လွန်ခဲ့တဲ့တစ်လကျော်လောက်က ထူးအယ်လင်းရဲ့ မိသားစု အိမ်ကို ဝင်ရောက် အကြမ်းဖက်ခံခဲ့ရပြီး အမဖြစ်သူဆုံးပါးခဲ့ရသလို အကိုဖြစ်သူဟာလည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီးနောက်မှာ ဆေးကုသမှုခံယူ နိုင်ခဲ့ပေမယ့် ပျောက်ကင်းသွားတဲ့အချိန်မှာပဲ အကျဉ်းကျခံခဲ့ရပြီး လက်ရှိမှာ တော့အမှုရင်ဆိုင်နေခဲ့ရပြီပဲ ဖြစ်ပါတယ်။မိသားစုအတွက် အဆိုးဝါးဆုံး အချိန်တွေကို ရင်ဆိုင်ခဲ့ရပေမယ့် မိခင်ကြီးကတော့ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကလွတ်ကင်းခဲ့ရပါတယ်။ ကိုယ်တိုင် အသက်ဘေးကလွတ်ခဲ့ပေ မယ့် သားသမီးတွေကို ဆုံးရှုံးလိုက်ရတာတော့ မိခင် တစ်ယောက်အနေနဲ့ ဖြေမဆည်နိုင်အောင်ပါပဲ။

ထူးအယ်လင်းကလည်း ဆုံးပါးသွားတဲ့ အမဖြစ်သူရဲ့ တစ်လပြည့်တဲ့နေ့မှာ ကောင်းမှု ကုသိုလ်တွေလုပ်ပြီး အမျှပေးဝေခဲ့ပါသေးတယ်။ အမှုရင်ဆိုင်နေရတဲ့အကိုအတွက်လည်း တရားမျှတမှုဖြစ်လာအောင် အစွမ်းကုန်ဆောင်ရွက်နေတဲ့အကြောင်း ကိုလည်း ပြောပြလာခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ချစ်ခင်ခဲ့ရတဲ့ မောင်နှမအရင်းတွေရဲ့ သံယောဇဉ် အတိမ်အနက်ဆိုတာ တစ်ယောက်ယောက် မရှိတော့တဲ့အချိန်မှာ ပိုပြီးသိသာလာ တဲ့ခံစားချက်မျိုးပါ။

လက်ရှိအချိန်မှာတော့ ဆုံးပါးသွားတဲ့ အမအတွက်နဲ့ အကျဉ်းကျခံနေရတဲ့ အကိုအတွက် တတ်နိုင်သမျှကူညီပံ့ပိုးပေးခဲ့ပါတယ်။အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ မိခင်ကြီးနဲ့ အတူရိုက်ထားတဲ့ အမှတ်တရပုံလေးကိုတော့ ” ကိုယ့်မွေးသမိခင် ကိုယ့်မျက်မြင်ဘုရား အန္တရာယ်ကင်းပြီး ထိခိုက်မှုမရှိတာ အဆိုးထဲက အကောင်းတစ်ခုပါ မေမေသက်ရှည်ကျန်းမာပြီးပျော်မွေ့တဲ့ ဗုဒ္ဓတရားဓမ္မများဖြင့် ဆက်တည်နေနိုင်ပါစေ🙏🙏🙏 ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ ဆုံးရှုံး လိုက်ရတော့မလိုဖြစ်ပြီးကာမှ ပြန်ပြီးပွေ့ဖက်နိုင်ခဲ့တာကြောင့် မိခင်ကြီးကို အရင်ကထက်ပို တဲ့ဂရုစိုက်မှုတွေနဲ့ သားလိမ္မာပီသနေပုံက တကယ်ကိုကျေနပ်စရာပါ။

Credit…..

လြန္ခဲ့တဲ့တစ္လေက်ာ္ေလာက္က ထူးအယ္လင္းရဲ့ မိသားစု အိမ္ကို ဝင္ေရာက္ အၾကမ္းဖက္ခံခဲ့ရၿပီး အမျဖစ္သူဆုံးပါးခဲ့ရသလို အကိုျဖစ္သူဟာလည္း ဒဏ္ရာအျပင္းအထန္ရခဲ့ၿပီးေနာက္မွာ ေဆးကုသမႈခံယူ နိုင္ခဲ့ေပမယ့္ ေပ်ာက္ကင္းသြားတဲ့အခ်ိန္မွာပဲ အက်ဥ္းက်ခံခဲ့ရၿပီး လက္ရွိမွာ ေတာ့အမႈရင္ဆိုင္ေနခဲ့ရၿပီပဲ ျဖစ္ပါတယ္။မိသားစုအတြက္ အဆိုးဝါးဆုံး အခ်ိန္ေတြကို ရင္ဆိုင္ခဲ့ရေပမယ့္ မိခင္ႀကီးကေတာ့ ကံေကာင္းေထာက္မစြာနဲ႔ အသက္ေဘးကလြတ္ကင္းခဲ့ရပါတယ္။ ကိုယ္တိုင္ အသက္ေဘးကလြတ္ခဲ့ေပ မယ့္ သားသမီးေတြကို ဆုံးရႈံးလိုက္ရတာေတာ့ မိခင္ တစ္ေယာက္အေနနဲ႔ ေျဖမဆည္နိုင္ေအာင္ပါပဲ။

ထူးအယ္လင္းကလည္း ဆုံးပါးသြားတဲ့ အမျဖစ္သူရဲ့ တစ္လျပည့္တဲ့ေန႔မွာ ေကာင္းမႈ ကုသိုလ္ေတြလုပ္ၿပီး အမၽွေပးေဝခဲ့ပါေသးတယ္။ အမႈရင္ဆိုင္ေနရတဲ့အကိုအတြက္လည္း တရားမၽွတမႈျဖစ္လာေအာင္ အစြမ္းကုန္ေဆာင္ရြက္ေနတဲ့အေၾကာင္း ကိုလည္း ေျပာျပလာခဲ့ပါတယ္။ ငယ္ငယ္ကတည္းက ရင္းႏွီးကၽြမ္းဝင္ခ်စ္ခင္ခဲ့ရတဲ့ ေမာင္ႏွမအရင္းေတြရဲ့ သံေယာဇဥ္ အတိမ္အနက္ဆိုတာ တစ္ေယာက္ေယာက္ မရွိေတာ့တဲ့အခ်ိန္မွာ ပိုၿပီးသိသာလာ တဲ့ခံစားခ်က္မ်ိဳးပါ။

လက္ရွိအခ်ိန္မွာေတာ့ ဆုံးပါးသြားတဲ့ အမအတြက္နဲ႔ အက်ဥ္းက်ခံေနရတဲ့ အကိုအတြက္ တတ္နိုင္သမၽွကူညီပံ့ပိုးေပးခဲ့ပါတယ္။အသက္ေဘးကလြတ္ေျမာက္ခဲ့တဲ့ မိခင္ႀကီးနဲ႔ အတူရိုက္ထားတဲ့ အမွတ္တရပုံေလးကိုေတာ့ ” ကိုယ့္ေမြးသမိခင္ ကိုယ့္မ်က္ျမင္ဘုရား အႏၲရာယ္ကင္းၿပီး ထိခိုက္မႈမရွိတာ အဆိုးထဲက အေကာင္းတစ္ခုပါ ေမေမသက္ရွည္က်န္းမာၿပီးေပ်ာ္ေမြ႕တဲ့ ဗုဒၶတရားဓမၼမ်ားျဖင့္ ဆက္တည္ေနနိုင္ပါေစ🙏🙏🙏 ” ဆိုၿပီး သူ႔ရဲ့ လူမႈကြန္ယက္မွာ ေဝမၽွခဲ့ပါတယ္။ ဆုံးရႈံး လိုက္ရေတာ့မလိုျဖစ္ၿပီးကာမွ ျပန္ၿပီးေပြ႕ဖက္နိုင္ခဲ့တာေၾကာင့္ မိခင္ႀကီးကို အရင္ကထက္ပို တဲ့ဂ႐ုစိုက္မႈေတြနဲ႔ သားလိမၼာပီသေနပုံက တကယ္ကိုေက်နပ္စရာပါ။

Credit…..