောင်းဖြစ်တဲ့ မော်ဒယ် သံစဉ်မောင် ကသူမအပေါ်ကို သရုပ်ဆောင် နေဒွေးက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာတွေကို ထုတ်ဖော်ဖွင့်ချလိုက်တဲ့အခါမှာတော့ ပရိသတ်က အတော်လေးကို အံ့သြခဲ့ရ ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့သရုပ်ဆောင် နေဒွေးဘက်ကလည်း အချို့အရာတွေချပြခဲ့သလို ၊ သူ့ဘက်ဘာအမှားမှ မလုပ်ထားဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။ သူဟာယခင်တုန်းက ဆိုးခဲ့တာတွေ ရှိပေမယ့် အခုချိန်မှာတော့ သူအကောင်းဆုံးပြန်လည်
တည့်မတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Writer – SMT( Shwe Yaung Lan)