Unicode
Surprise Check မွာ ကားဆရာအစစ္ခံရပါတယ်…
PK – ယာဉ်မောင်း လိုင်စင်ပြပါDvr – မရှိဘူး ဆရာPK – ကားမောင်းစားပြီးတော့ မလုပ်ထားဘူးလား?Dvr – မလုပ်ထားဘူး
PK – ကညနရုံးမှာ ဖောင်တင်၊ ပြီးရင် ရေးဖြေဝင်ဖြေလိုက်… လက်တွေ့မောင်းပြတာကတော့ အခုလည်းမောင်းနေတာပဲ ဘာခက်မှာမို့လို့လဲ?
Dvr – ကညနရုံးကိုသွားပြီးပြီ… မှတ်ပုံတင်တောင်းတယ်၊ ငယ်ငယ်ကလုပ်ထားတာ ဘယ်ပျောက်သွားလဲမသိဘူး… မရှိတော့ဘူး…
PK – မှတ်ပုံတင်များကွာ ဘာခက်တာလိုက်လို့ အိမ်ထောင်စုစာရင်းရှိရင် လုပ်လို့ရနေတာပဲကို…
Dvr – မှတ်ပုံတင်ရုံးကိုသွားတယ်… မွေးစာရင်း ထောက်ခံစာယူခဲ့ပါဆိုလို့…
PK – ဒါလည်း ဘာခက်တာမို့လို့ကွာ…
Dvr – ခက်တော့မခက်ပါဘူး… အဲဒါမွေးစာရင်းထောက်ခံစာသွားယူတာ အသက်အာမခံထားရမယ်တဲ့…
PK – အဲဒါလည်း စုပေါင်းရုံးမှာ အသက်အာမခံဌာနရှိတယ်လေ… သွားလိုက်ပေါ့ကွ
Dvr – အဲဒီကိုလည်းသွားပါတယ်… အသက်အာမခံကြေးငွေကို ဘဏ်မှာသွားဆောင်ပါတဲ့…
PK – အဲဒီတော့ သွားမဆောင်လိုက်ဘူးလား?
Dvr – ဆောင်ဖို့သွားပါတယ်… ဘဏ်ကိုရောက်တော့ “မှတ်ပုံတင်ပြပါ“ တဲ့…
PK – ဟင်… မင်းမှာမှမရှိတာ!
Dvr – ဟုတ်တယ် မရှိဘူးပြောတော့… ဒါဖြင့်လည်း ယာဉ်မောင်းလိုင်စင် ပြပါတဲ့…
PK – အတော်ရှုပ်တဲ့ကောင်ကွာ… ဖမ်းမနေတော့ဘူး… သွားပါတော့ …မြန်မြန် သွားပါတော့ကွာ..
မင်းနဲ့မှ ငါလည်းရူးကြောင်ကြောင်ဖြစ်ချင်လာပြီ…ငိုးမ ဖမ်းမိတာတောင် ငါ့အပြစ် Aung Khit Htoo