ရွှေ ထူးနဲ့ရွှေမှုံရဲ့အချစ်ဇာတ်လမ်းဟာ လူပေါင်းများစွာရဲ့ဝေဖန်မှုတွေတိုက်ခိုက်မှုတွေခံခဲ့ရပြီး စတင်ခဲ့ရတာဖြစ်ပေမယ့်သူတို့နှစ်ဦးဟာ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး အခုအချိန်အထိ ချစ်လို့ကြင်နာလို့မဆုံးဖြစ်နေကြသလို သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပြီး တစ်နိုင်ငံလုံးက အားကျနေရတဲ့ ဇနီးမောင်နှံလေးအဖြစ် ရပ်တည်နေတယ်ဆိုရင်လည်းမမှားပါဘူး။

ရွှေထူး က ချစ်ဇနီးလေးကို ချစ်သူဖြစ်ခါစကအတိုင်းအမြဲတမ်းအလိုလိုက်နေပြီးချစ်မြတ်နိုးနေတာကို မြင်ရသလို ရွှေမှုံကလည်း တစ်နေ့ထက်တစ်နေ့ခင်ပွန်းဖြစ်သူကို ပိုချစ်လာပြီးရွှေထူးအတွက် လိုအပ်သမျှတွေဖြည့်ဆည်းပေးဖို့အချစ်တွေနဲ့ပျော်ရွှင်စေဖို့အမြဲတမ်းကြိုးစားနေတာ ပရိသတ်တွေအားလုံးအမြင်ပါပဲ။ ရွှေထူးက ရွှေမှုံကိုအမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့အလိုလိုက်ဂရုစိုက်သလို ရွှေမှုံကလည်း ခင်ပွန်းကိုsurprise တွေမကြာခဏလုပ်ပြီးချစ်ခြင်းမေတ္တာကို ဖော်ပြတတ်တာလေးတွေကလည်း မြင်ရတဲ့ပရိသတ်တွေအတွက် တကယ့်ကို ကြည်နူးစရာပါ။

ရွှေထူးက ရွှေမှုံရဲ့စကားကို မြေဝယ်မကျနားထောင်တတ်တာလေးတွေကလည်း ရွှေမှုံအတွက် အချစ်တွေတိုးစေတဲ့အချက်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်မှာသေချာပါတယ်။ ချစ်ခင်ပွန်ုးကိုမျက်နှာမညိုစေပဲ စိတ်ချမ်းသာအောင်ထားတဲ့ ရွှေမှုံက အခုလည်း ရွှေထူးရဲ့ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိုက်ပြန်ပါပြီ။ ရွှေမှုံလေးက ရွှေထူး စန္ဒယားတီးသင်ရအောင် စန္ဒယားအသစ်စက်စက်ကြီးတစ်လုံး ဝယ်ပေးလိုက်တာပါ။ ရွှေမှုံဝယ်ပေးလိုက်တဲ့ YAMAHA စန္ဒယားကြီးက ဆယ့်တစ်သိန်းနှစ်သောင်းငါးထောင် ပေးရပြီး Discount အနေနဲ့ဆယ့်တစ်သိန်းနဲ့ ဝယ်ယူခဲ့တာလို့ သိရပါတယ်။ ရွှေထူးက ချစ်ဇနီးလေးဝယ်ပေးတဲ့ စန္ဒယားကြီးကို သူ့ရဲ့ လူမှုကွန်ယက် Myday မှာ တင်ထားပြီး စန္ဒယားကြီးနဲ့ ရွှေမှုံရဲ့ပုံလေးကို တင်ထားပြီး “သကြားမေမေရေ”လို့ တင်ထားခဲ့သလို စန္ဒယားကြီးရဲ့ ပုံနဲ့ “love you 3000 ကောင်းကောင်းသင်ယူပါ့မယ်”လို့လည်းရေးထားခဲ့ပါသေးတယ်။ ရွှေထူးကတော့ ချစ်ဇနီးလေး ဝယ်ပေးတဲ့ စန္ဒယားကြီးနဲ့ စန္ဒယားတီးသင်ပြီး သီချင်းအသစ်တွေဖန်တီးတော့မယ့်ပုံပါပဲ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရွှေထူးနဲ့ ရွှေမှုံကိုချစ်ကြလား။ ရွှေထူးရဲ့ စန္ဒယားအသစ်ကြီးနဲ့ ဖန်တီးမယ့် သီချင်းအသစ်တွေကိုရော နားထောင်ချင်နေကြပြီလား။ ပြောခဲ့ကြပါဦး။