အိႏၵိ ယေငြ႐ူပီး ၂ ကုေဋတန္ဖိုးရွိသည့္ ျမန္မာ့ကၽြန္းသစ္မ်ားအား ေမွာင္ခိုသယ္ဆာင္လာေသာ ကား ၉ စီးကို လူေပါင္း ၁၉ ဦးႏွင့္အတူ အာသံလက္နက္ကိုင္ တပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ေၾကာင္း နာဂေျမမီဒီယာ၏ သတင္းေဖာ္ျပမႈအရ သိရသည္။

အိႏ ၵိယနိုင္ငံနာဂလန္းျပည္နယ္ဒီမာပူးခရိုင္ Dimapur ဖီရိမာ Pherima ရြာအနီးရွိ စစ္ေဆးေရးဂိတ္တြင္ ဇန္ နဝါရီ ၁၁ ရက္ေန႔က ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္ဟုျပည္နယ္အဆင့္ သတင္းစာရွင္းလင္းပြဲတြင္ တာဝန္ရွိသူမ်ားက ေျပာသ

တိက်ခိုင္မာသည့္သတင္းရရွိမႈႏွင့္အတူ အာသံလက္ နက္ကိုင္တပ္ဖြဲ႕မွ စစ္သားမ်ားက အဆိုပါစစ္ေဆးေရးဂိတ္တြင္ ေစာင့္ဆိုင္းေနကာ ကိုဟီမား ( Kohima ) မွ ဒီမာပူး ( Dimapur ) သို႔သြားမည့္ ထရပ္ခ္ကား ၉ စီးကိုရပ္တန႔္ေစကာစစ္ေဆးၿပီးေနာက္ ကားမ်ားေပၚမွ ေမွာင္ခိုသယ္ေဆာင္လာသည့္ ျမန္မာ့ကၽြန္းသစ္ မ်ားကိုဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။ စစ္ေဆးမႈအရ ျမန္ မာ့ကၽြန္းသစ္ ၃၆၀၀ က်ဴ ပစ္ေပကို သိမ္းဆည္းရမိခဲ့သည္ဟု ဆိုသည္။

ကားမ်ားႏွင့္အတူ လိုက္ပါလာသည့္ ၁၉ ဦးကိုလည္း ဖမ္းဆီးရမိခဲ့သည္။ ဖမ္းဆီးရမိသူမ်ားႏွင့္ သိမ္းဆည္းရမိသည့္ ကၽြန္းသစ္မ်ားကို ဒီမားပူးခရိုင္ရွိ အေရွ႕ပိုင္းရဲတပ္ဖြဲ႕ဌာနခ်ဳပ္သို႔လြဲေျပာင္းေပးထားၿပီးစစ္ေဆးမႈမ်ား ကို ဆက္လက္ျပဳလုပ္ေနသည္ဟု ဒုတိယဗိုလ္မႉ းႀကီး ဆူမစ္ေကရွာမားက သတင္းစာရွင္းလင္းပြဲတြင္ ေျပာ
ၾကားခဲ့သည္။Nagaland

Unicode

အိန္ဒိ ယငွေရူပီး ၂ ကုဋေတန်ဖိုးရှိသည့် မြန်မာ့ကျွန်းသစ်များအား မှောင်ခိုသယ်ဆာင်လာသော ကား ၉ စီးကို လူပေါင်း ၁၉ ဦးနှင့်အတူ အာသံလက်နက်ကိုင် တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း နာဂမြေမီဒီယာ၏ သတင်းဖော်ပြမှုအရ သိရသည်။

အိန ္ဒိယနိုင်ငံနာဂလန်းပြည်နယ်ဒီမာပူးခရိုင် Dimapur ဖီရိမာ Pherima ရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဇန် နဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုပြည်နယ်အဆင့် သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောသ

တိကျခိုင်မာသည့်သတင်းရရှိမှုနှင့်အတူ အာသံလက် နက်ကိုင်တပ်ဖွဲ့မှ စစ်သားများက အဆိုပါစစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေကာ ကိုဟီမား ( Kohima ) မှ ဒီမာပူး ( Dimapur ) သို့သွားမည့် ထရပ်ခ်ကား ၉ စီးကိုရပ်တန့်စေကာစစ်ဆေးပြီးနောက် ကားများပေါ်မှ မှောင်ခိုသယ်ဆောင်လာသည့် မြန်မာ့ကျွန်းသစ် များကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ စစ်ဆေးမှုအရ မြန် မာ့ကျွန်းသစ် ၃၆၀၀ ကျူ ပစ်ပေကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ကားများနှင့်အတူ လိုက်ပါလာသည့် ၁၉ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိသည့် ကျွန်းသစ်များကို ဒီမားပူးခရိုင်ရှိ အရှေ့ပိုင်းရဲတပ်ဖွဲ့ဌာနချုပ်သို့လွဲပြောင်းပေးထားပြီးစစ်ဆေးမှုများ ကို ဆက်လက်ပြုလုပ်နေသည်ဟု ဒုတိယဗိုလ်မှူ းကြီး ဆူမစ်ကေရှာမားက သတင်းစာရှင်းလင်းပွဲတွင် ပြော
ကြားခဲ့သည်။Nagaland