တ နဂၤေႏြ သားသမီးမ်ား

အတိုက္အခံျပႆနာမ်ား ရွိေနပါလိမ့္မည္။ ခိုက္ရန္ေဒါသျဖစ္ပြားရျခင္းမ်ား ႀကဳံရပါလိမ့္မည္။ အလုပ္ကိစၥမ်ားေဆာင္႐ြက္ရာတြင္ တတ္ကၽြမ္းနားလည္သူ မ်ားႏွင့္ ေသခ်ာတိုင္ပင္ၿပီးမွ ေဆာင္႐ြက္သင့္ပါသည္။ ျပႆနာရွိခဲ့ပါလၽွင္ မိမိကိုယ္တိုင္ ေျဖရွင္းျခင္းထက္ တနလၤာ၊ ေသာၾကာ၊ ၾကာသပေတးသားသမီးမ်ားႏွင့္ ေျဖရွင္းေစျခင္း ျဖင့္ ေအာင္ျမင္မႈရရွိပါလိမ့္မည္။ အလႉဒါနႏွင့္ ကုသိုလ္ေကာင္းမႈျပဳႏိုင္ေလ အက်ိဳးရွိေလ ျဖစ္ပါလိမ့္မည္။ မိမိႀကဳံေတြ႕ရေသာ အခက္အခဲအမ်ိဳးမ်ိဳးကို အဆင္ေျပစြာ ေျဖရွင္းႏိုင္မႈ ျပဳရပါလိမ့္မည္။ အခ်စ္ေရးတြင္ ႀကဳံမွန္းမသိႀကဳံရေသာ ခ်စ္သူငယ္ငယ္၏ လႊမ္းမိုးမႈ ေၾကာင့္ ကုန္မွန္းမသိကုန္ရေသာ ကဗ်ာတစ္ပုဒ္ ခံစားခြင့္ ရရွိခံစားရပါလိမ့္မည္။

ယၾတာ။ ။ ဘုရားရင္ျပင္တြင္ တံျမက္စည္းလွည္း၍ ဒါနျပဳေပးပါ။

တနလၤာ သားသမီးမ်ား

ဝင္ေငြအလြန္ေကာင္းမြန္ပါေသာ္လည္း အက်ိဳးမဲ့ဆုံး႐ႈံးမႈမ်ား ရွိေနပါလိမ့္ မည္။ ရပ္ေဝးမွသတင္းေကာင္းမ်ားအား အက်ိဳးရွိစြာ ၾကားသိရပါလိမ့္မည္။ အိုးအိမ္၊ ယာဥ္ကားအသစ္မ်ား ဝယ္ယူပိုင္ဆိုင္ခြင့္ရရွိပါလိမ့္မည္။ အိမ္ေမြးတိရစၧာန္တစ္မ်ိဳး ေမြးျမဴရပါလိမ့္မည္။ ဥယ်ာဥ္ၿခံေျမအတြက္ ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံမႈျပဳရပါလိမ့္မည္။ ဘုရား ဖူးခရီးထြက္ရန္ ရည္႐ြယ္ခ်က္မ်ား အဆင္ေျပပါလိမ့္မည္။ အိမ္ေထာင္ဖက္၏ ေဆြမ်ိဳးသား ခ်င္းမ်ားႏွင့္ အဆင္မေျပျဖစ္ရတတ္ပါသည္။ အခ်စ္ေရးတြင္ အေတြ႕ခက္စြာျဖင့္၊ မေမ့ ရက္ၾကာ ရွိေနခဲ့ရပါေသာ ခ်စ္သူႏွင့္ အဆက္အသြယ္ျပန္လည္ရရွိပါလိမ့္မည္။

ယၾတာ ။ ။ ဆြံ႕အေနသူမ်ားအား အာဟာရဒါနျပဳေပးပါ။

အဂၤါ သားသမီးမ်ား

မိမိ၏စိတ္ဆႏၵျဖင့္ စိတ္တိုင္းက်ေဆာင္႐ြက္ေသာကိစၥမ်ားတြင္ ထူးျခားစြာ ေအာင္ျမင္မႈရွိပါလိမ့္မည္။ ေနရာအသစ္၊ နယ္ေျမအသစ္မ်ားသို႔ စြန္႔စားသြား လာလုပ္ကိုင္မႈျပဳရပါလိမ့္မည္။ မိမိအား ပံ့ပိုးကူညီမႈျပဳေပးႏိုင္သူမ်ားလည္း ရွိေနပါလိမ့္ မည္။ စက္မႈဆိုင္ရာလုပ္ငန္း၊ စာအုပ္၊ စာေပ၊ ထုတ္ေဝမႈ၊ ေရးသားမႈကိစၥမ်ားေၾကာင့္ ေငြ ေၾကးအလုံးအရင္းျဖင့္ ဝင္လာပါလိမ့္မည္။ အိမ္ေထာင္ဖက္ႏွင့္အတူ ေရွးေဟာင္းဘုရားေစ တီမ်ားအား ဖူးေျမာ္ခြင့္ရရွိၿပီး အလႉေရစက္ လက္ႏွင့္မကြာ လႉဒါန္းမႈျပဳရပါလိမ့္မည္။ အိမ္ေထာင္ဖက္၏ က်န္းမာေရး အနည္းငယ္ညံ့တတ္ပါသည္။ အခ်စ္ေရးတြင္ ေျမႇာက္ပင့္ ေသြးထိုး၍ အမ်ိဳးမ်ိဳးေသာ ေလာကဓံ၊ ေသြးခြဲမႈမ်ားေၾကာင့္ သေဘာအမွန္ ညီမၽွမႈျဖစ္ေစ ရန္ ခက္ခဲစြာအားထုတ္မႈ ျပဳရပါလိမ့္မည္။

ယၾတာ ။ ။ ေမြးေန႔နံနက္တြင္ အိမ္က ဘုရားမွာ အုန္းယို ကပ္လႉေပးပါ။

ဗုဒၶဟူး သားသမီးမ်ား

စြန္႔စား၍လုပ္ကိုင္ေဆာင္႐ြက္ရေသာ ကိစၥမွန္သမၽွ မျပဳလုပ္သင့္ေသးပါ။ အရာရာတြင္ လုပ္တိုင္းမျဖစ္၍ စိတ္ညစ္ေနရျခင္းမ်ိဳး ခံစားရတတ္ပါသည္။ လုပ္ေဖာ္ကိုင္ဖက္မ်ား၏ နားလည္မႈလြဲမွားေစေသာခံစားခ်က္မ်ားလည္း ရွိေနတတ္ပါ သည္။ ညီအစ္ကိုေမာင္ႏွမမ်ား၏ အားေပးကူညီမႈႏွင့္ ပံ့ပိုးေဆာင္႐ြက္မႈမ်ားျဖင့္ အခက္ အခဲမ်ား ေျပလည္ႏိုင္ပါလိမ့္မည္။ ေ႐ႊ၊ ေငြ၊ လက္ဝတ္ရတနာမ်ား ေပ်ာက္ဆုံးမႈရွိေစတတ္ ပါသျဖင့္ သတိထားသင့္ပါသည္။ အသင္းအဖြဲ႕ႏွင့္စုေပါင္း၍ လုပ္ေဆာင္ရပါေသာ ကိစၥ မ်ားတြင္ နားလည္မႈလြဲမွားေစရတတ္ပါသည္။ အခ်စ္ေရးတြင္ အတူတကြ အတြဲမ်ားေသာ္ လည္း အယူအဆကြဲျပားေသာ စ႐ိုက္မတူသူမ်ားျဖစ္ခဲ့ပါလၽွင္ အဆင္ေျပစြာ ၫွိႏႈိင္းမႈျပဳ ႏိုင္ရန္ ခက္ခဲေနပါလိမ့္မည္။

ယၾတာ ။ ။ အိမ္ကဘုရားတြင္ ငွက္ေပ်ာသီး ကပ္လႉေပးပါ။

ၾကာသပေတး သားသမီးမ်ား

အလုပ္အကိုင္ေနရာထိုင္ခင္းမ်ားႏွင့္ပတ္သက္၍လည္းေကာင္း၊ အိုးအိမ္၊ ေျမရာႏွင့္ပတ္သက္၍လည္းေကာင္း၊ နစ္နာဆုံး႐ႈံးမႈမ်ား ရွိေနပါလိမ့္ မည္။ ေဆြမ်ိဳးမိတ္ေဆြမ်ား၏ အလိုက္မသိ အခြင့္အေရးယူျခင္းမ်ား ႀကဳံရေစတတ္ပါသည္။ အႀကီးဆုံးအစ္ကိုႀကီးႏွင့္ပတ္သက္၍ စကားအေျခအတင္ေျပာဆိုရျခင္းမ်ားျဖစ္ေပၚမည္။ စိတ္ဓာတ္က်ျခင္း၊ အားငယ္ရျခင္းမ်ား ျဖစ္ေပၚခံစားရတတ္ပါသည္။ ဤရက္ပိုင္းအတြင္း ခရီးေဝးသြားရန္မသင့္ပါ။ ႏိုင္ငံျခားတြင္ ေနထိုင္သူမ်ား၊ အခြင့္အေရးေကာင္းမ်ား၊ ဝင္ေငြ ေကာင္းမ်ားရရွိခံစားရပါလိမ့္မည္။ အခ်စ္ေရးတြင္ ေလးစားမႈမရွိေစေသာ လြယ္ရာအသုံး အႏႈန္းေၾကာင့္ အတြယ္အတာဆုံး႐ႈံးေစေသာျဖစ္ရပ္မ်ား ႀကဳံရေစတတ္ပါသည္။ သတိျပဳ ပါ။

ယၾတာ ။ ။ အိမ္ကဘုရားတြင္ ေပါက္ေပါက္ ဆြမ္းကပ္လႉေပးပါ။

ေသာၾကာ သားသမီးမ်ား

ေငြေခ်းယူျခင္း၊ ေငြေပးျခင္း၊ အေႂကြးေတာင္းျခင္းကိစၥမ်ား အဆင္ေျပ ပါလိမ့္မည္။ သားသမီးမ်ား၏ အခက္အခဲမ်ား၊ ျပႆနာမ်ားကို အဆင္ ေျပစြာေျဖရွင္းမႈျပဳေပးႏိုင္ပါလိမ့္မည္။ စီးပြားေရးလုပ္ငန္းအသစ္မ်ား ထူေထာင္ပါက အ က်ိဳးေပးမည့္ကာလျဖစ္ပါသည္။ ညီအစ္ကိုေမာင္ႏွမမ်ား၏ ဝိုင္းဝန္းကူညီမႈျဖင့္ မိမိ၏အ ခက္အခဲမ်ား ေျပလည္မႈျဖစ္ေစရပါလိမ့္မည္။ အိုးအိမ္၊ ယာဥ္ကားကိစၥမ်ားေၾကာင့္ ေငြ ေၾကးကုန္က်မႈ လြန္စြာမ်ားျပားေစတတ္ပါသည္။ မည္မၽွပင္သည္းမခံႏိုင္ေသာကိစၥျဖစ္ ပါေစ အၿပဳံးျဖင့္ သည္းခံခြင့္လႊတ္ေပးပါ။ အခ်စ္ေရးတြင္ ျမင္႐ုံအၾကည့္တစ္ခဏ၌ပင္ ရင္ခုန္မိရပါေသာ ခ်စ္သူႏွင့္ လက္တြဲဆုံစည္းခြင့္ ႀကဳံရပါလိမ့္မည္။

ယၾတာ ။ ။ အမ်ိဳးသမီးမိတ္ေဆြတစ္ဦးအား ပိုက္ဆံအိတ္ လက္ေဆာင္ေပးလိုက္ပါ။

စေန သားသမီးမ်ား

ေရွးေဟာင္းဘုရားေစတီမ်ားအား မထင္မွတ္ပါဘဲ ဖူးေျမာ္ခြင့္ႀကဳံရပါ လိမ့္မည္။ စီးပြားေရးဆိုင္ရာ လုပ္ငန္းအသစ္မ်ား တိုးခ်ဲ႕၍ လုပ္ကိုင္မႈျပဳရ ပါလိမ့္မည္။ သူတစ္ပါး၏ အခက္အခဲတစ္ခုကို ဦးေဆာင္၍ ေျဖရွင္းမႈျပဳေပးရပါလိမ့္မည္။ ေဆးထိုးေဆးေသာက္မွားတတ္ပါသျဖင့္ သတိျပဳဆင္ျခင္ရန္လိုပါသည္။ မိသားစုအတြင္း အႀကီးအကဲတစ္ဦး က်န္းမာေရးမေကာင္းျဖစ္ရတတ္ပါသည္။ တနလၤာ၊ ေသာၾကာသား သမီး၏ ျပႆနာမ်ား မိမိထံသို႔ လာေရာက္ပတ္သက္မႈျဖစ္ရတတ္ပါသည္။ အိပ္ေရးပ်က္ မခံပါႏွင့္။ အခ်စ္ေရးတြင္ ရွိလာစရာ ဘ၀အေပ်ာ္မ်ားအတြက္ သိသာစြာ အစေဖာ္စကား မ်ားျဖင့္ အရွိအတိုင္း အျဖစ္မွန္ျဖင့္ ၫွိႏႈိင္းျဖစ္ရန္ ႀကိဳးစားရပါလိမ့္မည္။

ယၾတာ ။ ။ ကေလးမ်ားအား ေဘာပင္ လက္ေဆာင္ေပးလိုက္ပါ။

ေဒါက္တာလင္းျမတ္သူ (ျပည္ျမန္မာ)

Unicode

တ နင်္ဂနွေ သားသမီးများ

အတိုက်အခံပြဿနာများ ရှိနေပါလိမ့်မည်။ ခိုက်ရန်ဒေါသဖြစ်ပွားရခြင်းများ ကြုံရပါလိမ့်မည်။ အလုပ်ကိစ္စများဆောင်ရွက်ရာတွင် တတ်ကျွမ်းနားလည်သူ များနှင့် သေချာတိုင်ပင်ပြီးမှ ဆောင်ရွက်သင့်ပါသည်။ ပြဿနာရှိခဲ့ပါလျှင် မိမိကိုယ်တိုင် ဖြေရှင်းခြင်းထက် တနင်္လာ၊ သောကြာ၊ ကြာသပတေးသားသမီးများနှင့် ဖြေရှင်းစေခြင်း ဖြင့် အောင်မြင်မှုရရှိပါလိမ့်မည်။ အလှူဒါနနှင့် ကုသိုလ်ကောင်းမှုပြုနိုင်လေ အကျိုးရှိလေ ဖြစ်ပါလိမ့်မည်။ မိမိကြုံတွေ့ရသော အခက်အခဲအမျိုးမျိုးကို အဆင်ပြေစွာ ဖြေရှင်းနိုင်မှု ပြုရပါလိမ့်မည်။ အချစ်ရေးတွင် ကြုံမှန်းမသိကြုံရသော ချစ်သူငယ်ငယ်၏ လွှမ်းမိုးမှု ကြောင့် ကုန်မှန်းမသိကုန်ရသော ကဗျာတစ်ပုဒ် ခံစားခွင့် ရရှိခံစားရပါလိမ့်မည်။

ယတြာ။ ။ ဘုရားရင်ပြင်တွင် တံမြက်စည်းလှည်း၍ ဒါနပြုပေးပါ။

တနင်္လာ သားသမီးများ

ဝင်ငွေအလွန်ကောင်းမွန်ပါသော်လည်း အကျိုးမဲ့ဆုံးရှုံးမှုများ ရှိနေပါလိမ့် မည်။ ရပ်ဝေးမှသတင်းကောင်းများအား အကျိုးရှိစွာ ကြားသိရပါလိမ့်မည်။ အိုးအိမ်၊ ယာဉ်ကားအသစ်များ ဝယ်ယူပိုင်ဆိုင်ခွင့်ရရှိပါလိမ့်မည်။ အိမ်မွေးတိရစ္ဆာန်တစ်မျိုး မွေးမြူရပါလိမ့်မည်။ ဥယျာဉ်ခြံမြေအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုပြုရပါလိမ့်မည်။ ဘုရား ဖူးခရီးထွက်ရန် ရည်ရွယ်ချက်များ အဆင်ပြေပါလိမ့်မည်။ အိမ်ထောင်ဖက်၏ ဆွေမျိုးသား ချင်းများနှင့် အဆင်မပြေဖြစ်ရတတ်ပါသည်။ အချစ်ရေးတွင် အတွေ့ခက်စွာဖြင့်၊ မမေ့ ရက်ကြာ ရှိနေခဲ့ရပါသော ချစ်သူနှင့် အဆက်အသွယ်ပြန်လည်ရရှိပါလိမ့်မည်။

ယတြာ ။ ။ ဆွံ့အနေသူများအား အာဟာရဒါနပြုပေးပါ။

အင်္ဂါ သားသမီးများ

မိမိ၏စိတ်ဆန္ဒဖြင့် စိတ်တိုင်းကျဆောင်ရွက်သောကိစ္စများတွင် ထူးခြားစွာ အောင်မြင်မှုရှိပါလိမ့်မည်။ နေရာအသစ်၊ နယ်မြေအသစ်များသို့ စွန့်စားသွား လာလုပ်ကိုင်မှုပြုရပါလိမ့်မည်။ မိမိအား ပံ့ပိုးကူညီမှုပြုပေးနိုင်သူများလည်း ရှိနေပါလိမ့် မည်။ စက်မှုဆိုင်ရာလုပ်ငန်း၊ စာအုပ်၊ စာပေ၊ ထုတ်ဝေမှု၊ ရေးသားမှုကိစ္စများကြောင့် ငွေ ကြေးအလုံးအရင်းဖြင့် ဝင်လာပါလိမ့်မည်။ အိမ်ထောင်ဖက်နှင့်အတူ ရှေးဟောင်းဘုရားစေ တီများအား ဖူးမြော်ခွင့်ရရှိပြီး အလှူရေစက် လက်နှင့်မကွာ လှူဒါန်းမှုပြုရပါလိမ့်မည်။ အိမ်ထောင်ဖက်၏ ကျန်းမာရေး အနည်းငယ်ညံ့တတ်ပါသည်။ အချစ်ရေးတွင် မြှောက်ပင့် သွေးထိုး၍ အမျိုးမျိုးသော လောကဓံ၊ သွေးခွဲမှုများကြောင့် သဘောအမှန် ညီမျှမှုဖြစ်စေ ရန် ခက်ခဲစွာအားထုတ်မှု ပြုရပါလိမ့်မည်။

ယတြာ ။ ။ မွေးနေ့နံနက်တွင် အိမ်က ဘုရားမှာ အုန်းယို ကပ်လှူပေးပါ။

ဗုဒ္ဓဟူး သားသမီးများ

စွန့်စား၍လုပ်ကိုင်ဆောင်ရွက်ရသော ကိစ္စမှန်သမျှ မပြုလုပ်သင့်သေးပါ။ အရာရာတွင် လုပ်တိုင်းမဖြစ်၍ စိတ်ညစ်နေရခြင်းမျိုး ခံစားရတတ်ပါသည်။ လုပ်ဖော်ကိုင်ဖက်များ၏ နားလည်မှုလွဲမှားစေသောခံစားချက်များလည်း ရှိနေတတ်ပါ သည်။ ညီအစ်ကိုမောင်နှမများ၏ အားပေးကူညီမှုနှင့် ပံ့ပိုးဆောင်ရွက်မှုများဖြင့် အခက် အခဲများ ပြေလည်နိုင်ပါလိမ့်မည်။ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ ပျောက်ဆုံးမှုရှိစေတတ် ပါသဖြင့် သတိထားသင့်ပါသည်။ အသင်းအဖွဲ့နှင့်စုပေါင်း၍ လုပ်ဆောင်ရပါသော ကိစ္စ များတွင် နားလည်မှုလွဲမှားစေရတတ်ပါသည်။ အချစ်ရေးတွင် အတူတကွ အတွဲများသော် လည်း အယူအဆကွဲပြားသော စရိုက်မတူသူများဖြစ်ခဲ့ပါလျှင် အဆင်ပြေစွာ ညှိနှိုင်းမှုပြု နိုင်ရန် ခက်ခဲနေပါလိမ့်မည်။

ယတြာ ။ ။ အိမ်ကဘုရားတွင် ငှက်ပျောသီး ကပ်လှူပေးပါ။

ကြာသပတေး သားသမီးများ

အလုပ်အကိုင်နေရာထိုင်ခင်းများနှင့်ပတ်သက်၍လည်းကောင်း၊ အိုးအိမ်၊ မြေရာနှင့်ပတ်သက်၍လည်းကောင်း၊ နစ်နာဆုံးရှုံးမှုများ ရှိနေပါလိမ့် မည်။ ဆွေမျိုးမိတ်ဆွေများ၏ အလိုက်မသိ အခွင့်အရေးယူခြင်းများ ကြုံရစေတတ်ပါသည်။ အကြီးဆုံးအစ်ကိုကြီးနှင့်ပတ်သက်၍ စကားအခြေအတင်ပြောဆိုရခြင်းများဖြစ်ပေါ်မည်။ စိတ်ဓာတ်ကျခြင်း၊ အားငယ်ရခြင်းများ ဖြစ်ပေါ်ခံစားရတတ်ပါသည်။ ဤရက်ပိုင်းအတွင်း ခရီးဝေးသွားရန်မသင့်ပါ။ နိုင်ငံခြားတွင် နေထိုင်သူများ၊ အခွင့်အရေးကောင်းများ၊ ဝင်ငွေ ကောင်းများရရှိခံစားရပါလိမ့်မည်။ အချစ်ရေးတွင် လေးစားမှုမရှိစေသော လွယ်ရာအသုံး အနှုန်းကြောင့် အတွယ်အတာဆုံးရှုံးစေသောဖြစ်ရပ်များ ကြုံရစေတတ်ပါသည်။ သတိပြု ပါ။

ယတြာ ။ ။ အိမ်ကဘုရားတွင် ပေါက်ပေါက် ဆွမ်းကပ်လှူပေးပါ။

သောကြာ သားသမီးများ

ငွေချေးယူခြင်း၊ ငွေပေးခြင်း၊ အကြွေးတောင်းခြင်းကိစ္စများ အဆင်ပြေ ပါလိမ့်မည်။ သားသမီးများ၏ အခက်အခဲများ၊ ပြဿနာများကို အဆင် ပြေစွာဖြေရှင်းမှုပြုပေးနိုင်ပါလိမ့်မည်။ စီးပွားရေးလုပ်ငန်းအသစ်များ ထူထောင်ပါက အ ကျိုးပေးမည့်ကာလဖြစ်ပါသည်။ ညီအစ်ကိုမောင်နှမများ၏ ဝိုင်းဝန်းကူညီမှုဖြင့် မိမိ၏အ ခက်အခဲများ ပြေလည်မှုဖြစ်စေရပါလိမ့်မည်။ အိုးအိမ်၊ ယာဉ်ကားကိစ္စများကြောင့် ငွေ ကြေးကုန်ကျမှု လွန်စွာများပြားစေတတ်ပါသည်။ မည်မျှပင်သည်းမခံနိုင်သောကိစ္စဖြစ် ပါစေ အပြုံးဖြင့် သည်းခံခွင့်လွှတ်ပေးပါ။ အချစ်ရေးတွင် မြင်ရုံအကြည့်တစ်ခဏ၌ပင် ရင်ခုန်မိရပါသော ချစ်သူနှင့် လက်တွဲဆုံစည်းခွင့် ကြုံရပါလိမ့်မည်။

ယတြာ ။ ။ အမျိုးသမီးမိတ်ဆွေတစ်ဦးအား ပိုက်ဆံအိတ် လက်ဆောင်ပေးလိုက်ပါ။

စနေ သားသမီးများ

ရှေးဟောင်းဘုရားစေတီများအား မထင်မှတ်ပါဘဲ ဖူးမြော်ခွင့်ကြုံရပါ လိမ့်မည်။ စီးပွားရေးဆိုင်ရာ လုပ်ငန်းအသစ်များ တိုးချဲ့၍ လုပ်ကိုင်မှုပြုရ ပါလိမ့်မည်။ သူတစ်ပါး၏ အခက်အခဲတစ်ခုကို ဦးဆောင်၍ ဖြေရှင်းမှုပြုပေးရပါလိမ့်မည်။ ဆေးထိုးဆေးသောက်မှားတတ်ပါသဖြင့် သတိပြုဆင်ခြင်ရန်လိုပါသည်။ မိသားစုအတွင်း အကြီးအကဲတစ်ဦး ကျန်းမာရေးမကောင်းဖြစ်ရတတ်ပါသည်။ တနင်္လာ၊ သောကြာသား သမီး၏ ပြဿနာများ မိမိထံသို့ လာရောက်ပတ်သက်မှုဖြစ်ရတတ်ပါသည်။ အိပ်ရေးပျက် မခံပါနှင့်။ အချစ်ရေးတွင် ရှိလာစရာ ဘဝအပျော်များအတွက် သိသာစွာ အစဖော်စကား များဖြင့် အရှိအတိုင်း အဖြစ်မှန်ဖြင့် ညှိနှိုင်းဖြစ်ရန် ကြိုးစားရပါလိမ့်မည်။

ယတြာ ။ ။ ကလေးများအား ဘောပင် လက်ဆောင်ပေးလိုက်ပါ။

ဒေါက်တာလင်းမြတ်သူ (ပြည်မြန်မာ)