ေညာင္ေ လးပင္ ဇန္နဝါရီ ၁၇ ။

ပဲခူးခရိုင္ ရဲတပ္ဖြဲ႕မွ ဦးေဆာင္၍ ဇန္နဝါရီလ ၁၆ ရက္ နံနက္ပိုင္းက ေညာင္ေလးပင္ၿမိဳ႕အတြင္းရွိ ေလာင္းကစား‌ေနရာမ်ားအား ရဲအင္အား ၁၀၀ ေက်ာ္ျဖင့္ တစ္ၿပိဳင္တည္း ရွာေဖြဖမ္းစီးခဲ့ေၾကာင္း ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းမွသိရသည္။

ထိုကဲ့သို႔ရွာေဖြဖမ္းစီးရာတြင္ ေညာင္ေလးပင္ရဲတပ္ဖြဲ႕အပါ အျခားၿမိဳ႕နယ္မ်ားမွ ရဲတပ္ဖြဲ႕ဝင္မ်ားပါပူးေပါင္း၍ စုစုေပါင္း အင္အား၁၀၀ ေက်ာ္၊ အဖြဲ႕ေပါင္း ၂၀ ေက်ာ္ျဖင့္ ေနရာ ၂၀ ေက်ာ္ကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ဝင္ေရာက္ရွာေဖြျခင္းျဖစ္‌ေၾကာင္း၊ ႏွစ္ေနရာကေန ႏွစ္လုံးထီေလာင္းကစားလုပ္သူ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ဖမ္းဆီးရမိ‌ေၾကာင္း ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေဌးဝင္းက ေျပာသည္။

ေညာင္ေလးပင္ၿမိဳ႕အတြင္း ပဲခူးခရိုင္ရဲတပ္ဖြဲ႕မႉး၏ ေလာင္းကစားအိမ္သို႔ဝင္ေရာက္ရွာေဖြဖမ္းဆီးခြင့္ဝရမ္း တို႔ျဖင့္ အဖြဲ႕ခြဲ ရွာေဖြၾကရာ ေဝါၿမိဳ႕နယ္ရဲတပ္ဖြဲ ႏွင့္ ေညာင္ခါးရွည္နယ္ေျမရဲစခန္းတို႔မွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ပါဝင္ပါဝင္‌ေသာအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ၿမိဳ႕မ(၃)ရက္ကြက္၊ ၿမိဳ႕မေဈးအတြင္းမွ ငါးစိမ္းတန္းလမ္းအတြင္းရွိ ဆိုင္ခန္း၌ သန္းမင္းနိုင္ (ခ) ႂကြက္ကေလး အား လည္း‌ေကာင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ပဲႏြယ္ကုန္းနယ္ေျမရဲစခန္းတို႔မွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းမွ ဒုနယ္ထိန္းေခါင္းေဆာင္ပါဝင္‌ေသာအဖြဲ႕သည္ သင္ေသမ်ားႏွင့္အတူ ၿမိဳ႕မ(၅)ရပ္ကြက္ တိုးခ်ဲ႕(၂)၊ (၇)လမ္းရွိ ေနအိမ္၌ ေဒၚခိုင္ခိုင္စိုး အားလည္းေကာင္း

ႏွစ္လုံးထီဂဏန္းႏွင့္ ေငြတန္ဖိုးေရးသားထားသည့္ ေဘာင္ခ်ာစာရြက္၊ႏွလုံးထီဂဏန္းမ်ားတြက္ခ်က္ထားသည့္စာရြက္၊
ႏွလုံးထီအတိတ္ေပးစကၠဴကဒ္၊ သုံးလက္စကာဗြန္ပိုင္း၊ ေဘာပင္ ႏွင့္ ေငြစကၠဴ စသည္တို႔ ရွာေဖြေတြ႕ရွိရ၍ ၎တို႔အား ၿမိဳ႕မရဲစခန္းမွ (ပ)၁၃/၂၀၂၀ ၊(ပ)၁၄/၂၀၂၀ ေလာင္းကစားဥပေဒပုဒ္မ ၁၈(က) / ၁၉(က)တို႔ ျဖင့္အမႈဖြင့္လွစ္ထားရွိကာ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

ေညာင္ေလးပင္ၿမိဳ႕အတြင္း ႀကိဳတင္သတင္းရရွိထားသည့္ ႏွစ္လုံး၊ သုံးလုံး၊ ေဘာလုံး စသည့္ ေလာင္းကစား‌ေနရာမ်ားအား ရွာေဖြဖမ္းဆီးျခင္းျဖစ္ၿပီး ေညာင္ေလးပင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ား၊ အျခားၿမိဳနယ္မ်ားမွ ရဲတပ္ဖြဲ႕ဝင္မ်ား ႏွင့္အတူ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ား ႏွင့္ ရာအိမ္မႉးမ်ားလည္း ပူးေပါင္းေဆာင္ရြက္ခဲ့ၾကေၾကာင္းသိရသည္။

သက္လြင္ (ေညာင္ေလးပင္)
Credit – Bagoweeklyjournal

Unicode

ညောင်ေ လးပင် ဇန်နဝါရီ ၁၇ ။

ပဲခူးခရိုင် ရဲတပ်ဖွဲ့မှ ဦးဆောင်၍ ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက ညောင်လေးပင်မြို့အတွင်းရှိ လောင်းကစား‌နေရာများအား ရဲအင်အား ၁၀၀ ကျော်ဖြင့် တစ်ပြိုင်တည်း ရှာဖွေဖမ်းစီးခဲ့ကြောင်း ညောင်လေးပင်မြို့မရဲစခန်းမှသိရသည်။

ထိုကဲ့သို့ရှာဖွေဖမ်းစီးရာတွင် ညောင်လေးပင်ရဲတပ်ဖွဲ့အပါ အခြားမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များပါပူးပေါင်း၍ စုစုပေါင်း အင်အား၁၀၀ ကျော်၊ အဖွဲ့ပေါင်း ၂၀ ကျော်ဖြင့် နေရာ ၂၀ ကျော်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်ရှာဖွေခြင်းဖြစ်‌ကြောင်း၊ နှစ်နေရာကနေ နှစ်လုံးထီလောင်းကစားလုပ်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ‌ကြောင်း ညောင်လေးပင်မြို့မရဲစခန်းမှူး ဒုရဲမှူးဌေးဝင်းက ပြောသည်။

ညောင်လေးပင်မြို့အတွင်း ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားအိမ်သို့ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ဝရမ်း တို့ဖြင့် အဖွဲ့ခွဲ ရှာဖွေကြရာ ဝေါမြို့နယ်ရဲတပ်ဖွဲ နှင့် ညောင်ခါးရှည်နယ်မြေရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ညောင်လေးပင်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ပါဝင်ပါဝင်‌သောအဖွဲ့သည် သက်သေများနှင့်အတူ မြို့မ(၃)ရက်ကွက်၊ မြို့မဈေးအတွင်းမှ ငါးစိမ်းတန်းလမ်းအတွင်းရှိ ဆိုင်ခန်း၌ သန်းမင်းနိုင် (ခ) ကြွက်ကလေး အား လည်း‌ကောင်း၊ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ညောင်လေးပင်မြို့မရဲစခန်းမှ ဒုနယ်ထိန်းခေါင်းဆောင်ပါဝင်‌သောအဖွဲ့သည် သင်သေများနှင့်အတူ မြို့မ(၅)ရပ်ကွက် တိုးချဲ့(၂)၊ (၇)လမ်းရှိ နေအိမ်၌ ဒေါ်ခိုင်ခိုင်စိုး အားလည်းကောင်း

နှစ်လုံးထီဂဏန်းနှင့် ငွေတန်ဖိုးရေးသားထားသည့် ဘောင်ချာစာရွက်၊နှလုံးထီဂဏန်းများတွက်ချက်ထားသည့်စာရွက်၊
နှလုံးထီအတိတ်ပေးစက္ကူကဒ်၊ သုံးလက်စကာဗွန်ပိုင်း၊ ဘောပင် နှင့် ငွေစက္ကူ စသည်တို့ ရှာဖွေတွေ့ရှိရ၍ ၎င်းတို့အား မြို့မရဲစခန်းမှ (ပ)၁၃/၂၀၂၀ ၊(ပ)၁၄/၂၀၂၀ လောင်းကစားဥပဒေပုဒ်မ ၁၈(က) / ၁၉(က)တို့ ဖြင့်အမှုဖွင့်လှစ်ထားရှိကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ညောင်လေးပင်မြို့အတွင်း ကြိုတင်သတင်းရရှိထားသည့် နှစ်လုံး၊ သုံးလုံး၊ ဘောလုံး စသည့် လောင်းကစား‌နေရာများအား ရှာဖွေဖမ်းဆီးခြင်းဖြစ်ပြီး ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အခြားမြိုနယ်များမှ ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ရာအိမ်မှူးများလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

သက်လွင် (ညောင်လေးပင်)
Credit – Bagoweeklyjournal