ပရိတ်သတ်ကြီးရေ…. Make-Up Artist တစ်ယောက်ဖြစ်တဲ့ရပ်တည်နေတဲ့ ဟန်နာယူရီဟာဆိုရင် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတာပဲဖြဟ်ပါတယ်နော်.။သူမကတော့ ကိုယ်ပိုင်စီပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရုံသားမကပဲ ကြော်ငြာမင်းသမီးတစ်ယောက်အဖြစ်နဲ့ပါ ရပ်တည်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ဟန်နာယူရီဟာဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် အခက်အခဲဖြဟ်နေတဲ့ ပြည်သူတွေကိုလည်း သူမတတ်နိုင်သလောက်ကူညီထောက်ပံ့ပေးနေတာကိုလည်းမြင်တွေ့ရပါတယ်။

သူမဟာဆိုရင် ဖေဖော်ဝါရီလမှစတင်ပြီးယနေ့အချိန်ထိ ဘာဝင်ငွေမှမရှိတော့ပဲအပ်ထားတဲ့အလုပ်တွေ အချိန်မီမပြီးနိုင်ခဲ့တာကြောင့် လုပ်ငန်းရှင်တွေကိုတောင် ငွေပြန်လျော်ရတဲ့အခြေအနေထိဖြစ်လာခဲ့တဲ့ မော်ဒယ်ဟန်နာယူရီဟာ အမှန်တရားရဲ့ ဘက်တော်သားစစ်စစ်ဖြစ်ပြီး နိုင်ငံ့အရေးနဲ့ပတ်သက်တဲ့ သတင်းအမှန်တွေကို သူမရဲ့လူမှုကွန်ယက်ကနေတဆင့် တစ်ကမ္ဘာလုံးသိစေဖို့အတွက် ကြိုးစားပေးနေခဲ့ပါ တယ်။ ကိုယ်တိုင်ဝင်ငွေမရှိပေမယ့်လည်း ဒီကိစ္စကိုအရေးမထားဘဲ တိုင်းပြည်အရေးအတွက်သာ တတ်နိုင်တဲ့ဖက်ကကြိုးစားပြီး အချိန်ပြည့် သတင်းမှန်တွေ ဝေမျှပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

လက်ရှိမှာကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့စာရင်းအမှန်ကို တင်ပြရာမှာတော့ မလိုသူတစ်ယောက်က ” Media ပေါင်းစုံက (၂၀၀) ကျော်ပဲကြေငြာတာပါ ညီမကဒေါ်လာဘယ်လောက်ရလို့ သောက်တလွဲ ပြောရတာလဲ ” ဆိုပြီး လာရောက်ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုခဲ့သူကိုတော့ သူမက ” သတင်းတွေတင်နေတာ ဒေါ်လာစားနေရလို့တဲ့ကွယ် ပေးတဲ့ဆုနဲ့ပြည့်ပါစေ ရှေ့လျှောက် Korea မှာ thai မှာ ဒေါ်လာတွေနဲ့ပဲ အလုပ်တွေလက်ခံရပါစေ ” ဟုဆိုကာ ပြန်လည်တုန့်ပြန်ခဲ့တာပဲဖြစ်ပါတယ်နော်။

အမှန်တရားအတွက် ကြိုးစားနေချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေကတော့ ကြုံရစမြဲပါ။ဒီနောက်မှာလည်း သူမရဲ့လက်ရှိအခြေအနေကို ” February (1) ထဲက ငါးကျပ်တောင် ဝင်ငွေမရှိဘူး တွေးရင်းဝမ်းနည်းကိုယ့်ဘဝကိုယ်ကိုတောင်။ ခုလိုဒေါ်လာတွေရတယ် ဒေါ်လာစားဆိုတဲ့စကားမှန်ပါစေ အနာဂတ်မှာဒေါ်လာတွေနဲ့ အလုပ်လေးတွေလုပ်ခွင့်ရပါစေ 😇 ” ဆိုပြီး ခပ်နောက်နောက်လေး ပြောခဲ့ပါသေးတယ်။ ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို ကျေးဇူအထူးပဲတင်ရှိပါတယ်။

Source: Hanna Yuri’s FB Acc
Credit…..