ကံတရား ရဲ့အလှည့်အပြောင်းဆိုတာကတော့ထူးဆန်းအံသြဖွယ် ပြောင်းလဲတတ်တာမျိုးပါ။တခါတလေ အလွန်ဆင်းရဲနေပေမယ့် ရုတ်တရက် လည်းချမ်းသာသွားတတ်ပါတယ်။

ဒီ လိုဖြစ်ရပ်မျိုးတစ်ခု ထိုင်းနိုင်ငံမှာဖြစ်ပျက်သွားခဲ့ပါတယ်။

ဒီဖြစ် ရပ်လေးကတော့ ထိုင်းနိုင်ငံက ပလပ်စတစ်ကောက်ပြီး အသက်မွေးရတဲ့ ထိုင်းအမျိုးသားတစ်ဦးဟာ အမှိုက်ကောက်နေစဉ်အတွင်းမှာပဲ တန်ဖိုးကြီးလှတဲ့ ငါးကြီးအန်ဖတ်ကို ကောက်ရခဲ့တာပါ။

ဒီ ငါးကြီးအန်ဖတ်ဟာ အလေးချိန် ၃၇ ပေါင်ရှိပြီး မြန်မာငွေသိန်းထောင်ဂဏန်းတန်ဖိုးရှိတာကြောင့် သူ့အတွက်လုံးဝကို ဘဝပြောင်းစေခဲ့တာလည်းဖြစ်ပါတယ်။

ကာယကံရှင်အမျိုးသားဟာ ဒီဖြစ်ရပ်ကြောင့် အထူးဝမ်းသာနေခဲ့ပြီး သူ့အနေနဲ့ ဆင်းရဲတွင်းကလွတ်နိုင်ခဲ့တာကြောင့် ကံတရားကိုကျေးဇူးတင်နေခဲ့တယ်လို့သိရပါတယ်။

ပရိသတ်ကြီးလည်း လတ်တလော အခက်အခဲရင်ဆိုင်နေရရင်တောင် အခုအမျိုးသားလို ဘဝပြောင်းသလိုကံတက်လာနိုင်တာတွေရှိနေနိုင်သေးတာကြောင့် အားမလျှော့ကြဖို့ တိုက်တွန်းချင်ပါတယ်နော်။

Writer Magic (Shwe Yaung Lan)